Part - 14

1K 50 4
                                    

Uni||

လမ်းဘေးက ဂျောင်နားလေးမှာ ထိုင်နေတဲ့ရိပေါ်ကို သူလက်ထဲက ရေခဲချောင်းတစ်ချောင်းကို ပေးလိုက်တယ် ။

" ရော့ ... ! "

" ဟားး ... ရေခဲမုန့် ကျုပ်ကို ချောင်းဆိုးရင်ကြပ်ပြီး သေအောင်လုပ်နေတာလား "

" ရေခဲချောင်းက ချောင်းဆိုးလို့လား "

" မသိဘူး .. ခုနကလည်း ချောကလက်မို့ ချောကလပ်ဝယ်ကျွေးပြီးသွားပြီ .. "

" ဘာဖြစ်လို့လဲ ငါ့ကြိုက်တယ်လေ "

" ဘာဖြစ်ရမှာလဲ ကျုပ်မွဲမှာပေါ့... "

" ဟွန့် မမွဲပဲနဲ့ ဒီမြို့နယ်မှာ အချမ်းသာဆုံးက မင်းမဟုတ်ဘူးလား "

" ဟုတ်တာ‌တော့ဟုတ်တယ် ဒါမယ့် သုံးဖြုန်းနေရတာမကြိုက်ဘူး "

" ဟမ့် ငါ့တုန်းကကျ ဘယ်လောက်နဲ့ဝယ်ထားတာလဲပြောပြ "

" သိပ်မများပါဘူး နိုင်ငံခြားငွေနဲ့ဆိုတော့ တစ်သောင်းလောက်ပေါ့ "

" ဘာ မင်းပြောတာက ငါ့က တစ်သောင်းလောက်ပဲတန်တယ်လို့ပြောချင်တာလား "

" အင်း "

ဒီဝမ်ရိပေါ်စုတ်ကတော့ ။

" မစားဘူးလား "

" စားမှာ ပေး ပေး "

ဒီလောက်အေးနေတာကို အအေးစာတွေ စားနေတဲ့ရှောင်းကျန့်က နေမကောင်းဖြစ်မှာကို မကြောက်တာလားမသိ ။

" ရိပေါ် ငါ့တို့လည်း ပွဲထဲ လျှောက်ကြည့်မယ်လေ "

" ခင်ဗျားကြည့်ချင်သွားကြည့်လေ ကျုပ်ကတော့ ဒီနားမှာပဲ ထိုင်စောင့်နေပေးမယ် "

" ဒီဖေ ဒီတောသားကတော့ "

" ဘာပြောတာ "

" အဟမ်း မင်းကလည်း စိတ်လန်းသွားအောင်လို့ လျှောက်ပတ်ကြည့်မယ်လို့ "

" မကြည့်ချင်ဘူး "

" ကြည့်မယ်လို့ ! "

" ခင်ဗျားသွားကြည့်လေ "

" ငါ့က မင်းနဲ့အတူတူကြည့်ချင်တာ "

" အခု ခင်ဗျားက ဂျီကျနေတာလား ကလေးကုလားနဲ့ "

𝖫𝗈𝗏𝗂𝗇𝗀 𝖳𝗁𝖾 𝖬𝖺𝗒𝗈𝗋 𝖶𝖺𝗇𝗀'𝗌Where stories live. Discover now