Uni ||
" ဝမ် .. ဝမ်ရိပေါ် အယ့်! "
ဝမ်ရိပေါ်က သူကိုမြင်တော့ ခနကြောင်အမ်းသွားဟန် ပြီးကျ သူကို လက်ကဆွဲကာ လူရှင်းတဲ့ဂျောင်တစ်နေရာအနားဆွဲခေါ်လာသည် ။ ဝမ်ရိပေါ်ရဲ့ပုံစံက ခါတိုင်းမြင်နေကျ လူကြီးလူကောင်းပုံစံနဲ့မတူဘဲ လူငယ်ကလေးတစ်ယောက်နဲ့တောင် ဆင်နေသည် ။ ဆံပင်က ခပ်ဖွာဖွာနဲ့ဆိုတော့
" ရှောင်းကျန့် ..... "
ဝမ်ရိပေါ် ဘာမှမပြောရသေးခင်မှာ ရှောင်းကျန့်က မျက်နှာငယ်နဲ့အရင်ဖြတ်ပြောတယ် ။
" ငါ့ဒီမှာ မနေချင်ဘူး ငါ့ကို ဒီကနေ ခေါ်ထုတ်သွားလို့မရဘူးလားဟင် "
" ခင့်ဗျားဘာသာ ဒီကိုလာတာမဟုတ်ဘူးလား ... "
" ရှင်းပြရရင် အရစ်ရှည်နေမှာ ငါ့ကို ဒီကနေပဲ ရအောင်ခေါ်ထုတ်သွားပေးပါနော် "
ဝမ်ရိပေါ်က သူကို စိတ်ပျက်သလို ကြည့်လာတယ် ။
" ခေါ်ထုတ်သွားရအောင် အရမ်းလွယ်နေတာမှမဟုတ်တာ "
" မသိဘူး သူတို့ငါ့ကို ရောင်းစားထားတယ်လို့တော့ ပြောကြတယ် .. "
" ဘာ .. ရောင်းစားတယ် "
" အွန်း ! အွန်း ! "
ခေါင်းနှစ်ချက်ငြိမ့်ပြလိုက်တော့ ဝမ်ရိပေါ်က သူကို စိတ်ညစ်သွားဟန်အကြည့်တွေနဲ့ ကြည့်လာသည်။
" ဒီမှာဘဲ နေတတ်အောင်နေသားကျင့်ကြိုးစားတော့ "
ဝမ်ရိပေါ်ရဲ့စကားကြောင့် ရှောင်းကျန့်ရင်ထဲ ဒိန်းကနဲပဲ ။
" အဲ့လို့မလုပ်ပါနဲ့ ... ငါ့မင်းဆီပြန်လိုက်ခဲ့ပြီး မင်းခိုင်းတာတွေအကုန်လုပ်ပေးမယ်လေ အိမ်ကြမ်းတိုက်တာလား ကျောင်းပြန်တက်ခိုင်းတာလား အကုန်လုပ်ပေးမယ်လေနော် ဒီကနေပဲ ရအောင်ခေါ်ထုတ်ပေးပါလား "
" ခင်ဗျားပဲ ကျုပ်ဆီမှာ မနေဘူးဆို ဒီမှာဘဲနေလေ အကျယ်ကြီးပဲ ခင်ဗျားကြိုက်တာကစားလို့ရတယ် ကောင်မလေးချောချောလေးတွေလည်း ရှိတယ် "
" ဟင်အင်း မပျော်ဘူး ရိပေါ်လို့ ! "
သူနာမည်အရင်းကို အကျယ်ကြီးလှမ်းခေါ်လိုက်တဲ့ရှောင်းကျန့်ပါးစပ်ကို သူလက်နဲ့ အမြန်ပိတ်အုပ်လိုက်ရသည် ။