အပိုင်း ( ၅ )

561 27 0
                                    

အိမ်ကိုရောက်တော့ ခြံတံခါးပိတ်ထားသည်ပင်...အိမ်သော့က
ဟန်ဟန့်ဆီမှာ မရှိ ၊တီချယ်ကတော့ ကားပေါ်က မဆင်းသလို မောင်းလဲမမောင်း၊ကားမှန်လဲတင်ထားတော့ တီချယ်အထဲမှာ ဘာလုပ်နေတယ်ဆိုတာ ဟန်ဟန်မသိချေ။ထိုအချိန် မိုးတွေက သဲကြီးမဲကြီး ရွာချလေတော့သည်။ မိုးက​ တစ်ချက်ချက်လေပါ ပါလာတော့ ဟန်ဟန်တောင် လွင့်တော့မလိုလိုပင်..၊ဟန်ဟန်တစ်ကိုယ်လုံးလဲ မိုးရေတွေစိုရွဲနေသလို ကြွက်စုပ်ဖြစ်ချေပြီ အိမ်ထဲကို လှမ်းခေါ်ရင်လဲ ကြားမည်မဟုတ်..ဘောင်းဘီအိတ်ထဲက ဖုန်းကိုထုပ်ပြီး မေမေကိုခေါ်ရတော့သည်။ တီ...တီ.. ဟာကွာ......
မေမေကလည်းဖုန်းမကိုင်ပါ...

"ဟေ့ ! ဒီမယ် !! မင်းအဲ့မှာ ဘာလုပ်နေတာလဲ မိုးရွာနေတ​ယ်လေ
မင်းက လသာနေတယ်လို့ ထင်နေတာလား...”
ကားမှန်ကိုချ ပြီး တီချယ်ကလှမ်းအော်တော့မှ ဟန်ဟန်ကားနားသွားလိုက်တော့သည်။

" တီချယ်..မေမေက ဖုန်းဆက်တာမကိုင်လို့ အိမ်ကလဲ သော့ခတ်ထားတယ် နွေ ဘာလုပ်ရမှန်းမသိလို့ ရပ်နေတာပါ ”
တီချယ်ကဆူနေတာမဟုတ်ပေမယ့် ဟန်ဟန် ဘာကိုဝမ်းနည်းနေလို့ ဝမ်းနည်းမှန်းမသိ၊ အားငယ်စိတ်တို့က စိတ်ထဲပလုံစီနေပေသည်.
မိုးရည်တွေနဲ့မို့ ငိုနေတာမသိသာလောက်ဘူးထင်ပါတယ်

" ဒါများကွာ.. အိမ်ပဲပြန်လိုက်ခဲ့လိုက်တော့...မြန်မြန်တက် ကြာရင် မင်းဖျားလိမ့်မယ်ကွ....”

" ဟုတ်ကဲ့...”
နွယ်ကားကို မြန်မြန်မောင်းရတော့သည်။ ကြာရင် ဒီကောင်မလေးဖျားတော့မည်မလား အမြန်လိုချင် အနှေးဖြစ်ဆိုသလို ရန်ကုန်မြို့ရဲ့ထုံးစံအတိုင်း မိုးရွာရင် ကားကပိတ်ပြီလေ...တစ်လမ်းလုံး
နွယ်တို့ စကားမပြောဖြစ်ခဲ့....

*************
" ဟေ့ ! ဒီမယ် !!”

"ဟေ့ ထဦး...”
အိမ်ရောက်တော့ ကောင်မလေးက အိပ်ပျော်နေပေသည်။ ပါးဖောင်းဖောင်းလေးက ကိုက်ချင်စရာ ၊အိပ်နေတာလေးကို ထိုင်
ကြည့်နေချင်ပေမယ့် ဒီမှာတော့ အိပ်လို့မဖြစ်ဘူးမလား ခုဏက တစ်ကိုယ်လုံးစိုရွဲနေတဲ့ အဝတ်အစားတွေက ကိုယ်ငွေ့နဲ့ဖန့်နေပြီလေ...

"ဟင်...အယ် ရောက်​ပြီလား၊ တောင်းပန်ပါတယ် နော် နွေအိပ်ပျော်သွားလိုပါတီချယ်...”

ချန်ထားရစ်ခဲ့လေသော်...( Completed )Where stories live. Discover now