part 22(zawgyi)

83 1 0
                                    

ဝတ်စုံဝယ်ဖို့အတွက်
မမအသိပိုးထည်တိုက်ကို
အရင်သွားလိုက်တယ်....
ဆိုင်ကိုရောက်တော့
ပိုင်ရှင်အစ်မက

"ဟယ်...နိုင်းမရောက်တာကြာပြီနော်
ဘယ်အတွက် လာတာလဲ ...."

"ကျွန်တော့်မင်္ဂလာဆောင်အတွက်
ဝတ်စုံလာရွေးတာ...." ဆိုပြီး
ညီနဲ့ ဝမ်းလေးကို
လက်ဆွဲဝင်သွားတော့
ဆိုင်ရှင်အစ်မက ဘယ်တယောက်လဲ
ဆိုပြီး လိုက်ကြည့်နေတယ် ....

"လူပျိုကြီးလည်း စွံသွားပြီးပေါ့
မင်္ဂလာဆောင်ကဘယ်နေ့လဲ....."

"ဒီလ၂၈ရက်ပါ...အစ်မ
အိမ်တက်မင်္ဂလာဆွမ်းကျွေးမယ် ...
ဘုန်းကြီးကျောင်းမှာရှိတဲ့
မိဘမဲ့ကလေးတွေနဲ့ဘိုးဘွားတွေကို
အဟာရဒါနနဲ့လိုအပ်တာတွေလှူမယ်
မင်္ဂလာဆွမ်းကျွေးမယ် .....
နီးတဲ့အခါကျရင် ဖိတ်စာပို့လိုက်မယ်
အလောတကြီးဆိုတော့
ဖိတ်စာမရိုက်ရသေးဘူး
ဒီကပြန်မှဖိတ်စာရိုက်မှာ ...."

"အေးပါလာခဲ့မယ် ....
အခုဘယ်လိုဝတ်စုံယူမှာလဲ ...
သူတို့လေးတွေက မောင်နှမလား ...
ဘယ်သူနဲ့လည်းယူမှာက...."
ကိုယ့်အကြောင်းသိနေတဲ့ အစ်မက
ဘယ်သူနဲ့မှန်းမသိတော့
ဇဝေဇဝါနဲ့မေးလာတယ်....
အစ်မမေးလို့သေချာကြည့်မှ
ကလေး၂ယောက်က
ရုပ်ချင်ဆင်ကျတယ်...
ထင်လဲထင်ချင်စရာ

"၂ယောက်လုံးနဲ့ယူမှာ
သတို့သားဝတ်စုံ၂စုံစီနဲ့
သူတို့သမီးအတွက်၂ထည်ယူမယ်
ယောက္ခမယောက္ခထီးတွေအတွက်လည်း
ယူမယ် ....."

အဲ့လိုပြောလိုက်တော့ ဆိုင်ရှင်အစ်မက
"ဟမ်...."ဆိုပြီး ပါးစပ်အဟောင်းသားနဲ့
အံသြနေတယ် ..
သူတို့တွေက ကိုယ့်ကိုယောက်ကျာ်းယူမယ်ပဲ
ထင်ကျတာလေ😉😉

"ဟမ်...လုပ်မနေနဲ့
ဘာတွေယူရမလဲအကြံပေးပါအုန်း...
ဝမ်းလေးနဲ့ လိုက်မယ့်အရောင်နဲ့အစကို
အရင်ရွေးလေ ကိုယ်တို့က
နောက်မှတိုက်မယ် ..
ကလေးလေး ဘာယူချင်လဲ..."

အစတွေကိုလိုက်ကြည့်နေတဲ့
ကလေးလေးက

"မသိတော့ဘူးအများကြီးပဲ ...
ဝမ်းလေးက အမေရွေးပေးတာ
ဝတ်လိုက်တာပဲ...."

"ဟုတ်လား ....လာခဲ့
ကလေးလေးနဲ့ လိုက်တာ
ကိုကိုရွေးပေးမယ် ...
အစ်မ ဘယ်အစကောင်းမလဲ
ပြပေးပါအုန်း ...."

ကိုယ်တို့၂ယောက်နဲ့ သူမ (Completed)Where stories live. Discover now