ဝမ်းလေးမှာ လျို့ဝှက်ချက်တခုရှိတယ်
တကယ်တော့ဝမ်းလေးကဖူဂျုရှီပေါ့😁😁😁
ဒါပေမယ့် ကြိတ်ပြီး ဖူဂျုရှီရတာ blficတွေဖတ်ဇာတ်လမ်းတွေကြည့်ပြီး ကောင်လေးအတွဲတွေကို fb igမှာ followပြီး သဘောကျတာပါ အပြင်မှာတော့ ယောကျာ်းလေးသူငယ်ချင်းမရှိဘူး မိန်းကလေးသူငယ်ချင်း၁ယောက်၂ယောက်ပဲရှိတယ်
အုံပုန်းဖူဂျုရှီပေါ့ ကြည့်လိုက်ရင်တော့ အေးအေးလေးပဲနေတာ မထင်ရဘူးပေါ့အဲ့လို....
ကျောင်းစတက်တော့ Blအတွဲဖြစ်နိုင်တဲ့ကောင်လေးကိုတွေ့တယ် သူကအရမ်းချောတာ
ပါးချိုင့်လေးနဲ့ ပြုံးပြလိုက်ရင် ယောကျာ်းလေးတွေကော မိန်းကလေးတွေကော ကြွေကျလောက်တဲ့ အပြုံးချိုချိုလေးရှိတယ် ...
အဲ့တော့ အုံပုန်းဝမ်းလေးက အကြိုက်ပေါ့
သူ့ကိုစောင့်ကြည့်နေခဲ့တယ်
ဘယ်သူနဲ့ တွဲဖြစ်မလဲပေါ့......
စိတ်ကူးထဲမှာ ဇာတ်လမ်းတွေ
အများကြီးတွေးပြီးပြီ
ဒါပေမယ့် သူကတော့ ဘယ်သူနဲ့မှမကြိုက်ခဲ့ဘူး
ဝမ်းလေးသွားတဲ့နေရာတိုင်းမှာ သူ့ကိုတွေ့ရတယ်
နောက်မှသိလိုက်ရတာ
သူက ဝမ်းလေးကိုကြိုက်နေတာတဲ့လေ....
အဲ့တော့ ဝမ်းလေးလည်းအစကတည်းက
စိတ်ဝင်စားနေတာဆိုတော့ အဖြေပြန်ပေးပြီး
ချစ်သူတွေဖြစ်ခဲ့တယ် နောက်ပိုင်းတော့
သူ့ရဲ့ဂရုစိုက်မှုတွေ သူ့အပြုံးတွေမှာ ကျရှုံးပြီး
သူကိုဘယ်သူနဲ့မှတွဲမပေးနိုင်လောက်အောင် အရမ်းချစ်ခဲ့တယ် ကိုယ်ဘဝရဲ့ တစ်ဦးတည်းသောချစ်သူလေးဖြစ်လာတယ်
သူနဲ့အတူနေနိုင်ဖို့ ၂ယောက်အတူ
ကြိုးစားကျတယ်....
တနေ့ကျတော့ ဝမ်းလေးရဲ့ အုံပုန်းဖူဂျူရှီပါဝါတွေက အချက်ပြလာခဲ့တယ် ဝမ်းလေးကျူရှင်သင်တဲ့ကလေးမလေးရဲ့ဦးလေးက မောင့်ကို အရမ်းချစ်တဲ့မျက်လုံးတွေနဲ့ကြည့်နေခဲ့တယ်
အဲ့ဒါကြောင့်အူတိုလို့လာမကြိုနဲ့ပြောလဲမရဘူး
နေ့တိုင်းလာကြိုတယ်
အဲ့အစ်ကိုကအတော်ချောတာ ficတွေထဲကလို့
ကိုယ်အရမ်းသဘောကျတဲ့ semeပေါ့ အရင်ကဆို ပျော်နေမှာ ကိုယ့်ရဲ့shipကိုပျော်ပျော်ကြီးရွက်လွှင့်မှာ အခုတော့ မောင့်ကိုမပေးနိုင်တော့ဘူး မောင့်ကဝမ်းလေးရဲ့ တစ်ဦးတည်းတော့ချစ်သူလေ ဖြစ်နိုင်ရင် သိမ်းထားချင်တယ်
ပြောမရဆိုမရလာကြိုချင်တဲ့ချစ်သူနဲ့
ချစ်သူကိုငမ်းနေတဲ့အစ်ကိုကြီးနဲ့တော့
ဟုတ်နေပါပြီ.....
ဝမ်းဝမ်း(one)
YOU ARE READING
ကိုယ်တို့၂ယောက်နဲ့ သူမ (Completed)
Historia Cortaအချစ်ဆိုတာ ၁ယောက်တည်းကိုပဲ ချစ်ရမယ်လို သတ်မှတ်ထားတာလား .... ၂ယောက်ကိုချစ်လို့မရဘူးလား.... ၂ယောက်လုံးကိုလည်းချစ်တယ် ၂ယောက်လုံးကလည်းချစ်တယ် ဘယ်သူမှဒုတိယလူမဖြစ်ချင်ဘူး ..... အခ်စ္ဆိုတာ ၁ေယာက္တည္းကိုပဲ ခ်စ္ရမယ္လို သတ္မွတ္ထားတာလား .... ၂ေယာက္ကိုခ်စ္လို...