ကိုယ်နဲ့ညီက ရုံးသွားလိုက်
ဝမ်းလေးက မိဘတွေနဲ့နေခဲ့ပြီး
စားလိုက်သောက်လိုက်အိပ်လိုက်နဲ့
အချိန်တွေကုန်လွန်နေခဲ့တာ
ဝမ်းလေးကိုယ်ဝန်၇လထဲကို
ရောက်လာခဲ့ပြီ.....
ဗိုက်က ဒီကြားထဲ အမေတွေအလိုလိုက်ပြီး
ကျွေးသမျှအကုန်စားပြီး
ဝမ်းလေးဗိုက်က တော်တော်ကိုပူလာတာ
ဒီတခါဆေးခန်းပြရင်အာထရာဆောင်း
ရိုက်ကြည့်ရမယ် ဘာလေးလဲဆိုတာ ...
အရင်တခါသွားပြပြီး
ဗိုက်အပ်တုန်းက မရိုက်ခဲ့ရဘူး...
ဆေးခန်းပြတော့လည်း
အဖေနေရာမှာ နာမည်၂ခုထည့်ထားတော့
ကိုယ်တို့ကိုအထူးအဆန်းလို
အကြည့်ခံရတယ် .....
ဆရာဝန်ရဲ့ ဆင်ခြင်ခိုင်းတာတွေ
နားထောင်ခဲ့ရတယ် ....
ကိုယ်တို့က ကလေးကို ထိခိုက်အောင်
ဘာမှမလုပ်ပါဘူး...
ကိုယ်ဝန်ရှိတယ်စကြားကတည်းက
သဲသဲလှုပ်တုန်နေအောင်
ချစ်တာကို .....
ဒီနေ့တော့ ညီက လာမကြိုခိုင်းဘူး
သူတို့အလုပ်က ဒင်နာပါတီရှိလို့
ပြန်မှလာကြိုပေးဖို့ပြောထားတာနဲ့
ညီ့ကိုသွားမကြိုပဲ
ကလေးဘာစားချင်လဲမေးဝယ်ပြီး
အိမ်ပဲတန်းပြန်လာခဲ့တယ် ....
အိမ်ရောက်တော့
သူမှာထားတာတွေစားဖို့
ဘေဘီဗိုက်ကအဆင်သင့်ကြိုနေခဲ့တယ် ...
ကိုယ်ကလေးလေးက ဂစ်တာရှိတ်ကနေ
မီးပုံးပျံရှိတ်လေးဖြစ်နေပြီး .....
ညဆိုလည်း ဗိုက်နဲ့ဆိုတော့
ကောင်းကောင်းမအိပ်နိုင်ဘူး
ကိုယ်တို့မှာ စာအုပ်တွေဖတ်ပြီး
လိုအပ်တာတွေလုပ်ပေးနေရတယ် ...
ဗိုက်ကြောပြတ်တတ်တယ်ဆိုလို့
ညဆို ဆီလိမ်းပေးပြီးမှအိပ်ခိုင်းရတယ်...
ကလေးအတွက်ဝယ်လာတာတွေကို
စားပြီးတော့
ရေချိုးဖို့ ပြင်ဆင်ပေးနေတာ
ကလေးရဲ့ ၇လဗိုက်အတော်ပူနေတော့
လှုပ်ရှားရတာမလွယ်ဘူး ...
ရေပူရေအေး သေချာစပ်ပေးပြီး
ကလေးကိုရေထဲ စိမ်ခိုင်ကာ
ကိုယ်က ခေါင်းလျော်ပေးနေရတယ်
ကလေးရဲ့ ဆံပင်အရှည်တွေက
မွေးခါနီးရင်တော့ဖြတ်ပစ်ရတော့မှာ
အခုတော့ ပျော့အိနေတဲ့
ဆံနွယ်လေးတွေကို
သေချာထိန်းသိမ်းပေးထားရတယ် ....
ခေါင်းလျော်ရေချိုးပေးပြီး
ဗိုက်ကျောမပြတ်အောင်
အဆီလိမ်းပေးပြီးတော့
ငပျင်းလေးကိုညလိမ်းခရင်ပါ
လိမ်းပေးလိုက်တယ် ....
ပြီးတော့ပါးလေးနဲ့ နှဖူးလေးကို
အမြန်တနိုးနမ်းမိတယ် .....
"ကဲ...ကလေးလေးအိပ်ချင်နေတာ
မှတ်လားအိပ်လို့ရပြီ...."
YOU ARE READING
ကိုယ်တို့၂ယောက်နဲ့ သူမ (Completed)
Short Storyအချစ်ဆိုတာ ၁ယောက်တည်းကိုပဲ ချစ်ရမယ်လို သတ်မှတ်ထားတာလား .... ၂ယောက်ကိုချစ်လို့မရဘူးလား.... ၂ယောက်လုံးကိုလည်းချစ်တယ် ၂ယောက်လုံးကလည်းချစ်တယ် ဘယ်သူမှဒုတိယလူမဖြစ်ချင်ဘူး ..... အခ်စ္ဆိုတာ ၁ေယာက္တည္းကိုပဲ ခ်စ္ရမယ္လို သတ္မွတ္ထားတာလား .... ၂ေယာက္ကိုခ်စ္လို...