Part - 3

1.9K 134 4
                                    

Uni//

" ကျုပ်အသက်လေးက ကျုပ်အလိုလိုက်ထားလို့ ဆိုးနေတာပါ အသက်အစား ကျုပ်ကပဲ တောင်းပန်ပါတယ် "

အမြဲတမ်း ရုံးတော်မှာ မျက်နှာထားခက်ထန်ထန်နဲ့ရှိနေတတ်တဲ့လူက လက်ရှိကျ ရှောင်းကျန့်ပုခုံးကိုဖက်ကာ တစ်ခြားလူတွေကို အပြုံးနုနုတွေနဲ့ ပေးနေပြန်တယ်။

ရှောင်းကျန့်ကတော့ လန့်နေပြီ ။ ဒီလိုအပြုံးချိုချိုတွေရဲ့နောက်ကွယ်မှာ ရက်စက်တဲ့ပုံစံတွေ ရှိကြတယ်မလား ။ သွားပါပြီ အပြန်ကျရင် သူခန္ဓာကိုယ်လေး အကောင်းတိုင်းနေရှိ‌ပါတော့မလား ။ အားတဲ့နတ်ဘုရားတွေ ဒီကောင်လေးကို ဆင်းကယ်ကြပါအုံး ။

လူတွေ သူနေရာနဲ့ပြန်ဖြစ်သွားတော့ ဝမ်ရိပေါ်က သူနားအနားကပ်ကာ

" ခင်ဗျား စကားပြောထားတဲ့အတွက် အပြစ်ပေးခံရမယ်မှတ် "

ဝမ်ရိပေါ်က သူပုခုံးကို ပုတ်ကာ စားပွဲပေါ်က ဝိုင်တစ်ခွက်ကို လှမ်းယူတယ် ။

Ayo သူ့စကားပြောမိလို့လား ။ ဒါမ‌ှမဟုတ် စိတ်ထဲက ကျိန်ဆဲနေတဲ့စကားတွေကို ဝမ်ရိပေါ်က ကြားနေရတာလား ။

သူလည်း ပြန်ထိုင်မယ်လုပ်တော့ သူအိတ်ကပ်ထဲကနေ တစ်ခုခုကျသွားသလို့ ခံစားရတော့ ပြန်ငုံကြည့်နေတုန်း တစ်စုံတစ်ယောက်က သူအောက်ကနေ တစ်ခုခုအမြန်ယူကောက်သွားသည် ။ သူတောင် မမြင်လိုက် ။

ကြည့်လိုက်တော့ အစေခံမလေးတစ်ယောက် ။ သူမက အရာရာတစ်ခုကို လူတွေရှေ့ ထောင်ပြသည် ။ ပြီးကျ အော်လည်းအော်ပြောလိုက်သေး ။

" ဒါ စိတ်ကြွဆေးကြီးမလား !!!? "

" ..... !!!??? ..... "

ခုနက လူအုပ်ကြီးကလည်း ရှောင်းကျန့်တို့ ဝိုင်းဘက်ကို ပြန်လှည့်ကြည့်လာကြပြန်သည် ။

ရှောင်းကျန့်ခေါင်းပေါ်လည်း questionတွေ အကုန်တန်းစီကုန်သည် ။ ဘာဖြစ်ပြန်တာလဲ ။ ခုမှ ပြဿနာတစ်ခု ထပ်ဖြေရှင်းပြီးတာကို ။ ဝမ်ရိပေါ်ဘက် လှည့်ကြည့်တော့ အကြည့်ချင်းစုံတာနဲ့ ပြန်စုံသည် ။ နေပါအုံး ဝမ်ရိပေါ်က သူသုံးတယ်လို့တော့ မထင်လောက်ဘူးမလား ။ သူက ဘာလို့သုံးရမှာလဲ ဒီLong coatတောင် ဝမ်ရိပေါ်ကုိယ်တိုင် ဝယ်ပေးတဲ့ဟာကို ။

𝖫𝗈𝗏𝗂𝗇𝗀 𝖳𝗁𝖾 𝖬𝖺𝗒𝗈𝗋 𝖶𝖺𝗇𝗀'𝗌Where stories live. Discover now