part 37

2.8K 28 0
                                    

     ကုတင်ပေါ်မှာ မှိန်းနေတဲ့
ကလေးဘေးတဖက်စီဝင်ထိုင်ပြီး
အိပ်နေတဲ့ မျက်နှာလေးကို
ထိုင်ကြည့်နေမိတယ် ...
ဘာလိုလိုနဲ့ ကိုယ်တို့တတွေ
မိဘဖြစ်လာတော့မယ် ...
ကိုယ်တို့၃ယောက်ရဲ့ဘဝထဲကို
ကလေးပေါက်လေးရောက်လာတော့မှာပေါ့
မိဘဖြစ်ရတော့မယ်ဆိုတဲ့
ပျော်ရွှင်ရတဲ့ ခံစားချက်က
တလောကလုံးကို ပိုင်ဆ်ိုင်လိုက်ရသလိုပဲ
အရာရာပြီးပြည့်စုံသွားပြီဆိုတဲ့
ပျော်ရွှင်မှုမျိုးပေါ့....
ကိုယ်က ဂေးမို့ ကလေးဆိုတာ
ကိုယ်နဲ့ မဆိုင်ဘူးလို့ခံယူထားခဲ့တာ
တကယ်လို့ လိုချင်တယ်ဆိုလည်း
အငှားကိုယ်ဝန်ဆောင်တာ ဖြစ်ဖြစ်
မိဘမဲ့ကလေးကျောင်းက ဖြစ်ဖြ
မွေးစားပြီးကလေးယူမယ်ပေါ့....
တကယ်ဆို ကိုယ့်ရဲ့ရှေ့လျောက်မယ်
ဘဝခရီးမှာ ကိုယ်ကိုယ်တိုင်က
လူပျိူကြီးပဲနေရမလားတွေးထားတော့
ကလေးနဲ့ ကိုယ်က မသက်ဆိုင်သလိုပဲ
အခုတော့ ကိုယ့်ကိုလက်တွဲဖော်
၂ယောက်အပြင် ကလေးလေးပါ
ဖန်တီးပေးခဲ့တဲ့ ကံကြမ္ပာကို
ကျေးဇူးတင်ပါတယ်...

"ဟဲ့ ...ဘာထိုင်ငမ်းနေကျတာလဲ....
လူကြီးတွေကိုဖုန်းဆက်ပြီးပြီလား ..."
အစ်မရောက်လာပြီး
ပြောမှပဲ သတိဝင်လာတယ်
အဖေတို့အမေတို့ကိုမပြောရသေးဘူး...

"မပြောရသေးဘူး...
ပြောလိုက်မယ် ...
ညီကအဖေနဲ့အမေကိုဆက်လိုက်
လာချင်တယ်ဆို ပင်ပန်းတယ်
ဆေးရုံကိုမလာနဲ့
အိမ်ကိုပဲလာခဲ့လို့ပြောလိုက်
ကြိုရမယ့် ကားလွှတ်ပေးမယ်လို့
ကိုယ်ကတခြားလူတွေကို
ဖုန်းဆက်လိုက်မယ်  .."

"ဟုတ်..."
    
    ကိုယ်ကဝမ်းလေးမိဘတွေနဲ့
အလုပ်ကလူတွေကိုဖုန်းဆက်ပြီး
babyလေးကို ကြိုဆိုဖို့
စီစဥ်ခိုင်းလိုက်တယ်...
ကလေးလေးနိုးလို့ အိမ်ပြန်ရင်
အဆင်သင့်ဖြစ်အောင်
ပြင်ဆင်ထားရမယ်...

"ကိုယ်ဝန်လက္ခဏာတွေမပြဘူးလား
ဘယ်၂လရှိပြီတဲ့လဲ ....."

"၄လတဲ့ .....
ဟန်းနီမွန်းဘေဘီလား ပဲ
မနက်ကအန်ချင်သလို
ရင်ပြည့်ချင်တယ်ပြောတာ
အစားများပြီး
ရင်ပြည့်တယ်ထင်လို့
ယမင်းနဲ့အိမ်မှာထားခဲ့တာလေ
ဘယ်လိုမူးလဲလဲမသိဘူး ....."

ကိုယ်တို့၂ယောက်နဲ့ သူမ (Completed)Where stories live. Discover now