"သွားမယ်လေ..ကိုကို
ဘာတွေငေးနေတာလဲ..."ဝမ်းလေးက ပြောလိုက်တော့
ဝမ်းလေးရဲ့ ကိုယ်လုံးလေးကို
လှမ်းဆွဲကာ ဖက်ထားလိုက်ပြီး....
နီရဲစိုအိနေတဲ့ နုတ်ခမ်းလေးကို
ထွေးငုံပြီး စုပ်နမ်းလိုက်တယ် ....
ဝမ်းလေးက ငြိမ်နေပြီး
ခဏနေတော့ အလိုက်သင့်လေး
တုန်ပြန်လာတယ်...
ရင်ချင်းအပ်ပြီး
နောက်ကျောလေးကိုပွတ်သပ်ပြီး
နူးညံအိထွေးနေတဲ့ နုတ်ခမ်းလေးကို
အပေါ်တလှည့် အောက်တလှည့်
စုပ်နမ်းနေတာ လောကကြီးကို
ခဏမေ့သွားတယ် .....
ရင်ခွင်ထဲက ကလေးက
ရင်ပတ်ကိုပုတ်လာပြီး
အချက်ပေးတော့မှ သတိဝင်လာပြီး
ငုံကြည့်တော့မှ
ကိုယ်ရဲ့ အနမ်းကြောင့်
ပိုပြီးရဲစိုနေတဲ့ နုတ်ခမ်းဖူးဖူးလေးကနေ" မနက်စာစားဖို့စောင့်နေကျတယ်ဆို
နောက်ကျနေအုန်းမယ်....""မစားဖူးတဲ့ အစာစားလိုက်တော့
အရသာတွေ့ပြီး ...
လောကကြီးကိုမေ့သွားတယ်....""အာ...ကိုကိုကလည်
ဘာတွေပြောမှန်းမသိဘူး
လာခဲ့သွားမယ် ...
လူကြီးတွေစောင့်နေတယ်ဆို ....""ဟုတ်သား....သွားမယ်လာ
ယောက္ခမကြီး စိတ်ဆိုးနေမယ်..."...........
အောက်ထပ်ရောက်တော့
မနက်စာပြင်ပြီးနေပြီ......"အိပ်ပုတ်မလေး....
မြန်မြန်လာမနက်စာစားမယ်
ကိုနိုင်းတော်တော်နှိုးလာခဲ့ရလား...""မနည်းလှုပ်နှိုးလာရတယ်
ကိုယ့်ကို အမေနဲ့မှားနေတာ ....""ကိုကိုလာမယ်လို့မှ မထင်တာကို
အမေလာနှိုးတယ်ထင်တာပေါ့...
မောင်ဘာတွေဝယ်လာတာလဲ....""နန်းကြီးသုတ်နဲ့
ချစ်ကြိုက်တဲ့ ဒင်းဆမ်းဝယ်လာတာ....
လာစားကျမယ် .....
အဖေနဲ့အမေကစားပြီးလို့
လမ်းလျောက်ရင်း စျေးသွားကျတယ် ..."၃ယောက်သား ထမင်းစားပွဲမှာထိုင်းပြီး
မနက်စာစားနေကျရင်းနဲ့ ...."အလုပ်မသွားကျဘူးလား ...
ဝမ်းလေးကအေးဆေး အလုပ်နားပြီလေ ...""မောင်က အလုပ်ကိုသွားခွင့်တိုင်ပြီး
ကိုနိုင်းဆီသွားမလို့ကို
အခုကိုနိုင်းက အိမ်ရောက်လာတော့
အလုပ်ပဲသွားတော့မယ်လေ......"
YOU ARE READING
ကိုယ်တို့၂ယောက်နဲ့ သူမ (Completed)
Short Storyအချစ်ဆိုတာ ၁ယောက်တည်းကိုပဲ ချစ်ရမယ်လို သတ်မှတ်ထားတာလား .... ၂ယောက်ကိုချစ်လို့မရဘူးလား.... ၂ယောက်လုံးကိုလည်းချစ်တယ် ၂ယောက်လုံးကလည်းချစ်တယ် ဘယ်သူမှဒုတိယလူမဖြစ်ချင်ဘူး ..... အခ်စ္ဆိုတာ ၁ေယာက္တည္းကိုပဲ ခ်စ္ရမယ္လို သတ္မွတ္ထားတာလား .... ၂ေယာက္ကိုခ်စ္လို...