ကိုယ်တို၃ယောက်ပြင်ဆင်ပြီး စားသောက်ဆိုင်က သီးသန့်ခန်းမှာ
ကလေးတွေကို မနက်စာအရင်ဝင်ကျွေးရတယ်
စားသောက်နေရင်းနဲ့ ...."ကလေးတို့......
ကိုယ် မင်းတို့ကိုပြောစရာရှိတယ် "အဲ့တော့ မနက်စာကို
အပြိုင်အဆိုင်ငုတ်စားနေတဲ့၂ယောက်က
မော့ကြည့်လာတယ် ......."မနေ့က ဝမ်းလေးပေးတဲ့အကြံက
ယာယီအတွက်တော့ကောင်းပါတယ် ......
နောက်ပိုင်းကိုယ်တို့
သားသမီးတွေဘာတွေရလာတဲ့အခါကျ
အဆင်မပြေတော့ဘူး .....
သိလားအဲ့ဒါကို "ဝမ်းလေးက "ဘာဖြစ်လို့လဲကိုကို..."
"သေချာစဉ်းစားကြည့်ရင်
ဝမ်းလေးအတွက်မကောင်းဘူးလေ
ကိုယ်တို့က အိမ်ရှင်နဲ့အိမ်ငှားဆိုပြီး
အတူနေပါပြီတဲ့....
နောက်ကျ ကလေးတွေရလာမယ်လေ
အဲ့ကျ ကလေးတွေက ကိုယ်နဲ့တူနေရင်
ဝမ်းလေးကို ကိုယ်နဲ့ဖောက်ပြန်တယ်လို့
ဝိုင်းပြောကျမှာပေါ့ ...."
ပြောပြီး ကလေးတွေကိုကြည့်လိုက်တော့
တွေတွေလေးတွေစဉ်းစားနေပြီ"ဟုတ်တယ်နော် ကိုနိုင်း"
"ဟုတ်တယ်နော်ကိုကို .....
ဘယ်လိုလုပ်ကျမလဲဟင်....?""ကိုကိုပြောတာကို သေချာနားထောင်နော်
ကိုကိုက ညီနဲ့ဝမ်းလေးကို
တကယ်တာဝန်ယူချင်တာ
ပုန်းလျိုးကွယ်လျိုးနဲ့ တိတ်ပုန်းလုပ်ပြီး
နောင်ကိုလူပြောခံရမှာထက်
အခုကိုကိုတို့က လူကြီးတွေကိုဖွင့်ပြောပြီး
မင်္ဂလာဆွမ်းကျွေးပြီး...
အလှူအတန်းလုပ်ကျမယ်လေ
ဝမ်းလေးအတွက် တသက်မှာတခါပဲ
လုပ်ရတဲ့ မင်္ဂလာပွဲကို
အကျည်းချုံးလုပ်လိုက်မယ်လို့ ပြောရလို့
စိတ်မကောင်းပါဘူးကလေးရယ် ...
ကလေးကို ကိုကိုက
နောက်ကျရင် စိတ်ချမ်းသာ
ပျော်ရွှင်အောင်ထားမှာပါ
ကိုကိုကို ယုံလား.....""ယုံပါတယ် ကိုကို.....
ဝမ်းလေးတို့၂ယောက်ကလည်း
အရင်ကတည်းက
တခမ်းတနားဆောင်ဖို့အစီအစဉ်မရှိပါဘူး...
ဝမ်းလေးတို့က၂ယောက်ခွဲနေကျဖို့
အိမ်စီစဉ်ပြီးရင်
အသိမိတ်ဆွေဖိတ်မိဘစုံရာနဲ့ပဲ
မင်္ဂလာဆောင်မယ်စီစဉ်ထားတာ...
ဟုတ်တယ်နော်မောင်...."
YOU ARE READING
ကိုယ်တို့၂ယောက်နဲ့ သူမ (Completed)
Short Storyအချစ်ဆိုတာ ၁ယောက်တည်းကိုပဲ ချစ်ရမယ်လို သတ်မှတ်ထားတာလား .... ၂ယောက်ကိုချစ်လို့မရဘူးလား.... ၂ယောက်လုံးကိုလည်းချစ်တယ် ၂ယောက်လုံးကလည်းချစ်တယ် ဘယ်သူမှဒုတိယလူမဖြစ်ချင်ဘူး ..... အခ်စ္ဆိုတာ ၁ေယာက္တည္းကိုပဲ ခ်စ္ရမယ္လို သတ္မွတ္ထားတာလား .... ၂ေယာက္ကိုခ်စ္လို...