Part - 20

901 47 3
                                    

Uni//

အောက် အီး အီး အွတ် !!

" ပေါင်ပေ့ မင်းတောင် ကြီးလာပြီ "

ငယ်ငယ်က အဝါရောင်ကြက်ပေါက်စလေးက ခုဆို အမောက်တွေနဲ့ကြက်ဖကြီး ဖြစ်နေပြီ ။

ပေါင်ပေ့ကို ပွေ့ချီလိုက်ကာ ခြံအပြင်ဘက် တိတ်တဆိတ်ခိုးထွက်လာခဲ့လိုက်တယ် ။

" ဟိဟိ ငါတို့ မွေးမြူရေးခြံဘက်သွားမယ် အဲ့မှာ မင်းအတွက် ကြက်မလေးတွေ ရှိတယ် "

စာမေးပွဲလည်း ပြီးပြီမို့ သူမွေးမြူ‌ရေးခြံဘက်ကို ခြေဦးခနတာလှည့်ရတော့မည် ။

ခြံဘက်ကို ခနလှည့်ကြည့်ကာ မြို့တော်ထဲ လမ်းလျှောက်လာလိုက်တယ် ။ အဘွားပေးတဲ့လိပ်စာကဒ်လေး ကိုင်ရင်းပေါ့ ။




ဝမ်အိမ်တော်ရဲ့ခြံထဲကို မိန်းမတစ်ယောက်နဲ့ကလေးတစ်ယောက်လက်တွဲဝင်လာတယ် ။

" ဘွားဘွား !! "

" ဟေ ဘွားမြေးလေး !! "

" မား! "

ရွာမှာကျန်ခဲ့တဲ့သူမသမီးက မြေး‌နဲ့ပါ ဒီခြံထဲရောက်လာတာမို့ သူမ အံ့ဩသွားတယ် ။

" ဟဲ့ ဝမ်လီ နင်ဘယ်လိုရောက်လာတာလဲ "

" ဟို ကိုကြီးရိပေါ် ရှိလား "

" မရှိဘူးဟဲ့ အလုပ်ကိစ္စနဲ့ဂျပန်ခနသွားတယ် "

" တော်သေးတာပေါ့ သမီးဒီမှာ ခနနေလို့ရမလား မား "

" ရပါတယ် ဘာဖြစ်လို့လဲ "

" ဘွားဘွား တားတာရုပ်ဆော့ချင်တယ် ဟွင် "

"‌ အေးအေး ဆော့ရမှာပေါ့ကွယ် ဟဲ့ ဘာဖြစ်တာလဲ "

" ဟို ..... "

ပြောပြရမှာကို သူမတွန့်ဆုတ်နေမိတယ် ။ သူမကိုကြီးသာရှိရင် သူမကို နှင်ထုတ်မ‌ှာ သေချာတယ် ။

" သမီးလေ .. အိမ်က ထွက်ပြေးလာတာ "

" ဟေ! ဘာလို့ထွက်ပြေးလာတာတုန်း "

" နောက်မှအကြောင်းစုံရှင်းပြပါမယ် မား သမီးအခုနားချင်တယ် "

" အေးအေး "

မျက်နှာမကောင်းတဲ့သူမသမီးကို ဝမ်မားလည်း ဘာမှမမေးနေတော့ ။ ‌ဘေးနားက အစေခံမလေးကို

𝖫𝗈𝗏𝗂𝗇𝗀 𝖳𝗁𝖾 𝖬𝖺𝗒𝗈𝗋 𝖶𝖺𝗇𝗀'𝗌Where stories live. Discover now