Part - 17

821 58 4
                                    

Uni//

" ပျော်လား "

ရှောင်းကျန့်ဆီက ဘုကလန့်ထွက်လာတဲ့အသံကို ကုတင်ပေါ်မှာ လှဲနေတဲ့ ဝမ်ရိပေါ် လျစ်လျူရှူလိုက်တယ် ။

" အဲ့ဒါ ငါချောကလက်တွေလေ "

" အဲ့တော့ "

" ဘာလို့ သူများကို ကျွေးလိုက်တာလဲ "

" ....... "

" ပြီးတော့ ငါပန်းရော .... "

" ယောင်္ကျားလေးဖြစ်ပြီး ပန်းကြိုက်နေတယ် "

" ဘာဖြစ်လဲ ..... "

" ကြိုက်ရင် ခြံအောက်က ပန်းတွေသွားခူး "

" နိုးးး "

" ....... "

အခု ရှောင်းကျန့်က ဝမ်ရိပေါ်ကို စိတ်ဆိုးလွန်းလို့
ဝမ်ရိပေါ်အတွက် ယူလာတဲ့ ဂျင်းဆင်းပြုတ်ရည်ကို
တိုက်ဖို့တောင် မေ့နေပြီ ။

ရိရန်ပေးတဲ့ပန်းနဲ့ချောကလက်တွေကို သူများပေးပစ်လိုက်တဲ့ဝမ်ရိပေါ်ကို ဘာနဲ့ကိုင်ပေါက်ချင်မှန်းတောင် မသိတော့ဘူး ။ သူကဖြင့် ချောကလက်အရသာလေးကို မြည်းဝောာင်မကြည့်ရသေးဖူး ။

" ဝမ်ရိပေါ် အယုတ်တမာကောင် ! "

" ဟမ် .... မလိုက်ဖက်တဲ့စကားတွေနဲ့ လာဆဲနေပြန်ပြီ အယုတ်တမာက ဒီလိုလုပ်တဲ့ဟာနဲ့မလိုက်ဖက်ဘူး "

" သောက်ကျင့်ယုတ်တဲ့ကောင် ! "

" အင်း ကျေးဇူးပဲ "

ပြန်ဝယ်ကျွေးမယ်ဖြစ်ဖြစ် ဘာဘာညာညာပြောမလာတဲ့ဝမ်ရိပေါ်ကို ရှောင်းကျန့်အရမ်းစိတ်ဆိုးလာပြီ ။
သူပဲ စိတ်တိုနေရတာ ဒါတရားမမျှတဘူး ။

" အိုက်ယား သနားပါတယ် မြို့တော်ဝန်ကြီး နေမကောင်းဖြစ်နေပြီ အဟစ် "

" ........ "

" အိပ်မပျော်တဲ့ဟာ‌ဆိုလားပဲ .... ပန်ဒါမျက်လုံးလေးနဲ့ နေရတော့မယ် သနားပါတယ်နော် "

သူကို ဘုအကြည့်နဲ့ဝါးစားမတတ်ကြည့်လာတဲ့ဝမ်ရိပေါ်ကို ပြန်ကြည့်ပေးလိုက်တယ် ဘုအကြည့်နဲ့ ။

သူကလည်း မှားတာပါ ဝမ်မားစကားကြောင့် ဝမ်ရိပေါ်အခန်းထဲကိုပဲ အရင်ဝင်မိတာ ။ ဝမ်ရိပေါ်က ရိရန်ပေးလိုက်တဲ့ပစ္စည်းတွေကို မြင်တော့ ခနကြည့်ချင်တယ်တောင်းပြီး သူကို ဂျင်းဆင်းပြုတ်ရည် လုပ်ပေးပါဆိုလို့ အောက်ထပ်ဆင်းပြီး ပြေးလုပ်ပေးနေတုန်း သူပစ္စည်းတွေကို သူ့ခွင့်ပြုချက်မပါပဲ အစေခံမလေးတစ်ယောက်ကို ပေးလိုက်တယ်တဲ့ ။ အံ့ဩလို့ကို မဆုံးဘူး ။

𝖫𝗈𝗏𝗂𝗇𝗀 𝖳𝗁𝖾 𝖬𝖺𝗒𝗈𝗋 𝖶𝖺𝗇𝗀'𝗌Where stories live. Discover now