Part - 8

1.4K 89 3
                                    

Uni||

" ဝမ်ရိပေါ် မင်းရူးနေလား ဘာလို့ကျွန်လုပ်မယ်လို့ပါ သွားပြောရတာလဲ "

သန့်စင်ခန်းဘက်ထွက်သွားတဲ့ဝမ်ရိပေါ်နောက်ကို ဘယ်သူမှမမြင်‌လိုက်ရအောင် ကုတ်ကုတ်နဲ့ ခိုးထွက်လာရတယ် ။

သူကိုမြင်တော့ ဝမ်ရိပေါ်က လှည့်ကြည့်လာတယ် ။

" ဘာလို့လိုက်လာတာလဲ သူများတွေမြင်သွားအောင်လို့ "

" ဘာနေနေ ဒီလောက်ကြီးတော့ မစွန့်စားပါနဲ့လား တော်ကြာ .... "

" ကျုပ်ကို မယုံတာလား "

ရှောင်းကျန့် ခေါင်းခါပြလိုက်တယ် ။

" မဟုတ်ဘူး ယုံတယ် ဒါပေမယ့် မင်းလောင်းကြေးကြီးက များလွန်းသလားလို့ "

" အပိုတွေ လာမပြောဘဲ ပွဲထဲပြန်သွားပြီး ဘယ်သူမှမရိပ်မိအောင် ပုံမှန်အတိုင်း ပြန်သွားနေပါလား ဟမ် "

" အင်းပါ နိုင်အောင်လုပ်ခဲ့နော် .... "

ရှောင်းကျန့်က ဝမ်ရိပေါ်ကို နှုတ်ဆက်ကာ သန့်စင်ခန်းထဲက အရင်ထွက်သွားသည် ။

ရှောင်းကျန့်ထွက်သွားမှ သက်ပြင်းရှည်ချကာ သူရှေ့ကမှန်ထဲက သူမျက်နှာကိုပဲ အတော်တန်ကြာအောင် ကြည့်နေလိုက်တယ် ။ ၁၅မိနစ်ကြာမှ သန့်စင်ခန်းထဲက ထွက်လာလိုက်တယ် ။ ပွဲထဲပြန်ရောက်တော့ လူစိမ်းတစ်ယောက်က ရှောင်းကျန့်နဲ့စကားပြောနေတယ် ။

ခုနကတော့ ဒီ‌ကကြောက်စရာကြီး ဘာညာနဲ့ ဒီယုန်ပိန်းဉကတော့ ။ သူကိုမြင်တော့ တစ်ချက်ပဲကြည့်ကာ မျက်နှာလွဲသွားတယ် ။

ပွဲရုံပိုင်ရှင်အဘွားကြီးက သူ့အနားရောက်လာတယ်။

" Mr.ယဲ့မီ "

" အင်း "

" အလောင်းကစားဆိုတော့ မင်းက ဒီထဲက ဘာကစားနည်းနဲ့ကစားချင်တာလဲ "

" မသိဘူးလေ ခင်ဗျားဆုံးဖြတ်ပေါ့ "

" လူအဆော့များတဲ့Pockerက မင်းအတွက်အရမ်းလွယ်နေမှာ ပြောရရင် ဒီက ကစားနည်းတွေက အရမ်းပျင်းဖို့ကောင်းတာ အသစ်အဆန်းလေးတစ်ခုကစားမလား "

ဝမ်ရိပေါ် မျက်ခုံးပင့်ပြလိုက်တော့ သူမက ပြုံးကာ သူ့မလက်ထဲမှာ ကိုင်ထားတဲ့ဓာတ်ပုံတစ်ခု ထုတ်ပြတယ် ။

𝖫𝗈𝗏𝗂𝗇𝗀 𝖳𝗁𝖾 𝖬𝖺𝗒𝗈𝗋 𝖶𝖺𝗇𝗀'𝗌Where stories live. Discover now