ညနေမှ နိုးလာကျပြီး မပို့ချင်ပဲ
အိမ်ပြန်ပို့ပေးလိုက်ရတယ် ...
အဲ့တာတောင် ယောက္ခမကြီးက
ညနေစောင်းမှပြန်ပို့တဲ့အပြင်
သူ့သမီးမျက်နှာကြည့်ပြီး
ကိုယ်တို့ကိုမျက်ထောင့်နီကြီးနဲ့
ကြည့်နေသေးတယ် ....
ကလေးလေးနုတ်ခမ်းက
ဖူးဖူးလေးနဲ့ပိုလှနေတာကို
ညီက"အဖေနဲ့အမေ......သားတို့
မနက်ဖြန်လာခဲ့မယ်နော် ...
ကိုနိုင်းက အစ်မကိုခေါ်လာမယ်တဲ့
သားက သားရဲ့အဖေနဲ့ အမေကို
ခေါ်လာပြီး ရက်သတ်မှတ်ကျမယ်နော် ...
သားကအဖေနဲ့အမေကိုချစ်လို့
အိမ်တောင်ပြန်ချင်တာမဟုတ်ဘူး
ဝမ်းလေးက ဇွတ်ပြန်ခိုင်းနေလို့
ပြန်ရတာ မနက်ကျဘာစားမလဲ
သားလာပို့ပေးမယ် ....."ရှိတဲ့ပါးချိုင့်ပေါ်အောင်
မျက်နှာလေးကိုပြုံးချိုပြီး
ပြောနေတာ ဘာရုပ်လေးမှန်းမသိဘူး
ဆွဲဖက်နမ်းချင်စရာလေး
လူကြီးတွေမရှိရင် ဆွဲဖက်နမ်းပစ်တယ်
ကိုယ်ကိုကျ အဲ့လိုမချွဲဘူး....
အဲ့တော့ အန်ကယ်လ်က
ခပ်တည်တည်နဲ့လှမ်းကြည့်နေပြီး
ဘာမှမပြောတော့ အန်တီက"အေးပါကွယ် ....
လာခဲ့ပါ ...ဘာမှဝယ်မလာနဲ့
အန်တီတို့က မနက်စာကို
အိမ်မှာပဲ အဆင်ပြေသလို့
စားလို့ရတယ် .....""ဟာမရပါဘူးနော် ....
သားက အဖေနဲ့အမေကို
စားစေချင်လို့ကို...
ဒါမှမဟုတ် သားအိမ်မပြန်ပဲ
မနက်ကျဧည့်သည်တွေလာရင်
ပြင်ဆင်ရအောင်
အမေကို ကူပေးရမလား .....
အိပ်ပုတ်မလေးက အမေ့ကို
ကူမှာမဟုတ်ဘူး .....""ဘယ်မှာမကူလို့လဲကူပါတယ် ....
သူပဲ မျက်နှာကောင်းယူနေတယ် ...
ပြန်မှာဖြင့်ပြန်တော့ မနက်မှလာခဲ့..."ဝမ်းလေးက အဲ့လိုပြောတော့
ညီက မျက်စိမှိတ်ပြောင်ပြနေတယ် 😝
တကယ်ကလေးလေး
ကိုယ်မြင်နေကျပုံစံနဲ့တခြားစီပဲ ...
ပိုပိုချစ်အောင်ပြုစားနေသလို့ပဲ
ကိုယ့်ကိုယ်သာအဲ့လိုချွဲလိုကတော့
ကိုယ်ရှိတာအကုန်ပုံပေးပြီး
အလိုလိုက်ပလိုက်မှာ ...
အဲ့အချိန်မှာ အန်ကယ်လ်က"ဟေ့ကောင်တွေ ....ပြန်မှာဖြစ်ပြန်တော့
ဟိုကောင်က ငမ်းတာ သရေတွေကျပြီး
ငါ့တို့အိမ်ရေနစ်တော့မယ်
ချွဲပစ်နေတဲ့ကောင်နဲ့
ငမ်းကျောထတဲ့ကောင်နဲ့
ငါ့သမီး ဘယ်လိုကောင်တွေနဲ့
တွေ့လာလဲမသိဘူး....."
YOU ARE READING
ကိုယ်တို့၂ယောက်နဲ့ သူမ (Completed)
Historia Cortaအချစ်ဆိုတာ ၁ယောက်တည်းကိုပဲ ချစ်ရမယ်လို သတ်မှတ်ထားတာလား .... ၂ယောက်ကိုချစ်လို့မရဘူးလား.... ၂ယောက်လုံးကိုလည်းချစ်တယ် ၂ယောက်လုံးကလည်းချစ်တယ် ဘယ်သူမှဒုတိယလူမဖြစ်ချင်ဘူး ..... အခ်စ္ဆိုတာ ၁ေယာက္တည္းကိုပဲ ခ်စ္ရမယ္လို သတ္မွတ္ထားတာလား .... ၂ေယာက္ကိုခ်စ္လို...