Part - 2

2.4K 159 7
                                    

Uni//

ဝမ်ရိပေါ်ပြောတဲ့ ဗီရိုအနားသွားကာ ဗီရိုတံခါးဖွင့်လိုက်တော့ ဝတ်စုံတွေကအများအပြား ။

" မွေးနေ့ပွဲ "

" ဘာဝတ်ရမှာလဲ "

အဆင်ပြေတဲ့ဟာတွေ လိုက်တိုင်းဝတ်ကြည့်ပေမယ့် သူစိတ်တိုင်းမကျ ။

နောက်ဆုံး တော်မယ်ထင်ရတဲ့အင်္ကျီတစ်စုံကို ကောက်ယူဝတ်လိုက်တယ် ။ ဝတ်နေရင်းနဲ့မှ သူကိုယ်နံ့က ချွေးနံတွေက အတော်နံ့တာမို့ မျက်န‌ှာမဲ့သွားရတယ် ။

" ရေမွှေးလေး ဘာလေးမရှိဘူးလား "

ရေချိုးရအောင်လည်း အချိန်က မမှီ‌ ။ မျက်နှာကို ဆူပုတ်ထားလိုက်ကာ အပြင်ထွက်လိုက်တယ် ။ အပြင်ဘက္မှန်နံရံတွေနဲ့လမ်းတစ်လျှောက်လုံးကို ကြည့်ကာ တိုက်နဲ့ခြံကြီးက တော်တော်လေးကျယ်ဝန်းမှန်း ရှောင်းကျန့်လည်း သတိထားမိလိုက်တယ် ။

လျှောက်လာရင်းနဲ့ လမ်းတွေလည်း အကုန်မှတ်ထားရသည် ။ လျှောက်ရင်းလျှောက်ရင်းနဲ့ လှေကား‌တွေ့တော့ အမြန်ဆင်းသွားလိုက်သည် ။ ဧည့်ခန်းလို့နေရာမှာတော့ ဝမ်ရိပေါ်က ခုနက ယူသွားတဲ့လက်ဖက်ရည်ခွက်နဲ့ ထိုင်သောက်ကာ သူကို စောင့်နေပုံ ။ သူလည်း မျက်နှာကို ရှုံမဲ့ထားလိုက်ကာ

" ရပြီ "

" နေအုံး အာ ... အဝတ်အစားကြီးက ... "

သူအဝတ်အစားကို ကြည့်ကာ မျက်မှောင်ကြီးတွန့်ပြီး ဝမ်ရိပေါ်က ဆိုလာတယ် ။

" ဘာလဲ မိုက်လို့လား "

" မမိုက်ဘူး တောသားကျနေတာပဲ ပြန်လဲ "

" နိုး ! မလဲဘူး "

ငြင်းလိုက်တော့ ဝမ်ရိပေါ်က မကြည့်သလို ကြည့်လာ၏ ။ ပြီးကျ ဆက်ပြောလာသည် ။

" ခင်ဗျားက ကျောင်းမပြီးသေးဘူးဆို ... "

" ဟုတ်တယ် ငါ့က အထက်တန်းနောက်ဆုံးနှစ်ကျန်သေးတယ် "

" ၉/၁၀နှစ်လုံးလုံး အိမ်ထဲမှာဘဲ အချိန်ကုန်နေခဲ့တာပေါ့ "

" အေး "

" ....... "

ဝမ်ရိပေါ်က သူကို ‌စားပွဲ‌ေပါ် မေးထောက်ကာ မျက်စိမှေးကြည့်လာတယ် ။ ဒီအကြည့်က ဘာကြ‌‌ီးတုန်း ။

𝖫𝗈𝗏𝗂𝗇𝗀 𝖳𝗁𝖾 𝖬𝖺𝗒𝗈𝗋 𝖶𝖺𝗇𝗀'𝗌Where stories live. Discover now