Part - 21

788 48 4
                                    

Uni

သူကို ရုတ်တရက်လာဖက်တဲ့ရှောင်းကျန့်ကြောင့် ဝမ်ရိပေါ် နည်းနည်းလန့်မိသွားဝာာအမှန် ။

" ဝမ်ရိပေါ်! ငါအိပ်မက္ဆိုးကြီး မက္တယ် ! "

" ..... "

" အဲ့အိပ်မက္ထဲမှာ မင်းက ဗိုက်ကြီးပြီး ငါက မိန်းမတစ်ယောက်နဲ့အတူထွက်သွားတယ်တဲ့ မင်းက ကျန်နေခဲ့ရတယ် သနားပါတယ် "

ဝမ်ရိပေါ် " ...... "

" ဒါပေမယ့် ဒါက အိပ်မက္ပါ စိတ်မပူနဲ့လက်တွေ့မှာတော့ ငါ့မင်းကို ထားမသွားဘူး "

" ပြောလို့ ပြီးပြီလား "

" ကျန်သေးတယ် .... မင်းက ကလေးတစ်ယောက်နဲ့အတူကျန်နေခဲ့တာ ... ငါလေ မင်းကို အရမ်းသနားတာပဲ "

" အဟမ်း! ခင်ဗျားကျုပ်ပေါ်တက်ထိုင်ထားတယ် "

" အယ့်! သွေ့ပုချိ! "

ဝမ်ရိပေါ်အပေါ် သူက တက်ခွထားသလိုဖြစ်နေတာမို့ အမြန်ဖယ်ပေးလိုက်တယ် ။

" ဟဲဟဲ "

" နိုးလာပြီဆိုရင်လည်း ရေချိုးအဝတ်စားလဲအသင့်ပြင်ထားတော့ "

" အွန်း! ဟီးး ဆောဒီးနော် "

" ...... "

" အမြန်လုပ် ခင်ဗျားပြီးရင် ကျုပ်အလှည့် "

ရှောင်းကျန့်လည်း သဘတ်တစ်ထည်အမြန်ယူကာ ရေချိုးခန်းထဲ အမြန်ဝင်လိုက်တယ် ။ ဒါတောင် ရေချိုးခန်းထဲမဝင်ခင် ငါးမိနစ်ပဲစောင့် ဆိုပြီး အော်သွားသေး ။

ရှောင်းကျန့်ကို ကြည့်ကာ ခေါင်းခါလိုက်တယ် ။
အသက်ကြီးပြီး ကလေးလို့ပြုမူနေတဲ့ရှောင်းကျန့်က ခုချိန်ထိ မရင့်ကျက်သေး ။

ဒေါက်*3

" သခင်ကြီး ဝေဝေပါ ပြောစရာ‌လေးရှိလို့ "

" ဝင်ခဲ့! "

ဝေဝေက တံခါးဖွင့်ဝင်လာတယ် ။

" အယ့် သခင်လေးရော ... "

" သူရေချိုးနေတယ် ဘာဖြစ်လို့လဲ ... "

" ဟို .... သခင်လေးဆီကို စာတွေအများကြီးရောက်နေတယ် .... ဝေဝေ စပ်စုပြီး ဖောက်ကြည့်တာလေ ဟို .... "

𝖫𝗈𝗏𝗂𝗇𝗀 𝖳𝗁𝖾 𝖬𝖺𝗒𝗈𝗋 𝖶𝖺𝗇𝗀'𝗌Where stories live. Discover now