part 34 (zawgyi)

94 2 0
                                    

       အိမ်ထောင်ရှင်ဘဝ
ပထမဆုံးမနက်ခင်းလေးမှာ
နိုးထလာတော့...
     ဘေးတဖက်ဆီမှာဝမ်းလေးနဲ့ညီက
အိပ်လို့  ချစ်မွှေးလေးတွေကို
တဖက်ဆီလှည့်ပြီး နဖူးလေးတွေကိုနမ်းပြီး
ထမယ်လုပ်တော့ ...
"အီး.....အဲ..."ဆို အပျင်းကြောဆန့်ပြီး
အိပ်ပုတ်မလေးနိုးလာတယ် .....

"အိပ်အုန်းလေ ....ကလေးလေး
ဘာလုပ်မလိုလဲ ....."

"ကိုကိုနဲ့မောင့်အတွက်...
မနက်စာလုပ်ပေးမလို့လေ...
မောင်ကရုံးပြန်တက်ရတော့မှာ
ထမင်းချိုင့်ထည့်ပေးရမယ်...
ကိုကိုကကော ဆိုင်သွားကြည့်ပြီး
ပြန်လာမှာလား ..."

"အိမ်ထောင်ရှင်မလေး
လုပ်တော့မယ်ပေါ့...
ကိုကိုက ခဏပဲစာရင်းတွေသွားစစ်မယ်
နည်းနည်းလှည့်ပတ်ကြည့်ပြီး ပြန်လာမှာ
ကိုယ်လူတွေက စိတ်ချရတယ် ...."

"ဟုတ်ကဲ့ပါ.....
နေ့လည်စာပါချက်ထားမယ်လေ
အတူစားမယ်...."

"Okပါဗျာ...
ထ....အိမ်ထာင်ရှင်မလေးကို
ချီသွားပေးမယ် ...."ဆိုပြီး
ဘေးမှာအိပ်နေတဲ့ ညီပါးကိုငုံနမ်းပြီး
ဝမ်းလေးကိုဆွဲပွေ့ကာ
ရေချိုးခန်းထဲကို ချီလာပြီး
မျက်နှာသစ်ဖို့ ဘေစင်နားမှာ
ချပေးလိုက်တယ် .....
သွားတိုက်တံ၂ချောင်းကို
သွားတိုက်ဆေးထည့်ပြီး
အတူသွားတိုက်ကျတယ် ...
ဘေးနားမှာ ချစ်ရသူရဲ့
ခါးလေးကို ဖက်ပြီး သွားတိုက်ရတာ
အရာရာပြည့်စုံသွားသလိုပဲ
အိပ်ပုတ်မလေး ကအခုမှ
စောစောထဖူးတာဆိုတော့
အခုမှမျက်နှာအတူသစ်ရတယ်....
သွားတိုက် မျက်နှာသစ်ပြီးတော့
ပါးလေးတွေရဲပြီး
ရေစက်လေးတွေစီးကျနေတဲ့
မျက်နှာလေးက ငုံထားချင်စရာကောင်းအောင်
ချစ်ဖို့ကောင်းတယ် ...
ပန်းရောင်သန်းနေတဲ့ ပါးလေး၂ဖက်ကို
ဆွဲပြီး
နီရဲနုတ်ခမ်းကို စုပ်နမ်းပလိုက်တယ် ....
မိန်ကလေးတွေအလှက
မနက်မျက်နှာသစ်ချိန်ဖြစ်မယ် ....
ဝမ်းလေးက ကိုယ့်ခါးကိုဖက်ပြီး
တုံပြန်နမ်းလာတယ် ....
သွားတိုက်ထားတဲ့
သွားတိုက်ဆေးနံလေးနဲ့
အနမ်းတွေဟာ ချိုမြိန်နေတယ် ....
နမ်းလို့ဝတော့ အောက်ထပ်ဆင်းလာပြီး
ညီအတွက် ထမင်းချိုင့်နဲ့
မနက်စာကိုအတူတူပြင်ဆင်ကျတယ်...
ပြီးတော့ ဝမ်းလေးကို
ညီ့ကိုသွားနှိုးခိုင်းလိုက်တယ် ...
ကလဲစားချေရမယ်ဆိုပြီး
ပျော်ပျော်ရွှင်ရွှင်နဲ့ ကလေးပေါက်က
အပေါ်တက်သွားတယ် .....
ခဏကြာတော့ ဆူပုတ်ပုတ်နဲ့
၂ယောက်သား ဆင်းလာတယ် ...

ကိုယ်တို့၂ယောက်နဲ့ သူမ (Completed)Where stories live. Discover now