part 32

2.9K 25 0
                                    

       လေ့ကျင့်ခန်းလုပ်တာ
မနက်လင်းမှပြီးတယ် .....
ပင်ပန်းသွားတာနဲ့ အနားယူပြီး
မနက်စာထွက်စားကာ
အနားပတ်ဝန်းကျင်က
လက်ဆောင်ဆိုင်လေးတွေပတ်ကြည့်
လိုချင်တာဝယ်ကျပြီး .....
ညနေစောင်းကျ ကမ်းခြေမှာ ၃ယောက်သား
လမ်းလျောက် ရေဆော့
ဓာတ်ပုံရိုက်ကျတယ် ....
ကလေး၂ယောက်က အပျော်လွန်ပြီး
စနောက်နေကျတာနဲ့ အမြဲရီမောနေရတယ်..
    ကမ်းခြေက ဆိုင်လေးတွေမှာထိုင်
အုန်းရည်သောက် ဘီယာနဲ့ငါးကင်စားပြီး
လှိုင်းသံလေးနားထောင်
ပင်လယ်ရနံလေးရူရင်းနဲ့
အနားယူလိုက်ကျတယ် ...
ကမ်းခြေမှာ အနားယူပြီး
အတော် နောက်ကျမှ
ဘန်ဂလိုပြန်လာကျတယ် ...
ငွေဆောင်ကမ်းခြေဟန်နီးမွန်းအမှတ်တရတွေကို
သိမ်းဆည်းပြီး ...
မနက်ကျခရီးဆက်ထွက်လာခဲ့တယ် .....
     ညီနဲ့ ကိုယ်က ကားကိုတလှည့်စီမောင်းပြီး
အိပ်ပုတ်မလေးကတော့ နောက်ခန်းမှာ
သူ့ဘာသာမုန့်စားလိုက်
ကိုယ့်တို့ကို​လှမ်းခွံပေးလိုက်
စကားပြောရပင်ပန်းသွားရင်အိပ်လိုက်နဲ့
၁ယောက်တည်း အလုပ်များနေတယ် ..
လမ်းမှာ ဘုရားဝင်ဖူးလိုက်
လှပတဲ့နေရာတွေတွေ့ရင်
အပျင်းပြေ ဓာတ်ပုံဆင်းရိုက်ပေးလိုက်နဲ့
ဖြေးဖြေးချင်းပဲ ခရီးဆက်ခဲ့ကျတယ် ...
မန္တလေးကိုခဏဝင်
မန္တလေးတောင်တက်ဘုရားဖူးတယ် ...
ဦးပိန်တံတားကို
အစအဆုံးလျောက်ရတယ်ဆိုလို့
ကလေး၂ယောက်လက်ဆွဲပြီး
လျောက်ခဲ့တယ် ...
မန္တလေးမှာ တညအိပ်ပြီး
မနက်ကျ ပြင်ဦးလွင်တက်ခဲ့ကျတယ် ....
အဆင်ပြေပြီး ရှုခင်းလှတဲ့
ဟိုတယ်မှာတည်းပြီး
ခဏအနားယူကာ မနက်စာစားပြီး
ကန်တော်ကြီးဥယျာဥ်ကိုထွက်လာခဲ့တယ် ...
ဇာတ်လမ်းတွေထဲကလို့ ပန်းပင်တွေကြား
ပြေးလွားပြီးတော့ မကခဲ့ပါဘူး 😂😂😂
၃ယောက်သားအပင်တွေကြားထဲ
လှည့်ပတ်ကြည့်ပြီး  
ရှုခင်းလှတဲ့ လူရှင်းတဲ့အပင်ကြီးအောက်နားမှာ
အခင်းလေးခင်းပြီး 
ဝယ်လာတဲ့ အစားစားတွေစား
လူရှင်းတာကို အခွင့်ကောင်းယူပြီး
၃ယောက်သား အခုရက်ပိုင်း
ပင်ပန်းလို့ မတို့မထိဖြစ်တာကို
အစားထိုးပြီး..
ပြင်ဦးလွင်ဟန်းနီမွန်းအမှတ်တရလေး
ပွေ့ဖက် နမ်းရှိုက်ခဲ့ကျတယ် ...
လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန်မလုပ်ပါဘူးနော်
ကိုယ့်ကလေးတွေကို ချောင်းရိုက်ထဲ
မပါစေချင်လို့
စားထားတဲ့ အမှိုက်တွေပြန်သိမ်း
ကန်တော်ကြီးထဲ လျောက်လည်ပြီး
ပြန်လာခဲ့တယ် ....
     သွားလာတာများပြီး ပင်ပန်းနေတာဆိုတော့
စျေးထဲပတ်ကြည့် ဒေသစာလေးတွေ
စားပြီး တည်းခိုတဲ့နေရာပြန်လာခဲ့တယ် ...
    နောက်တနေ့ကျ ကလေးတွေကို
ပိတ်ချင်းမြောင်လှိုဏ်ဂူကို လိုက်ပို့ပေးတယ်
လှိုဏ်ဂူထဲမှာရေကျသံတွေဆူညံနေတော့
ကြောက်နေတဲ့ ဝမ်းလေးကို
၂ယောက်ကြားထဲမှာထားကာ
တဖြေးဖြေးချင်ဝင်ကာ ဘုရားဖူးပြီး
ပြန်ထွက်လာတော့
ဂူအပြင်မှာ တသွင်သွင်စီးနေတဲ့
ရေတွေထဲသွားဆော့နေကျလို့
လဲမှာစိုးပြီး လိုက်ထိန်းရသေးတယ် ...
ကိုယ့်မှာ ဟန်းနီးမွန်းကလေးထိန်းနေရတယ်
ကိုယ့်ရဲ့ ချစ်မွှေးလေးတွေကို
ဘာထိခိုက်တာမျိုးမှမခံစေချင်ဘူး ...
   အဲ့ကနေပွဲကောက်ရေတံခွန်ကို
ဆက်ထွက်လာခဲ့တယ်...
    ပွဲကောက်ရေတံခွန်ရောက်တော့
ရေကြိုက်တဲ့ ကိုယ့်ကလေးတွေနဲ့ကွက်တိပဲ
ရေတံခွန်မှာ ဓာတ်ပုံရိုက်
ရေထဲဆင်းဆော့နဲ့
ကိုယ့်မှာ သူတို့ကိုလိုက်ငမ်းနေတဲ့
ကောင်တွေကိုလည်း
ဂျိုကြည့်ကြည့်ပေးရသေးတယ် ...
သူတို့၂ယောက်ကတော့
ရေထဲဆင်းပြီး
၁ယောက်နဲ့၁ယာက်ရေပတ်လိုက်
မိန်းကလေးဖြစ်တဲ့
ဝမ်းလေးက လက်သရမ်းလို့
ညီ့မှာပတ်ပြေးလိုက်နဲ့
ကိုယ်ကိုလည်း လာဆွဲပြီး
အတူဆော့ခိုင်းလိုက်နဲ့
ကလေးပေါက်လေးတွေလို့
ပျော်နေကျတယ် .....
    ခဏဆော့ခိုင်းပြီးရေထဲကတက်ခိုင်းကာ
အင်္ကျီလဲပြီး စျေးဆိုင်လေးတွေမှာ
ဒေသထွက် ပစ္စည်းလေးတွေဝယ်ပြီး
ပြန်ခဲ့ကျတယ်.....
တည်းခိုတဲ့ဆီရောက်တော့
ရေထဲတနေကုန်ဆော့လာတဲ့
ကလေးတွေကို ဆေးတိုက်ပြီး
အနားယူခိုင်းရတယ်....
နောက်ထပ် ဆက်သွားကျဖို့တိုင်ပင်တော့
ညီက ခွင့်ရက်စေ့နေလို
အချိန်ထပ်ယူလို့မရတော့တာနဲ့
ခရီးစဥ်ကို ပြင်ဦးလွင်မှာပဲအဆုံးသတ်ဖို့
စီစဥ်ရတယ်...
ကိုယ်က ကလောတောင်ကြီးအင်းလေး
ဆက်သွားချင်သေးတာ....
ရပါတယ် နောက်ကိုအချိန်တွေ
အမျာကြီးရှိသေးတယ်...
ကိုယ်တို့ရဲ့နှစ်ပတ်လည်ကျရင်
ထပ်သွားရမယ် ......
       နောက်နေ့မနက်ကျ
ပြင်ဦးလွင်ဒီဇင်ဘာခြံကိုဝင်လည်ပြီး
နွားနို့စစ်စစ်သောက်ပြီး လည်ပတ်ကာ
အိမ်ပြန်လာခဲ့တယ် ...
      ထုံးစံအတိုင်းပင်ပန်းနေပြီဖြစ်တဲ့
ဝမ်းလေးက တလမ်းလုံးအိပ်လိုက်စားလိုက်နဲ့
ပြန်ပါလာတယ် ....
ကိုယ့်ကလေးတွေပင်ပန်းသွားပြီး
နောက်တခါဆို လေယာဥ်နဲ့ပဲသွားတော့မယ်
ဒါပေမယ့် ပင်ပန်းတာလေးကလည်း
အမှတ်တရဖြစ်ခဲ့ပါတယ် ....
        အိပ်​ပြန်ရောက်တော့
ဝမ်းလေးက အိပ်ပေါ်ထပ်ပြေးတက်ပြီး
အခန်းထဲဝင် အိပ်ယာပေါ်လှဲကာ
" အား....ပင်ပန်းလိုက်တာ
အိမ်ပြန်ရောက်မှပဲ
အတိုးချအိပ်လိုက်အုန်းမယ်..."လေ
သူက ကားမောင်းလာတဲ့အတိုင်းပဲ
    ကိုယ်တို့၂ယောက်က ပစ္စည်းတွေချပြီး
လူကြီးတွေကို ဖုန်းဆက်ကာ
ပြန်ရောက်ကြောင်း လှမ်းပြောပြရတယ် ...
နောက်နေ့မှ လူကြီးတွေဆီသွားကာ
ပါလာတဲ့ ပစ္စည်းတွေသွားပေးရမယ် ...
   ကိုယ်တို့၂ယောက်လည်း
ကားမောင်းလာရတာပင်ပန်းတာနဲ့
ဘာမှမလုပ်နိုင်တော့ဘူး ...
ဝမ်းလေးဘေးဝင်လှဲကာ
ကိုယ့်ကလေး၂ယောက်ကြားမှာ
အိပ်လိုက်တော့တယ်......
     ပင်ပန်းလာသမျှကိုအနားယူပြီး
အိပ်လိုက်တာ နောက်တနေ့မနက်
နေအတော်မြင့်မှနိုးလာတယ် ...
ကိုယ်က နိုးလာပေမယ်
ကိုယ့်ရဲ့ ချစ်မွှေးလေးတွေက မနိုးသေးဘူး
ဝမ်းလေးက နောက်က ကိုယ့်ကိုခွအိပ်နေပြီး
ညီက ကိုယ့်ရှေ့မှာ အိပ်နေတယ် ...
တကယ်ကို မိန်းကလေးနဲ့ယောကျာ်းလေး
လွဲနေတာ...
ညီ့ကို ဆွဲဖက်ပြီး
တစိမ့်စိမ့်ကြည့်ကာ ပါးလေးကို
နစ်နေအောင်နမ်းလိုက်ပြီး
နုတ်ခမ်းလေးကိုလည်း
ဖိနမ်းလိုက်တယ် ....
ညီက မျက်လုံးပွင့်လာပြီး
ကိုယ့်ကိုပြုံးပြကာ

"မောနင်း....ကိုကို..."

"မောနင်းပါ....ညီ....
တကိုယ်လုံးညောင်းနေတာရှိလား..."

"ဘာမှမဖြစ်ဘူး...
ကျွန်တော်က အဆင်ပြေတယ် ...."

"ok....ပြီးရင် လူကြီးတွေဆီသွားပြီး
ပြန်လာရင် spa သွားကျမယ်လေ...."

" ရပါတယ် ...
ကျွန်တော်က ဘာမှမဖြစ်ဘူး ..."

"ကိုယ်ကမရဘူး ..
ကိုယ့်ကလေးတွေသက်သောင့်သက်သာ
ပျော်ရွှင်နေတာပဲ
မြင်ချင်တာ...."

"ကျွန်တော်ကဒီလောက်အချစ်ခံရတာ
ပျော်ရွှင်တာပေါ့ .....
ကိုကိုကို ကျေးဇူးတင်ပါတယ် ...."

"မလိုဘူး .....
ညီတို့၂ယောက် ပျော်ရွှင်နေရင်ကို
ကိုကိုက စိတ်ချမ်းသာတာ...
ကျေးဇူးတင်စရာမလို့ဘူး ..."

"ဟုတ်.....
ချစ်တယ်..... ကိုကို...."

"ကိုကိုကလည်း ညီတို့ကို
အရမ်းချစ်တာ ....."ဆိုပြီး
ညီမျက်နှာနားတိုးကပ်ပြီး
နုတ်ခမ်းလေးကို ဖွဖွလေး
မြတ်နိုးချင်းတွေနဲ့ ထွေးငုံလိုက်တယ် ..

    ညီကလည်းတုံပြန်ပြီး နမ်းလာတယ်
တခါတလေ ရက်မက်မပါတဲ့
အနမ်းလးတွေကချိုမြိန်နေတယ် ....

ကိုယ့်ရဲ့ ကလေးလေးတွေကို
ချစ်လိုက်တာ....😍😍😍😍

3.2.2024       yellow_84

တနေကုန် မအားလို့
ညနက်မှတင်ပေးလိုက်ရတယ်
ကိုယ်အိပ်ချင်လို့စာမစစ်ထားဘူး
အမှားပါရင် မနက်မှပြန်စစ်ပေးမယ်နော်
Sorry ပါ

ကိုယ်တို့၂ယောက်နဲ့ သူမ (Completed)Where stories live. Discover now