ဒီနေ့ ဝမ်းလေးရဲ့ဗိုက်ကိုဆေးခန်းပြဖို့
၃ယောက်သားထွက်လာခဲ့ကျတယ် ....
ဗိုက်ထဲက ဘေဘီလေးကိုမြင်ရမှာမို့
စိတ်လှုပ်ရှားနေတယ်.....
ဆေးခန်းမှာတခြားသူတွေက
၁ယောက်တည်းလာတဲ့သူနဲ့
စုံတွဲလာတဲ့သူနဲ့
တခြားအဖော်တွေနဲ့လာတဲ့သူတွေနဲ့
အစုံပဲ..
ကိုယ်တို့က ဝမ်းလေးကို
အလယ်မှာထားပြီး
အိတ်ကိုင်တဲ့သူနဲ့ ရေတိုက်တဲ့သူနဲ့ဆိုတော့
ဘယ်သူက ကလေးအဖေလဲ ဆိုတဲ့
သိချင်တဲ့ မျက်လုံးတွေနဲ့
ကြည့်နေကျတယ် ...
ကိုယ်တို့က ဂရုမစိုက်ပါဘူး
ကိုယ်တို့က၃ယောက်
သူတိုက၂ယောက်ံတည်းလေ...
ဝမ်းလေးအလှည့်ကျလို့ဝင်သွားတော့
ဆရာဝန်က ကျွန်တော်တို့ကို
မှတ်မိနေပြီ.....
ဗိုက်ကိုစမ်းပြီး အာထရာဆောင်းရိုက်တော့
၇လဖြစ်နေပြီးဖြစ်တဲ့ ဘေဘီလေးတွေကို
တွေ့ရတယ် ....
ဟုတ်ပါတယ်
၁ယောက်တည်းမဟုတ်ဘူး
၂ယောက်တောင်တဲ့
အဲ့တာကြောင့် ဝမ်းလေး အများကြီးစားပြီး
ဗိုက်ကတအားပူနေတာနေမှာ....
ကလေးတွေရဲ့ နှလုံးခုန်သံနဲ့
လှုပ်ရှားမှုလေးမြင်ရတာကို
ပီတိတွေဖြစ်လို့
ဘေဘီလေးတွေက
ယောကျာ်းလေးနဲ့ မိန်းကလေးတဲ့
ဝမ်းလေးနဲ့ တူတဲ့ သမီးလေးဆို
ဘယ်လောက်တောင်
ချစ်စရာကောင်းလိုက်မလဲ....
ချစ်တုန်းလေးတွေကို မြင်ချင်နေပြီ
ရိုးရိုးမမွေးပဲ ဗိုက်ခွဲမွေးဖို့
အခြေအနေမေးပြီး ...
ဆေးရုံတက်ဖို့အချိန်ပါမေးကာ
ပြန်လာခဲ့ကျတယ်....
လူကြီးတွေကိုပျော်အောင်
ပြောပြရအုန်းမယ်လေ...
အိမ်ရောက်တော့ မိဘတွေကိုပြောပြတဲ့အခါ
အမွှာကိုယ်ဝန်က မွေးတဲ့အန္တရာယ်များတယ်
ဆိုပြီး စိတ်ပူနေကျလို့
ခွဲမွေးမယ်ဆိုတဲ့အကြောင်း စိတ်မပူဖို့
ရှင်းပြရတယ် .....
အခုဆို ဝမ်းလေးကို အရင်ကထက်
ပိုပြီးဂရုစိုက်နေရတယ် ....
အိမ်အပေါ်ထပ်အတက်အဆင်း စိတ်ပူလို့
အောက်ထပ်ကိုပြောင်းနေကျတယ် ...
ညနေ လမ်းလျှောက်ထွက်ကျတဲ့အခါဆို
ကိုယ်တို့၂ယောက်၁ဖက်စီလိုက်ပြီး
ဂရုစိုက်နေရတယ် ....
ပတ်ဝန်းကျင်မှာ နေတဲ့သူတော်တော်များများက
ကိုယ်တို့၃ယောက်လက်ထပ်ထားတာ
သိနေကျပြီး
အထူးအဆန်းမဟုတ်ကျတော့ဘူး ....
တချို့ဆို အပြင်သွားရင်ဝမ်းလေးကို
ကံကောင်းလိုက်တာ ၂ယောက်လုံးက
အရမ်းချစ်တာနော် ဆိုပြီး ပြောကျတယ်
ကိုယ်တို့ကတော့ ပြုံးပြုံးကြီးပေါ့....
. . . . . . . . . . . . . . . .
. . . . . . . . . . . . .
ဒီလိုနဲ့ ကိုယ်တို့ရဲ့ ဘေဘီလေးတွေ
ကိုယ်တို့ရဲ့ ချစ်ခြင်းရိပ်မြုံလေးဆီကို
ခိုလှုံမယ့်အချိန်ရောက်ရှိလာတော့မယ် .....
ခွဲမွေးမှာဆိုတော့
ဆေးရုံကြိုတက်ကျရတယ် ...
ဆေးရုံမှာ သီးသန့်ခန်းယူပေးပြီး
ကိုယ်တို့၂ယောက်တလှည့်စီ
စောင့်ပေးရတယ် .....
ကိုယ်တို့ရဲ့ မိတ်ဆွေတွေကလည်း
ဘေဘီလေးတွေကို ကြိုဆိုဖို့
လက်ဆောင်တွေလာပေးကျတာ
အခန်းထဲအပြည့်ပဲ ....
၃ယောက်လက်ထပ်တာမလို့ဆိုပြီး
ရှောင်ဖယ်တာမရှိပဲ
ကိုယ်တို့ရဲ့ အသဲနှလုံးလေးတွေကို
လှိုက်လှိုက်လှဲလှဲကြိုဆိုပေးကျလို့
အရမ်းပီတိဖြစ်ရတယ် ....
ခွဲမွေးမယ့်နေ့ကိုရောက်လာတယ်
ခွဲခန်းရှေ့မှာ ကိုယ်တို့၂ယောက်နဲ့
မိဘတွေက ဘေဘီလေးတွေကို
စောင့်မျှော်ကြိုဆိုကျတယ် .....
ဘေဘီလေးတွေထွက်လာတော့
ကိုယ့်မှာ တလောကလုံးကို
ပိုင်ဆိုင်လိုက်ရသလို့ခံစားရတယ်
ကိုယ်ကလေးအဖေဖြစ်ခဲ့ပြီး
ကိုယ်ဘဝမှာ ဘယ်တော့မှရမယ်မထင်တဲ့
လက်ဆောင်လေးဘေဘီလေးတွေကို
ရရှိတာဟာ
ကိုယ်ဘဝမှာနောက်ထပ်ဘာမှ
ထပ်မလိုချင်တော့အောင်ပြီးပြည့်စုံသွားတယ် ...
ဘေးနားမှရှိတဲ့ ညီ့ကိုဖက်ပြီး
တော်ရုံမျက်ရည်မကျတတ်တဲ့
ကိုယ်ဟာ ဝမ်းသာမျက်ရည်တွေကျလာတယ်
ညီကလည်းမျက်ရည်ကျလို့....
YOU ARE READING
ကိုယ်တို့၂ယောက်နဲ့ သူမ (Completed)
Historia Cortaအချစ်ဆိုတာ ၁ယောက်တည်းကိုပဲ ချစ်ရမယ်လို သတ်မှတ်ထားတာလား .... ၂ယောက်ကိုချစ်လို့မရဘူးလား.... ၂ယောက်လုံးကိုလည်းချစ်တယ် ၂ယောက်လုံးကလည်းချစ်တယ် ဘယ်သူမှဒုတိယလူမဖြစ်ချင်ဘူး ..... အခ်စ္ဆိုတာ ၁ေယာက္တည္းကိုပဲ ခ်စ္ရမယ္လို သတ္မွတ္ထားတာလား .... ၂ေယာက္ကိုခ်စ္လို...