သာယာတဲ့မနက်ခင်းလေးမှာ
လှိုင်းသံနဲ့အတူနိုးလာတယ် ...
ညကပင်ပန်းတာနဲ့အိပ်လိုက်တာ
တချိုးတည်းပဲ...
တကိုယ်လုံးလေးနေလို့
ကြည့်လိုက်တော့
ဝမ်းလေးက ကျွန်တော့ကို
ဖက်လုံးခွသလိုခွပြီး
ဖက်ထားတယ် ...
တကယ်ပါ ဒီကလေးမ
အအိပ်ကြမ်းတာကိုများ
သူကိုငမ်းနေတဲ့သူတွေကိုသွားပြရမယ်
လက်တွေခြေတောက်တွေကိုဖယ်ကာ
မျက်နှာသစ်သွားတိုက်
သန့်ရှင်းရေးလုပ်ပြီး
အပြင်ထွက်လာတော့
ကိုကိုက အပြင်မှာထိုင်ပြီး
ပင်လယ်ကြီးကိုကြည့်နေတယ် ...."ကိုကိုလမ်းလျောက်သွားရအောင်
အမှန်ဆို ဟိုအိပ်ပုတ်လေးပါနှိုးပြီး
လမ်လျောက်ခိုင်းရမှာ
ညကပင်ပန်းသွားလို့သာ .....""ok.....သွားရအောင်
အပြန်မှ ကလေးကိုနှိုးပြီး
မနက်စာသွားစားမယ်...""ဟုတ်......"
၂ယာက်သား ပင်လယ်ကမ်းစပ်တလျောက်
ပင်လယ်ရနံလေးရှုကာ
လှိုင်သံလေးနားထောင်ရင်း
ညကဒီရေတက်တုန်းက ကျန်ခဲ့တဲ့
ခရုခွံလှတာလေးတွေကို
ဝမ်းလေးအတွက်ကောက်ရင်းနဲ့
လမ်းလျောက်လာကျတယ် .....
ကျွန်တော်တို့လိုလမ်းလျောက်တဲ့
သူတွေလည်း ရှိတယ် ...
တချို့ကောင်မလေးတွေက
ကိုကိုကိုလှမ်းလှမ်းကြည့်ပြီး
တခါတလေ ဘေးနားကကပ်ကာ
မထိတထိနဲ့ စစသွားကျတယ် ...
အခုခေတ်မိန်းကလေးတွေများမလွယ်ဘူး
အဲ့တာနဲ့ ကိုကိုလက်ဆွဲပြီး
ပြန်လာခဲ့တယ် ....
ဝမ်းလေးနိုးမှ ၃ယောက်အတူသွားတာ
ပိုကောင်းမယ် .....
အခန်းထဲ ပြန်ရောက်တော့
နေအတော်မြင့်နေပြီ....
အိတ်ပုတ်လေးက မနိုးသေးဘူး ...
ကိုကိုနဲ့ကျွန်တော်
၁ယောက်မျက်နှာ၁ယောက်ကြည့်ပြီး
ပြုံးစိစိနဲ့ ဝမ်းလေးဘေးတဖက်စီဝင်အိပ်ပြီး
ပါး၂ဖက်ကိုကုန်းနမ်းကာ"ချစ်ရေ....ထတော့ ...."
"ကလေးလေးရေ ...."
ဆိုပြီး နှိုးတော့"အင်း......"ဆိုပြီး
တဘက်လှည့်အိပ်ဖို့ပြင်တော့
မလှည့်နိုင်အောင် ဆွဲထားပြီး"၁..၂..၃ ..ဆိုလိုမှမထသေးရင်...
အကြမ်းနည်းတွေလာတော့မှာနော် ...""အိပ်ချင်သေးတယ်လို့.....
ကိုကိုရေ ကလေးက
ပင်ပန်းလို့အိပ်အုန်းမယ်လေ....."
YOU ARE READING
ကိုယ်တို့၂ယောက်နဲ့ သူမ (Completed)
Short Storyအချစ်ဆိုတာ ၁ယောက်တည်းကိုပဲ ချစ်ရမယ်လို သတ်မှတ်ထားတာလား .... ၂ယောက်ကိုချစ်လို့မရဘူးလား.... ၂ယောက်လုံးကိုလည်းချစ်တယ် ၂ယောက်လုံးကလည်းချစ်တယ် ဘယ်သူမှဒုတိယလူမဖြစ်ချင်ဘူး ..... အခ်စ္ဆိုတာ ၁ေယာက္တည္းကိုပဲ ခ်စ္ရမယ္လို သတ္မွတ္ထားတာလား .... ၂ေယာက္ကိုခ်စ္လို...