Part - 4

1.7K 106 1
                                    

Uni//

( Warning ပါပါတယ် ပလက်စ်တော့ မဟုတ်ဘူး စကားအသုံးအနှုန်းတွေ 🌚🌝 )

______

ရှောင်းအိမ်တော်မှာတော့ မွေးနေ့ရှင်မလေးရဲ့ကောင်းမှုကြောင့် တစ်အိမ်လုံး ရှုတ်ပွနေလေရဲ့ ။

" အားး ..!!! အဲ့တာ အဘွားတို့ကြောင့် !! "

" သမီးရယ် စိတ်ထိန်းပါ "

" ဘယ်လိုစိတ်ထိန်းရမှာလဲ အဘွားကြောင့် ရှောင်းကျန့်က ကောင်းစားသွားပြီ ! သူက သမီးထပ် အများကြီး သာလွန်သွားပြီ ! "

" အဲ့...အဲ့တာကကွယ် .... အဘွားလည်း ထင်မထားဘူးလေ အဘွားထင်တာက မြို့တော်ဝန်လည်း ရှောင်းကျန့်ကို သဘောမကျဘူးထင်လို့ ဒီအတိုင်း ပို့လိုက်တာပါကွယ် "

" အခု အဘွားကြောင့် သူက မြို့တော်ဝန်က‌တော်နေရာ ရသွားပြီ ! အဲ့ဒါသမီးနေရာဖြစ်ရမယ့်ဟာကို ! "

စစ်ဒုဗိုလ်ချုပ်ကြီးကလည်း ဧည့်သည်တွေ ထွက်နှုတ်ဆက်နေရတာမို့ အထဲက အဘွားသားအမိနှစ်ယောက်အကြံကို မသိနိုင်မကြားနိုင်ကြ ။

" စိတ်အေးအေးထားပါ သမီးရယ် အဘွားတို့ ထပ်ကြံလို့ရပါသေးတယ် ခုနက လူတွေဆီက အဘွားကြားတာကတော့ မြို့တော်ဝန်က ရှောင်းကျန့်ကို အဲ့နေရာ လျာထားတုန်း ရှိသေးတာတဲ့ စိတ်လျော့လိုက်အုံးနော် "

" ရှောင်းကျန့်ကို စိတ်တိုလို့ သေတော့မယ် အားးး ! "

ရှောင်းကျန့်ရဲ့အရာရာတိုင်းကို လုယူလာခဲ့သမျှ ဒီအရာကျမှ ပိုမရှုံးနိမ့်ချင် ။ ကျောင်းမှာကတည်းက ရှောင်းကျန့်ကို မိန်းကလေးတွေအပြင် ယောင်္ကျားလေးတွေကပါ သဘောကျကြ၍ ချဉ်းကပ်ချင်လျက်ရှိကြသည် ။ အဲ့ကတည်းက သူမ မနာလိုစိတ်တွေ ထွက်ပေါ်လာခဲ့တာ ။ အရာရာပြည့်စုံနေတဲ့သူမကိုကျ လူထုက လျစ်လျူရှူထားပြီး ဘာမှမရှိတဲ့ရှောင်းကျန့်ကိုပဲ ကပ်ဖားကြသည် ကပ်သနားကြသည် ။ ဒီအရာတွေကို သူမဘယ်လောက်ပြောင်းပြန်လှန်ခဲ့ရလဲ ။ ထိ့ရှောင်းကျန့်ကို ရှုံးနိမ့်စေချင်သည် ။ အထီးကျန်စေချင်သည် ။ ရှောင်းကျန့်ကို ရှုံးနိမ့်ခံရတဲ့အရသာ ခံစားစေချင်သည် ။ အခုလည်း တူတူပဲ ။ ရတယ်လေ ရှောင်းကျန့်က သူဘာသာ ထင်းအလုပ်ခံပြီး မီးပုံထဲ တိုးဝင်ချင်မှတော့ သူမက မီးရှို့ပြီး ပြာအဖြစ် သွင်းပေးရုံပေါ့ ။ ရှောင်းကျန့်ရေ ဒီတစ်ခေါက်လည်း နင်ငါ့လက်က မလွှတ်ပါဘူး ။

𝖫𝗈𝗏𝗂𝗇𝗀 𝖳𝗁𝖾 𝖬𝖺𝗒𝗈𝗋 𝖶𝖺𝗇𝗀'𝗌Where stories live. Discover now