ကျွန်တော့်ရဲ့ညီလေးပေါ် ပွတ်ပေးနေတဲ့
ကိုနိုင်းရဲ့ လက်တွေကို အုပ်ကိုင်လိုက်ပြီး"ကိုနိုင်း....ခဏနေပါဦး....
ကျွန်တော်ကရတယ် အခု ကိုနိုင်းက
ခေါင်းမှာ ဒဏ်ရာနဲ့ နားလိုက်အုန်းနော်
ကျွန်တော်အိမ်ပြန်ပြီး
မိဘတွေကိုရှင်းပြလိုက်အုန်းမယ် ....
လူကြီးတွေစိတ်ပူနေလိမ့်မယ်
အိမ်ပြန်လိုက်အုန်းမယ် ..
နောက်မှပေါ့.....😊😊😊"ကိုနိုင်းက ကျွန်တော်ကိုကြည့်လာပြီး
ကျွန်တော့်ပါးကို လာနမ်းပြီး ...
ကျွန်တော်ကိုတင်းနေအောင်ဖက်ကာ"အင်းပါ.....
ညီရဲ့မိဘတွေကိုသေချာရှင်းပြလိုက်အုန်းနော်
ညီတို့နဲ့ အမြန်အတူနေချင်ပြီ...
ချစ်လိုက်တာ ညီရာ ....""ဟုတ်...ဆေးသောက်အုန်းနော်
မနက်ဖြန်လာခဲ့မယ် ....
အခုနားတော့ ..."ဆိုပြီး ကိုနိုင်းကို ပြန်ဖက်ကာနမ်းလိုက်ပြီး
ပြန်လာခဲ့တယ် ..... . . . . . . . . . . . . .
အိမ်ပြန်ရောက်တော့
ဧည့်ခန်းထဲမှာ ထိုင်စောင့်နေတဲ့
မိဘတွေရှေ့ သွားထိုင်လိုက်ပြီး"ကျွန်တော်တောင်းပန်ပါတယ်
အဖေနဲ့အမေ .....
ကျွန်တော်တို့လည်း ဖြစ်ပြီးသွားတဲ့ ကိစ္စကို
အဆင်ပြေအောင်ကြိုးစားကျတာပါ
အဖေတို့ကိုမျက်နှာပျက်စေခဲ့လို့
တောင်းပန်ပါတယ်.....😔😔😔""အဲ့တော့ မင်းတို့က
မပြောင်းလဲတော့ဘူး
ဒီအတိုင်းပဲရှေ့ဆက်သွားကျမယ်ပေါ့...
ပတ်ဝန်ကျင်က မင်းတို့ကို ကဲ့ရဲ့မှာကို
သိရဲ့သားနဲ့ မဖြစ်သင့်တာသိရဲ့သားနဲ့
ရှေ့ဆက်ကျမယ်ပေါ့
နောင်ကလေးတွေမွေးလို့ အဖေက
၂ယောက်ဖြစ်နေမှာကို
ကလေးတွေ မေးလာရင် ဘယ်လိုပြောမလဲ
၁ယောက်တည်းယူကျပြီး
အဆင်မပြေပြသာနာတွေတက်နေကျတာ
မင်းတို့က ၃ယောက်
ရေရှည်ဖြစ်မယ်ထင်လား ....
အဲ့တာကိုတောင် ရှေ့ဆက်တိုးကျမယ်ပေါ့
တညတာအမှားကို
တဘဝလုံးလူပြောခံမယ်ပေါ့......""ကိုနိုင်းပြောခဲ့သလိုပဲ ကျွန်တော်တို့က
အိမ်ထောင်ရေး ဖောက်ပြန်နေကျတာ
ယုတ်မာကောက်ကျစ်နေကျတာ
မဟုတ်ပါဘူးအဖေ....
အခုခေတ်ကြီးမှာ
၁လင်၁မယားယူထားပြီး
ယောကျာ်းကဖောက်ပြန်
မိန်းမကဖောက်ပြန်
ကလေးတွေဒုက္ခရောက်နဲ့
လူကြားမကောင်းအောင်
ဖြစ်ပျက်နေကျတာအများကြီးပါ
သားတို့က စိတ်တူကိုယ်တူလက်ခံပြီး
၁ယောက်နဲ့၁ယောက် တာဝန်ယူချင်တာပါ
သားတို့၂ယောက် လက်ထပ်လိုက်လို့ရတယ်
လူပြောမခံရဘူးဆိုပေးမယ် ....
ကိုနိုင်းကျဘယ်လိုလုပ်မလဲ
သူ့ကဘက်ကလည်း တွေးကြည့်ပေးပါ
ကျွန်တော်တို့၂ယောက်
သူ့ကိုပစ်မထားချင်ဘူး ....
ကျွန်တော်သူများထက်သာအောင်
သူများအောက်မကျအောင်
ဒီထက်ပိုကြိုးစားမယ်
နောင်မှာမွေးလာမယ်.......
ကျွန်တော်တို့ရဲ့ကလေးတွေကို
သူများတွေ အပစ်မပြောနိုင်တဲ့
ဘဝမျိုးမှာထားနိုင်အောင်ကြိုးစားမှာပါ...
အဖေတို့က သားတို့ကို သဘောတူပေးပါ
ပစ်မထားပါနဲ့အဖေ ....
သားကို သားသမီးကောင်း
မိဘကောင်းဖြစ်အောင်
ကြိုးစားခွင့်ပေးပါ.....😢😢😢"
YOU ARE READING
ကိုယ်တို့၂ယောက်နဲ့ သူမ (Completed)
Historia Cortaအချစ်ဆိုတာ ၁ယောက်တည်းကိုပဲ ချစ်ရမယ်လို သတ်မှတ်ထားတာလား .... ၂ယောက်ကိုချစ်လို့မရဘူးလား.... ၂ယောက်လုံးကိုလည်းချစ်တယ် ၂ယောက်လုံးကလည်းချစ်တယ် ဘယ်သူမှဒုတိယလူမဖြစ်ချင်ဘူး ..... အခ်စ္ဆိုတာ ၁ေယာက္တည္းကိုပဲ ခ်စ္ရမယ္လို သတ္မွတ္ထားတာလား .... ၂ေယာက္ကိုခ်စ္လို...