part 15

3.4K 34 4
                                    

"နိုင်းရေ...ဘယ်တုန်း
ခေါင်းမှာ ဒဏ်ရာကြီးနဲ့ကို...."

"ကျွန်တော်...ဝမ်းလေးဆီသွားမလို့
ညက ဖုန်းဆက်တာ ...
အန်ကယ်လ်ကစိတ်ပြေသွားပြီ
အဆင်ပြေတယ်တဲ့ ...."

"အဲ့တာနဲ့ မနက်စော
ထသွားစရာလိုလို့လား....
စစ်မင်းကဒီနေ့လာခဲ့မယ်
ပြောတယ်မှတ်လား ....."

"မသိဘူးဗျာ ....
မစောင့်နိုင်တော့ဘူး ...
ညီ့ဆီလည်းသွားကြည့်မလို့....
ညီဖုန်းနံပါတ်မယူထားလိုက်ရဘူး
မနေ့ကတည်းက မတွေ့ရတော့တာ...."

"အော်...တော်တော်ကြာသွားတာကို
ဖြစ်ပျက်နေတာ....
အရင်ကလည်း မတွေ့ရပါဘူးဟယ်..."

"အရင်နဲ့ မတူဘူးလေ
အခုမှ ချစ်စခင်စကို....
သွားပြီ မမ...."

"ဟဲ့ မနက်စာမစားတော့ဘူးလား ...
စိတ်မြန်လက်မြန်နဲ့
နင်တော့ မနိုင်ဘူး နိုင်းရေ....."

ပွစိပွစိပြောနေတဲ့ မမကို လက်ပြပြီး
အမြန်ထွက်လာခဲ့တယ် ...
ကလေးတွေနဲ့ တွေ့ချင်နေပြီ...
ညီ့အိမ်အရင်ဝင်ကြည့်ပြီး
ဝမ်းလေးဆီသွားရမယ် ....
ညီ့အိမ်က ညီနောက်ကလိုက်ကြည့်ရင်း
ချောင်းပေါက်မတက်ရောက်ဖူးပေမယ့်
အပြင်ကပဲချောင်းခဲ့ရတာ
အထဲမရောက်ဖူးဘူး ....
ညီ့အိမ်ရှေ့ကားရပ်ပြီး အထဲက
အခြေအနေကြည့်တော့
ညီမနိုးသေးဘူးလားမသိဘူး
ဝင်ရမလား ဆက်စောင့်ရမလား
စဥ်စားနေတုန်း ညီကအိမ်ထဲက
ထွက်လာတယ် .....
ကား​ပေါ်ကအမြန်ဆင်းပြီး
ညီဆီသွားလိုက်တော့
ညီက

" ကိုနိုင်း ...ဘာလိုအစောကြီး
ထွက်လာတာလဲ .....?
ကျွန်တော်က အလုပ်ကိုသွား
ခွင့်တိုင်ပြီးမှ ကိုနိုင်းဆီလာမလို့
ပြင်နေတာ....."

"ညီတို့ကို တွေ့ချင်လို့
စောစောထွက်လာခဲ့တာ
ညက ဝမ်းလေးဆီကို
ဖုန်းဆက်တော့ ....
အန်ကယ်လ်စိတ်ပြေနေပြီ
နောက်နေ့မှ ပြောမယ်ဆိုလိုလေ
ညီက ဘယ်သွားမလို့လဲ ..."

"မနက်စာသွားဝယ်မလို့
ဟိုဘက်အိမ်နဲ့ ဒီဘက်အိမ်အတွက်....
အဲ့တာကြောင့်စောစောထပြီး
ထွက်လာတာ ...."

"လာ...အတော်ပဲ
ကိုယ်လိုက်ပို့ပေးမယ် ....
ကိုယ်က ညီကိုခေါ်ပြီး
ဝမ်းလေးဆီသွားမလို့..."

ကိုယ်တို့၂ယောက်နဲ့ သူမ (Completed)Where stories live. Discover now