"အဖေစားနော်....
ဒီချဥ်ပေါင်ရွက်ကသားသင်ပေးထားတာ.
အမေစားပါ ဒီဟင်းထဲက ကြက်သွန်တွေက သားအခွံခွားပေးထားတာ...."ဆိုပြီး သူများချက်တဲ့ဟင်းနဲ့
မျက်နှာကောင်းယူနေတဲ့မောင့်ကိုကြည့်ပြီး
ပြုံးစိစိနဲ့ထမင်းစားနေမိတယ် ...
မောင်မျက်နှာပြောင်ပြီး
စနောက်နေတော့ အဖေလည်း
ဒေါသပြေလာတယ် ...."အဖေ....ဒီအသားလေးစားကြည့်
ကောင်းတယ်မှတ်လား....
ကိုနိုင်းတို့ဆိုင်မှာစားတုန်းက
ပိုစားကောင်းတယ်
နောက်နေ့ကျ အဖေနဲ့ အမေကို
သားလိုက်ကျွေးမယ်....
ကိုနိုင်းက ဟိုတယ်တွေလည်းဖွင့်ထားတယ်
စားသောက်ဆိုင်တွေလည်းရှိတယ်
ကိုနိုင်းကလေ သားတို့ကို
အရမ်းဂရုစိုက်တာ ....
ကိုနိုင်းကလေ.......
........
....."နဲ့ ဇွတ်တွေချီးမွမ်းခန်းဖွင့်နေတာနဲ့
ကြာတော့အဖေ နားငြီးလာပြီး ..."ဟေ့ကောင်.....
မင်းယောက်ဖကိုချီးမွန်းခန်းဖွင့်တာ
တော်တော့ ...နားငြီးတယ် "ဆိုမှငြိမ်သွားပြီး
"အဖေကလည်း
ယောက်ဖမဟုတ်ပါဘူး ...
သားနဲ့ ဝမ်းလေးရဲ့
ယောကျာ်းဖြစ်မှာကို..."ဆိုပြီး ပွစိပွစိပြောနေလို့ ဘေးကနေ
ဆိတ်ဆွဲပေးလိုက်မှ ငြိမ်သွားတယ် ...
အဖေက"တော်တော်ကိုပဲ
ကိုယ့်ချစ်သူ၁ယောက်လုံးကိုပါ
ပေးတဲ့အပြင်
မင်းကပါ ယူချင်နေတာ ...
မင်း ...ငါသမီးကို တကယ်ချစ်တာကော
ဟုတ်လား .....""အာ...အဖေကလည်း
ချစ်တာမှတုန်နေတာပဲ .....
၃နှစ်ရှိပြီ သားတို့ ဘယ်မှာ
ရန်ဖြစ်လည်း
ဝမ်းလေးတယောက်တည်းပဲ
တခြာမိန်းကလေးတွေနဲ့
ဘယ်မှာပတ်သတ်တာရှိလို့လည်း
အဖေတို့အမြင်ပဲကို
သားက သားအိမ်မှာထက်
ဒီဘက်ယောက္ခအိမ်မှာ
အနေများတာကို
ဝမ်းလေးကိုလည်းချစ်တယ်
အဖေနဲ့အမေကိုလည်းချစ်တယ်လေ
သားက အမေတို့ရဲ့ သားလေးပဲကို ....""အေးပါကွာ....
တသားသားနဲ့ နားကြားပြင်းကပ်နေပြီ
ပုံမှန်ပြောစမ်း....
ငါ့မှာသမီးလေး ၁ယောက်တည်းရှိတာ
အခုတော့ မင်းတို့နဲ့
ငါ့သမီးက သူများကဲ့ရဲ့စရာဖြစ်မှာကို
ငါက လက်ခံစရာလား
မင်းပြောကြည့်လေ.."
YOU ARE READING
ကိုယ်တို့၂ယောက်နဲ့ သူမ (Completed)
Short Storyအချစ်ဆိုတာ ၁ယောက်တည်းကိုပဲ ချစ်ရမယ်လို သတ်မှတ်ထားတာလား .... ၂ယောက်ကိုချစ်လို့မရဘူးလား.... ၂ယောက်လုံးကိုလည်းချစ်တယ် ၂ယောက်လုံးကလည်းချစ်တယ် ဘယ်သူမှဒုတိယလူမဖြစ်ချင်ဘူး ..... အခ်စ္ဆိုတာ ၁ေယာက္တည္းကိုပဲ ခ်စ္ရမယ္လို သတ္မွတ္ထားတာလား .... ၂ေယာက္ကိုခ်စ္လို...