ဝမ်းလေးတို့ အိမ်ရှေ့ရောက်တော့
ရင်ခုန်နေတယ် ....
ကိုယ့်ရဲ့ကလေးတွေနဲ့
တကယ်နီးစပ်တော့မယ် ....
အိမ်ထဲဝင်သွားတော့
ဧည့်ခန်းထဲမှာ ထိုင်နေတဲ့
အန်ကယ်လ်ကိုတွေ့ရတယ် ..."အော် ...ဧည်သည်တွေတောင်ရောက်လာပြီ
ထိုင်ကျပါ....
ကိုမင်းမြတ်တို့မရောက်သေးဘူး .........
ဟိုကောင်စစ်မင်းကတော့
မနက်ကတည်းကရောက်နေတာ
မျက်စိကိုနောက်နေတာပဲ ...""ဟုတ်ကဲ့ အန်ကယ်လ်....
ဒါက ကျွန်တော့်အစ်မနဲ့ယောက်ဖပါ...""တွေ့တာဝမ်းသာပါတယ် အန်ကယ်လ်
နိုင်းကိုလက်ခံပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ် ...
နိုင်းက ငယ်ငယ်ကတည်းက
မိဘတွေဆုံးပါးသွားလို့
ကျွန်မက အလိုလိုက်ထားမိတော့
သူကတဇွတ်ထိုးလုပ်တတ်တာလေးကို
ခွင့်လွှတ်ပေးပါ အန်ကယ်လ် ...""ရပါတယ်ကွယ် ....
ထိုင်ကျပါ ...
ဝမ်းလေးက အပေါ်ထပ်မှာ
ပြင်လို့မပြီးသေးဘူးထင်တယ်
ဆင်းမလာသေးဘူး ..
စစ်မင်းကနောက်ဖေးမှာ
ကူမယ်ဆိုပြီး
ဘာတွေရှုပ်နေလဲမသိဘူး.....""လာပါပြီ အဖေရယ် ....
အမေ အစားအသောက်တွေ
ပြင်တာကို သားကကူနေတာပါ .....
ကိုနိုင်းတို့တောင်ရောက်ပြီ
အဖေနဲ့အမေမလာသေးဘူးလား
ဖုန်းဆက်မှနဲ့ထင်တယ်...
မမနဲ့အစ်ကို စားပါဗျ..."ဆိုပြီး
အစားအသောက်ဗန်းတွေသယ်ပြီး
ထွက်လာရင်း ပွစိပွစိပြောနေတာ
အိမ်ရှင်မပေါက်စလေးကျနေတာပဲ...."ရတယ်... မခေါ်နဲ့....စစ်မင်းရေ
နိုင်းကမနက်အစောကြီးထပြီး
ဇွတ်ပြင်ခိုင်းနေလို့ မမတို့က
အစောကြီးထွက်လာရတာ
အေးဆေးလုပ်ပါ....
ကိစ္စမရှိဘူး မိသားစုတွေ
ဖြစ်နေပြီပဲ.....""ဟုတ်ကဲ့ဗျ...
နောက်ဖေးက အမေ့ကို
သွားခေါ်လိုက်အုန်းမယ် ...
ဝမ်းလေးလည်းမပြီးသေးဘူး
ထင်တယ်..."
လည်ကတုံးအဖြူလေးနဲ့
ပိုးပုဆိုးအပြာရင့်လေးဝတ်ထားတဲ့
ညီက ရှင်းသန့်နေပြီး
ဆံပင်ကို ဆီလိမ်းပြီး
နောက်လှန်ဖြီးထားတာက
လူကြီးယောင်ဆောင်ထားတဲ့
ကလေးလေးလိုပဲ ...
သားလိမ္မာလေးလုပ်နေတာ
ဘယ်လိုရုပ်လေးမှန်းမသိဘူး
ဆွဲဖက်ပြီး ဖြစ်ညှစ်ပစ်ချင်စရာလေး ....
အဲ့အချိန်မှာပဲ အပေါ်ထပ်က
နံသာရောင်ချိတ်လေးနဲ့
ရင်ဖုံးအင်္ကျီရိုးရိုးလေးဝတ်ထားတဲ့
ဝမ်းလေး ဆင်းလာတယ် ...
ရင်ဖုံးအင်္ကျီက
ကိုယ်လုံးပြည့်ပြည့်လေးမှာ
သူနေရာနဲ့သူ
ခန္ဓာကိုယ့်အချိုးအစားလေးက
လှပနေတာလေးက ပုရိသတို့
သရေကျချင်စရာ .....
YOU ARE READING
ကိုယ်တို့၂ယောက်နဲ့ သူမ (Completed)
Short Storyအချစ်ဆိုတာ ၁ယောက်တည်းကိုပဲ ချစ်ရမယ်လို သတ်မှတ်ထားတာလား .... ၂ယောက်ကိုချစ်လို့မရဘူးလား.... ၂ယောက်လုံးကိုလည်းချစ်တယ် ၂ယောက်လုံးကလည်းချစ်တယ် ဘယ်သူမှဒုတိယလူမဖြစ်ချင်ဘူး ..... အခ်စ္ဆိုတာ ၁ေယာက္တည္းကိုပဲ ခ်စ္ရမယ္လို သတ္မွတ္ထားတာလား .... ၂ေယာက္ကိုခ်စ္လို...