part 4(zawgyi)

255 2 0
                                    

ကိုယ်၃ယောက်တို့ရဲ့ကံကြမ္မာဆိုရမလား
ဘဝတဖြတ်မှာကြုံရမယ်
မုန်တိုင်းပဲပြောရမလားမသိတဲ့ အခြေအနေတခုကို ကိုယ်တို့တွေကြုံတွေ့ဖို့
အကြောင်းဖန်လာခဲ့တယ်
တူမလေးရဲ့ နောက်ဆုံးစာမေးပွဲအပြီးပါတီကို
သူ့သူငယ်ချင်းတွေနဲ့လုပ်ချင်တယ်ပြောလို့
ကိုယ့်ရဲ့ စားသောက်ဆိုင်နဲ့
ဟိုတယ်တွဲဖွင့်ထားတဲ့ဆိုင်မှာ လုပ်ဖို့ဖြစ်လာခဲ့တယ်
ပင်ပန်းထားသမျှကလေးတွေကိုပျော်ရွှင်စေချင်လို့
စိတ်တိုင်းကျ စီစဉ်ပေးခဲ့တယ်....
စိတ်ကြိုက် စားသောက်ပျော်ရွှင်ခွင့်ပေးခဲ့တယ် အတန်းထဲက သူငယ်ချင်းတွေကောဂိုက်ဆရာမပါ ဖိတ်ခဲ့တယ်လေ
အဲ့နေ့မှာပဲ ဇာတ်လမ်းစခဲ့တယ်
ဆိုင်ရဲ့အနောက်ဖက်စားဖိုခန်းထဲတွင်
"ဟေ့ကောင်ဖြစ်ပါမလားဟ "
"ဖြစ်ပါတယ် စိတ်မပူနဲ့ ....
မလွဲဖို့ပဲလိုတာ ဒီလိုနေ့မျိုးမှ မလုပ်ရင် နောက်ဆို
ဒီလိုအခွင့်အရေးရဖို့မလွယ်ဘူးကွ..."
"အေးပါကွာ....
ငါကစိတ်ပူလို့ပါ "
ဝေယံတို့သူငယ်ချင်း၂ယောက် အကြံကြီးနေကျတာပါ
ဝေယံသူငယ်ချင်းက ဂိုက်ဆရာမကိုကြိုက်တယ်
ဒါပေမယ် သူမကရည်းစားနဲ့
ဝေယံက နိုင်းရဲ့တူမလေးကိုကြိုက်နေတာ
ဒါပေမယ့် ဖွင့်မပြောရဲ့လို့ ရဲဆေးတင်ပြီး
ဖွင့်ပြောဖို့ကြံနေကျတာ
ပါတီပွဲဆိုတော့ အသက်မပြည့်သေးလို့အရက်မသောက်ခိုင်းပေမယ် သူတို့အတွက် အအေးရယ်
စပိုင်ဝိုင်ရယ် ပွဲလာတဲ့ လူကြီးတွေအတွက် ဘီယာနဲ့အရက်စီစဉ်ပေးထားတာကို သူတို့၂ယောက်က
ရဲဆေးတင်ပြီး သူတို့ခိုးသောက် ကောင်မလေးတွေကို ရောတိုက်ပြီး ဆေးနည်းနည်းရောဖို့ ကြံစည်နေကျတာအဲ့တာဆို သူတို့လိုချင်တဲ့သူကိုရပြီ နောက်ကျောင်းတွေကွဲသွားလို့တွေ့ရဖို့မလွယ်တော့ အခုချိန်ကသူတို့အတွက်ပိုအဆင်ပြေတယ်လေ
အဲ့တာကြောင့်ပွဲအတွက်အလုပ်ရှုပ်နေကျတဲ့အချိန်သူတို့ကစောလာပြီးကောင်မလေးတွေကို
တိုက်ဖို့စီစဉ်နေကျတာ
. . . . . . . . . . . . . . . . . . . .
ဒီနေ့က ဝမ်းလေးဂိုက်သင်ပေးတဲ့ ယမင်းရဲ့ စာမေးပွဲနောက်ဆုံးနေ့ပါတီပွဲကိုသွားဖို့ မောင်ကိုမနည်းပြောနေရတယ် ကလေးက ဇွတ်လာဖို့ခေါ်နေတာ
မောင်ကမသွားရဘူးတဲ့သွားရင် သူပါမှတဲ့လေ
သူကို ဟိုအစ်ကိုနဲ့စိတ်မချလို့မခေါ်ပါဘူးဆိုမှဇွတ်လိုက်ချင်နေတယ်
"မောင်ရယ် ...ခဏပဲသွားမှာပါ
မျက်နှာပြပြီးတန်းပြန်လာခဲ့မယ်လေ "
"မရဘူး....
ဝမ်းလေးကို မောင်စိတ်မချဘူး
မောင်မပါရင် ဝမ်းလေးလည်းမသွားရဘူး"

ကိုယ်တို့၂ယောက်နဲ့ သူမ (Completed)Where stories live. Discover now