Part - 28

1.1K 70 10
                                    

Uni

အိပ်‌ေပျာ်‌ေနတဲ့ရှောင်းကျန့်ကို အခန်းထဲအထိ ပွေ့ချီလာရသည် ။

ဗိုက်ထဲမှာက ကလေးလေးနဲ့ဆိုတော့ အသာအယာလေး ကုတင်ပေါ် ပစ်ချရသည်။

ဖိနပ်‌ကိုလည်း သူကိုယ်တိုင်ပဲ ချွတ်ပေးလိုက်တယ် ။ နီနေတဲ့ခြေထောက်ကိုလည်း သူကိုယ်တိုင်ပဲ ရေနွေးနဲ့ ဆေးကြောပေးလိုက်တယ် ။ အင်္ကျီလည်း သူပဲလဲပေးရသေးသည် ။

" မောလိုက်တာ ခင်ဗျားနှယ့်! "

ဒီအလုပ်တွေကို သူတစ်ခါမှမလုပ်ဖူး ။ အခု ရှောင်းကျန့်နဲ့ကျမှ လုပ်နေရပြီ ။

စောင်ခြုံပေးမယ်အလုပ် ညဝတ် အင်္ကျီအောက်က ဗိုက်ပူပူလေးကိုမြင်တော့ ဝမ်ရိပေါ် အူရောအသဲရောယားသွားတယ် ။ လက်ကလည်း အငြိမ်မနေပဲ အဲ့ဗိုက်လေးကို သွားပွတ်နေမိတယ် ။

သူစိတ်ဝင်စားတာက ဒီကလေးလေးမွေးလာရင် သူနဲ့တူမှာလား ရှောင်းကျန့်နဲ့တူမှာလား ဒါမယ့် ဘယ်သူနဲ့တူတူ သူက အပြည့်အဝချစ်ပေးမှာပင် ။ ဝဝကစ်ကစ်လေးဆို သူက ပိုကြိုက်တယ် ။ သူဖခင်နေရာကို ရောက်လာလိမ့်မယ်လို့ တစ်ခါမှမတွေးခဲ့ဖူးဘူး ။ ရောက်‌လာတော့လည်း ကြည်နူးမှု ပျော်ရွင်မှုတွေက တသိမ့်သိမ့်နဲ့ပင် ။

" ချစ်စရာ ကလေးလေးရယ် ဒယ်ဒီဆီကို မြန်မြန်ရောက်လာပါတော့ ... ဒယ်ဒီ မင်းကို မြင်ချင်နေပြ‌ီကွာ "

အသက်26ကျော်မှ ကလေးအဖေနေရာရောက်တယ်ဆိုတော့ သိပ်မနောက်ကျသေးပါဘူး ။ သူကိုယ်သူ ဒယ်ဒီလို့သုံးနှုန်းရတာကိုလည်း ကြိုက်တယ် ။ ရှောင်းကျန့်ကိုတော့ ပါးပါးလို့ သုံးနှုန်းခိုင်းမယ် ။

ရှောင်းကျန့်ဆီက ငြီးသံထွက်လာတော့ နှိုးသွားမှာစိုး၍ စောင်အမြန်ခြုံပေးလိုက်တယ် ။

" ကျွတ် ကျွတ် "

ရှောင်းကျန့်က ဘေးတစ်စောင်းအိပ်သွားတော့ သူမျက်မှောင်ကျုတ်ကာ ပြန်လှန်ပေးလိုက်တယ်။
ကလေးအနေရခက်အောင်လုပ်နေတယ် ဒီရှောင်းကျန့်ကတော့! ။

ပြန်လှန်သွားမှ အလုပ်စားပွဲရှိရာကို လျှောက် သွားလိုက်ပြီး မပြီးပြတ်သေးတဲ့အလုပ်တွေ သွားလုပ်နေလိုက်တော့တယ် ။

𝖫𝗈𝗏𝗂𝗇𝗀 𝖳𝗁𝖾 𝖬𝖺𝗒𝗈𝗋 𝖶𝖺𝗇𝗀'𝗌Where stories live. Discover now