Uni
ဒီလိုနဲ့ ရှောင်းကျန့်က ခရမ်းချဉ်သီးအမဲှ့လို့ မျက်နှာကြီးနီရဲေနပြီး ကားထဲဝင်ထိုင်တယ် ။
ပြဇာတ်ရုံပိုင်ရှင်က သူနာမည်ကြီးကို ဇာတ်စင်မှာ အော်ဟစ်တော့ ရှောင်းကျန့်မှာ သူမျက်နှာကို ဓားနဲ့သာ မွှန်းထားလိုက်ချင်တယ် ။ တော်သေးတာက ရှောင်းကျန့်ကို သိပ်မသိကြလို့ ။ ချီးကျူးတဲ့လူကလည်း ချီးကျူးကြပါတယ် ။ ပေါတယ်လို့ပြောတဲ့လူရှိတာပဲ ။
ဘာနေနေ သူအရှက်ကွဲတာက ကွဲတာပဲ ။
ကားမောင်းနေတဲ့ဝမ်ရိပေါ်ဘက်ကို လှည့်ကာ
" ဟွန့်! နောက်တစ်ခါဆို အဲ့လို လျှောက်မပေးပါနဲ့ "
" ဟမ် အင်းပါ အဟမ်း! အိပ်ချင်နေပြီလား "
" နေ့လည်က အိပ်ထားသေးတယ်လေ ညကျ အိပ်ပျော်မယ်မထင်ဘူး "
" အော် အင်း အမြဲတမ်းအိပ်နေတာပဲနော် ခင်ဗျားခန္ဓာကိုယ်က တဖြည်းဖြည်း အဆီတွေနဲ့ ဝဖြီးလာအုံးမယ် "
" ဟင် .... "
တကယ်လည်း ရှောင်းကျန့်က အိပ်ရတာဆို အရမ်းသဘောကျတာ ။ အခုတလော အလုပ်သစ်နဲ့ဆိုတော့ ပင်လည်းပင်ပန်းတော့ နေ့ဘက်တွေမှာ အများဆုံးအိပ်ဖြစ်လာတယ် ။ လေ့ကျင့်ခန်းတောင် ပင်ပန်းလွန်းလို့ သိပ်မလုပ်ဖြစ်တော့ ။
သူဒီရောက်မှ စားကောင်းခြင်း စားရသလို အိပ်ကောင်းခြင်းလည်း အိပ်ရတယ် ။ ပါးဆီမှာဆို အမြဲတမ်းမှုန်ကုပ်နေတဲ့ပါးမျက်နှာနဲ့အဘွားမျက်နှာကို ကြည့်ကာ သူမှာ စားကောင်းခြင်းလည်းမစားရသလို အိပ်ကောင်းခြင်းလည်း မအိပ်ရ အမြဲတမ်း ကျောင်းစာမှာပဲ အချိန်ကုန်နေခဲ့ရတာ ။
ဝမ်ရိပေါ်ကို ဆူပုတ်တဲ့မျက်နှာနဲ့ကြည့်လိုက်ပြီး
" မဝပါဘူးကွ! "
" ....... "
ဒီလိုနဲ့ အိမ်တော်ကို ပြန်ရောက်လာတယ် ။ ရှောင်းကျန့်က ညစာ မစားရသေးတာမို့ သူ့ဗိုက်က အချက်ပြလာတယ် ။
ဂွီ~~
ရှောင်းကျန့် " ..... "
ဝမ်ရိပေါ်က ကြားသွားတော့