Part - 25

841 63 6
                                    

Uni

အချိန်တစ်ခုကြာတဲ့အထိ ရိပေါ်နဲ့တွေ့မရတော့တာမို့ သူမလည်း လက်လျော့ပြီး ပြန်ဖို့သာ တွေးလိုက်ရတော့တယ် ။

" မား သမီးပြန်တော့မယ်နော် "

ဝမ်မားက ဘာမှမပြောပဲ သူမကို လျစ်လျူရှူထားတယ် ။

သူမ ဘာမှမပြောတော့ပဲ ပိုက်ဆံအိတ်ကိုင်ကာ အိမ်တော်ထဲက ထွက်လာလိုက်တယ် ။ အရင်က သူမပိုင်ခဲ့တဲ့အိမ်တော်ကြီးဟာဖြင့် ဝမ်ရိပေါ်လက်ထဲရောက်သွားခဲ့ပြီ ။ ဒါမယ့်လည်း ကိုယ်ချစ်ရတဲ့သူပိုင်သွားတာမို့ သူမှ ဘာမှမပြောလိုတော့ ။ နောက်တော့လည်း သူမလက်ထဲ ပြန်ရောက်မှာပဲမလား ။

ပိုင်ဟွား ပြန်သွားတော့မှ ဝမ်းမား စိတ်အေးနိုင်တော့တယ် ။ ဒီကောင်မကလည်း နေ့တိုင်းကိုလာနေတာ မကြိုဆိုလည်း လာတာပဲ ။ အရှက်တရားဆိုတာရော ရှိသေးရဲ့လားမသိဘူး ။ ကာမပိုင်ကြီးရှိနေလျက်နဲ့ သူများလင်ကို ‌စနှိုက်ချင်နေတယ် ။ ဒါမျိုးဆို သူမက ညည်းခံမပေးနိုင်ဘူး ။

အခုတော့ သူမမြေးလေးကြောင့် ဒီကောင်မ‌ကို လျစ်လျူရှူပစ်ထားလိုက်ပါတော့မယ်လေ ။

နောက်ဆုံးတော့ သူမသားအကြီးဆုံးလေးလည်း
အိမ်ထောင်ကျပြီး မိသားစုတစ်ခု‌ တည်ထောင်နိုင်ခဲ့ပြီ ။

သူမ ယောင်္ကျားကိုလည်း ပြောပြဖို့ ဆုံးဖြတ်လိုက်တယ် ။

ဝေဝေကလည်း လူတိုင်းကို ရှင်းပြပြီး အကုန်လုံးလိုက်ပြောပြနေတယ် ။ တစ်အိမ်တော်လုံးက လူတွေကလည်း မယုံတစ်ဝက်ယုံတစ်ဝက်‌ဖြစ်နေကြသည် ။

ကာယကံရှင်ဖြစ်တဲ့ရှောင်းကျန့်ကတော့ အိပ်မက္ ကမ္ဘာထဲ မေ့မျောနေတုန်းဖြစ်သည် ။

______

ရှောင်းကျန့် နှိုးလာတော့ နေ့လယ်တောင် စောင်းနေပြီ။
သူအကြာကြီး အိပ်ပျော်သွားတာလား ။ သူအခုမှ သူကိုယ်သူ အားတွေအပြည့်နဲ့ လန်းဆန်းသွားတယ်လို့ ခံစားလိုက်ရတယ် ။

" ဝှားး "

ဒါနဲ့ ရိပေါ်ရော ။ သူရိပေါ်ကို တွေ့လိုက်တာ အိပ်မက္ယောင်တာတော့ မဟုတ်လောက်ပါဘူးနော် ။

𝖫𝗈𝗏𝗂𝗇𝗀 𝖳𝗁𝖾 𝖬𝖺𝗒𝗈𝗋 𝖶𝖺𝗇𝗀'𝗌Where stories live. Discover now