နောက်တနေ့မနက်ကျ ၃ယောက်သား
ကားတစီးနဲ့ဟန်နီးမွန်းခရီးထွက်လာကျတယ်
အရင်ဆုံး အနီးဆုံးနေရာ
ငွေဆောင်ကိုအရင်ထွက်လာခဲ့တယ် ....
အရင်က ဖူးခက်ကမ်းခြေသွားမယ်
စဥ်းစားထားတာ ကလေးတွေက
မသွားချင်ဘူး ...
ဒီမှာပဲ နှံအောင်သွားမယ်ဆိုလို့
ငွေဆောင်ကိုပဲ အရင်ထွက်လာခဲ့တယ်...
ညီနဲ့ကိုယ်နဲ့ တလှည့်စီမောင်းပြီး
ငွေဆောင်ရောက်တော့ ပင်လယ်နာနီးတဲ့
သီးသန့်ဘန်ဂလိုလေးမှာပဲ
တည်းလိုက်တယ် ....
၃ယောက်သား ခရီးပန်းလာတာနဲ့
တရေးတမောအိပ်ပြီး
အရင်နားလိုက်ကျတယ် ....
နိုးလာတော့ ၃ယောက်သားပြင်ဆင်ပြီး
ကမ်းခြေကို လမ်းလျောက်ထွက်လာကျတယ်
ဝမ်းလေးက ရေထဲမဆင်းဘူးဆိုလို့
ကမ်းခြေကဆိုင်လေးရဲ့ထီးအမိုးအောက်မှာ
ထိုင်ခိုင်းကာ
အုန်းရည်နဲ့ စားစရာတွေမှာပေးခဲ့ပြီး
ကိုယ်နဲ့ညီက ပင်လယ်ထဲဆင်းခဲ့တယ်...
၂ယောက်သား ဘောင်ဘီတို၁ထည်စီပဲ
ဝတ်ထားပြီး ....
ရေထဲဆင်းဆော့ကျတယ်
အစပိုင်းတော့ ကိုယ်ချစ်တဲ့သူကို
အသားယူ ထိကိုင်ပြီး
ရေထဲမှာဆော့နေရတာ
ပျော်စရာကောင်းနေတယ် .....
တဖြေးဖြေးနဲ့ ကိုယ်တို့နားကို
ရေကစားတဲ့သူတွေရောက်လာပြီး
မထိတထိကော ပေါ်တင်ကောကပ်လာကျတော့
အဆင်မပြေဘူး ...
ကိုယ်ရောညီရော ကိုယ်လုံးတွေက
ပိန်ပိန်သေးသေးလေးတွေမဟုတ်ပဲ
ရင်အုပ်ကျယ်ကျယ်နဲ့ ဗိုက်မှာ
ကြွက်သားအမြှောင်းတွေမရှိပေမယ်
ဗိုက်ချပ်ချပ်ခါးသိမ်သိမ်နဲ့ ဆိုတော့
သရေကျချင်စရာဖြစ်နေတာပေါ့
ညီကပိုဆိုးတယ် ဘောင်းဘီတို
ရေစိုသွားတော့
နောက်က တင်ပါးလေးက
လုံးတစ်နေတာ
ကိုယ်ကသာ အရသာရှိရှိကိုင်ချင်ပေမယ့်
တခြားလူတွေကြည့်တာထိတာဆိုရင်တော့
မကြိုက်တော့ဘူး ...
ကောင်လေးတချို့က
ယောကျာ်းလေးချင်ပဲဆိုပြီး
အနားကပ်လာကာ ထိချင်ကျတယ်
ဒီလောက်တောင့်တောင့်ဖြောင့်ဖြောင့်ကို
အသားယူချင်တဲ့ကောင်တွေကရှိသေးတယ်
ကြာရင်ထထိုးမိတော့မှာမလို့
သူတို့ရှေ့မှာပိုင်ရှင်ရှိမှန်းသိအောင်
ပါးကိုနမ်းပြပြီး
ပခုံးဖက်ကာဆွဲခေါ်လာခဲ့တယ် ...
ဒီလိုယောကျာ်းချောချောလေးပိုင်ရတာလဲ
ကိုယ်တော့ အူတိုရတာနဲ့
အူတောင်ရှိပါမလားမသိဘူး ...
YOU ARE READING
ကိုယ်တို့၂ယောက်နဲ့ သူမ (Completed)
Short Storyအချစ်ဆိုတာ ၁ယောက်တည်းကိုပဲ ချစ်ရမယ်လို သတ်မှတ်ထားတာလား .... ၂ယောက်ကိုချစ်လို့မရဘူးလား.... ၂ယောက်လုံးကိုလည်းချစ်တယ် ၂ယောက်လုံးကလည်းချစ်တယ် ဘယ်သူမှဒုတိယလူမဖြစ်ချင်ဘူး ..... အခ်စ္ဆိုတာ ၁ေယာက္တည္းကိုပဲ ခ်စ္ရမယ္လို သတ္မွတ္ထားတာလား .... ၂ေယာက္ကိုခ်စ္လို...