Uni||
မနက်ငါးနာရီလောက္မှာ သူကို တစ်ယောက်ယောက်က နိုးနေသည်လို့ ခံစားချက်ရတာကြောင့် ရှောင်းကျန့်လည်း နိုးလာသည် ။
" ထအုံး "
ကြည့်လိုက်တော့ ဝမ်ရိပေါ် ။
" ဟင် ဘာလဲ ... "
ဒီနေ့က ကျိုးဟောက်ယွီ ကျောင်းနားပေးထားတာကို ။
ဘာမှလည်းလုပ်စရာမရှိပဲနဲ့ လာနှိုးနေတဲ့ဝမ်ရိပေါ်က ဘာလား ။" ကျုပ် ဒီနေ့ မြို့ရဲ့အလုပ်ကုန်ရဲ့နေရာတွေကို သွားစစ်ဆေးရမှာ... အဲ့ဒါ ... "
" ငါ့နဲ့ဘာဆိုင်လဲ "
" အဟမ်း! အဖော်လိုက်ချင်မလားလို့လေ "
" ပျင်းစရာကြီး မလိုက်ချင်ပါဘူး "
" ...... "
" ဝှားး ပြန်အိပ်တော့မယ် သွား သွား သူ့များအိပ်နေတာကို လာနှောင့်ယှက်နေတယ် "
ပြောရင်းနဲ့ခေါင်းမြှီးခြုံကာ ရှောင်းကျန့်က ပြန်အိပ်သွားတယ် ။
" ကြုံတုန်းလေး ခင်ဗျားကို ပြဇာတ်ဆိုတဲ့နေရာပို့ပေးမလို့ "
" ဘာ ..!! တကယ်လား ! "
အဲ့ကျမှ ပျာပျာသလဲလဲထလာသည် ။
" တကယ်လားလို့ ... "
" နေရစ်ခဲ့ပါတော့ မလိုက်ဘူးဆို "
" ဟင်အင်း လိုက္မှာ "
" ....... "
" ရိပေါ် လိုက္မှာလို့ !!! "
" ....... "
" ရိပေါ် ဟီးဟီး နော် ! "
" အင်း ... "
" ဘယ်အချိန်သွားမှာလဲ ... "
" 11နာရီလောက္မှပါ .... "
" ....... "
အဝေးကြီးလိုသေးတာကို အစောကြီးလာနှိုးနေတယ် ။
" အဟမ်း! တစ်မျိုးမထင်နဲ့ ကျုပ်က မေ့တတ်တော့ သတိရတုန်းလေး လာကြိုပြောထားတာ "
" ဟုတ်လား အင်းပါ "
" လိုက္မှာသေချာလား? "
ဘာနေနေ အပြင်ထွက်ရမှာဘဲလေ ။ ပြီးကျ ဝမ်ရိပေါ်လည်း ပါတာပဲကို ။ ရှည်ရှည်ဝေးဝေးစဉ်စားမနေတော့ပဲ ခေါင်းငြိမ့်ပြလိုက်တယ် ။