ကျွန်တော်နဲ့ဝမ်းလေးနဲ့ချစ်သူသက်တမ်း ၃နှစ်လောက်ရှိပြီ ကျောင်းစတက်ကတည်း
သူမကိုမြင်မြင်ချင်ချစ်ခဲ့တာ သူမကအရမ်းလှတယ် ဆံပင်ရှည်ရှည်လေး ကိုယ်လုံးကိုယ်ပေါက်လှလှလေးနဲ့ ယောကျာ်းလေးတွေရဲ့
စိတ်ကူးယဉ်ချစ်သူပုံစံပေါ့ သူမကိုအမြဲငေးကြည့်နေခဲ့ရတာ သူမလိုအပ်တာတွေ တိတ်တဆိတ်လိုက်ဖြည့်စဉ်းပေးရင်နဲ့ ကြိတ်ငေးလာခဲ့တာ
သူငယ်ချင်းတွေမြှောက်ပေးလို့ မရဲတရဲ ဖွင့်ပြောကြည့်ခဲ့တယ် နောက်တော့ သူမလေးကအဖြေပြန်ပေးခဲ့ပြီးကျွန်တော်တို့ချစ်သူဖြစ်ခဲ့ကျတယ်
တကယ်တော့ သူမလေးကလည်း ကျွန်တော့ကိုသဘောကျနေခဲ့တာ .....
နှစ်ဦး၂ဖက်ချစ်ခြင်းနဲ့ မိဘတွေကလည်း
သဘောတူတယ် ကျွန်တော်တို့ရဲ့ ဘဝလမ်းက သာယာခဲ့တယ်
ကျောင်းပြီး အလုပ်တွေလုပ် နေစရာအခြေကျရင် လက်ထပ်ဖို့ရည်ရွယ်ထားခဲ့တယ် ....
ကျောင်းပြီးတော့ ကျွန်တော်က ကုပ္မဏီတခုမှအလုပ်ဝင်ခဲ့တယ် သူမကတော့ ကလေးတွေကို
စာလိုက်သင်တဲ့ဂိုက်ဆရာမပေါ့....
ကျွန်တော်အလုပ်ဆင်းရင် သူမလေး စာပြတဲ့ဆီကိုသွားကြိုပြီး အတူအိမ်ပြန်ကျတယ် ...
သူမစာသွားသင်တဲ့အိမ်က ကလေးမလေးမှာ
ဦးလေး၁ယောက်ရှိတယ် အဲ့အစ်ကိုက တော်တော်ချောတာအရမ်းရှည်ရှည် ဘော်ဒီတောင့်တောင်ရုပ်ချောချောဆိုတော့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ပုံစံပဲ သူက ကျွန်တော်တို့ကိုအမြဲလိုက်ကြည့်နေတော့ သူမလေးကိုစိတ်မချဘူး အူတိုတယ်ပေါ့ဗျာ ကျွန်တော့်ကောင်မလေးကအရမ်းချောတော့စိတ်မချဘူး
အဲ့တာကြောင် အလုပ်ဆင်းတာနဲ့မနားနိုင်ဘူး
အမြဲသွားကြိုရတယ် စိတ်ချလို့
သူမလေးပါသွားမှာစိတ်ပူပါတယ်ဆို
အဲ့တာကို သူမလေးက မလာနဲ့တဲ့လေ...
လိုက်လိုက်ကြည့်နေတဲ့အဲ့လူကြီးကိုပဲ
စိတ်တိုတယ်
စစ်မင်း(six)
YOU ARE READING
ကိုယ်တို့၂ယောက်နဲ့ သူမ (Completed)
Kısa Hikayeအချစ်ဆိုတာ ၁ယောက်တည်းကိုပဲ ချစ်ရမယ်လို သတ်မှတ်ထားတာလား .... ၂ယောက်ကိုချစ်လို့မရဘူးလား.... ၂ယောက်လုံးကိုလည်းချစ်တယ် ၂ယောက်လုံးကလည်းချစ်တယ် ဘယ်သူမှဒုတိယလူမဖြစ်ချင်ဘူး ..... အခ်စ္ဆိုတာ ၁ေယာက္တည္းကိုပဲ ခ်စ္ရမယ္လို သတ္မွတ္ထားတာလား .... ၂ေယာက္ကိုခ်စ္လို...