Part - 16

950 42 2
                                    

Uni//

နှစ်ခြမ်းပြဲသွားတဲ့ စာအုပ်ကို ကြည့်ကာ ရှောင်းကျန့်က ရှုံမဲ့စွာဖြင့်

" ပြဲသွားပြီ "

" အင်း မဖတ်ရုံပဲ ရှိတော့တာပေါ့ "

" အော် "

ဝမ်ရိပေါ်စကားသံကြောင့် ရှောင်းကျန့်မှာ ဆွဲရိုက်ချင်စိတ်တွေကို ချိုးနှိမ်ထားရသည် ။

" အဲ့ဒါ မင်းကြောင့်လေ ဘာလို့အားကြီးနဲ့ ပြန်ဆွဲတာလဲ !!? "

ဝမ်ရိပေါ်က သူမလုပ်သလိုအနေအထားနဲ့

" ကျုပ်ဆွဲလို့လား မဆွဲမိပါဘူးနော် အချိန်တောင်မလင့်တော့ဘူး သွားတော့မယ် တာ့တာ "

" ဝမ်ရိပေါ် !!! "

ပြန်တောင်လျော်ပေးမယ်စိတ်ကူးမရှိတဲ့ဝမ်ရိပေါ်က လေချွန်ပြီးတောင် ထွက်သွားသည် ။ နောက်က ကျောပြင်ကြီးကို ကြည့်ကာ တက်လုပ်ချင်စိတ်တွေ တဖွားဖွား ။




" ချီးပဲ "

" မင်းမအိပ်နိုင်သေးဘူးလား "

ညသန်းခေါင်ကြီးအထိ ဘေးနားကနေ ကျိန်ဆဲသံ ကြားလိုက်ရတော့ ရှောင်းကျန့် တိုးတိုးလေး မေးလိုက်မိတယ် ။

" အိပ်မပျော်လို့ဆဲတာ ခင်ဗျားကို ဆဲတာမဟုတ်ဘူး ကော်ဖီလည်း သောက်မထားမိဘဲနဲ့ကွာ "

" ......... "

ရှောင်းကျန့်လည်း ဘာမှမပြောတော့ပဲ သူပြန်အိပ်ဖို့ ကြိုးစားလိုက်တယ် ။ ဒါပေမယ့် လှုပ်လှုပ်ရွရွ‌ဖြစ်နေတဲ့ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့် စိတ်ညစ်လာတယ် ။

" အိပ်မရရင် သိုးလေးတွေ ထရေလေ "

" လုပ်ပြီးပြီ မရဘူး "

ဒီလိုမှန်းသိရင် သူအခန်းထဲမှာ အိပ်ပါတယ် ။ ဝမ်မားတို့ရှိတာမို့ ရှောင်းကျန့်လည်း သူအခန်းဘက်ကို စာသင်ဖို့လောက်ပဲ ခြေဦးလှည့်ရသည် ။ အိပ်တာကတော့ ဝမ်ရိပေါ်အခန်းဆီမှာပဲ ။

ဝမ်ရိပေါ်က ကုတင်ပေါ်က ထသွားတော့ ရှောင်းကျန့်လည်း မျက်စိဖွင့်ကာ ကြည့်နေလိုက်မိတယ် ။ ဝမ်ရိပေါ်က မီးပြန်ဖွင့်လိုက်တော့ ရှောင်းကျန့်မျက်စိစူးသွားတယ် ။

𝖫𝗈𝗏𝗂𝗇𝗀 𝖳𝗁𝖾 𝖬𝖺𝗒𝗈𝗋 𝖶𝖺𝗇𝗀'𝗌Where stories live. Discover now