တီချယ်ခေါ်တဲ့နောက်သာလိုက်လာခဲ့တာ...တီချယ်အိမ်ကိုမဟုတ်ဘဲ..၅လွှာမြောက် ကွန်ဒိုတိုက်ခန်း...တစ်ခုအရှေ့ကိုရောက်လာခဲ့သည်...အခုချိန်ထိတီချယ်က..စကားတစ်ခွန်းမှမပြောသေး..သူလဲမမေးမိ...စကားပြောမိရင်လည်း..နှစ်ယောက်သားက အခြေအတင်စကားတွေကလွဲရင်...ကျန်တဲ့စကားထွက်မည်မဟုတ်ပေ....
" ဒီတိုက်ခန်းက...”
" အင်းတို့ဝယ်ထားတာ..မင်းမွေးနေ့အတွက်...ဝယ်ထားတာတော့ကြာပြီ..မင်းလည်း စာမေးပွဲတွေနဲ့ရှုပ်နေတာရော...ငါလည်းအလုပ်နဲနဲရှုပ်နေတာရောကြောင့်....မပေးဖြစ်တာ...”
" အော်...တီချယ် မဂ်လာဆောင်အတွက်..အလုပ်ရှုတ်နေတယ်လို့ပြောစမ်းပါ...မသိတာမဟုတ်ဘူး...မသိချင်ယောင်ဆောင်ပေးထားတာ..”
" အင်း..မင်းကိုပြောခဲ့သားပဲ....တစ်ချိန်ချိန်မှာတို့လက်ထက်ရမယ်ဆိုတာဒါမဲ့မြန်မြန်ဆန်ဆန်ဖြစ်သွားလိမ့်မယ်တော့ခဲ့ဘူး..ထားပါ..မင်းကြိုက်ရဲ့လား...မင်းကြိုက်တဲ့အရောင်အတိုင်းကို...သေချာပြင်ခိုင်းထားတာ...အပြာရောင်လေးတွေ...လေ...”
" လှပါတယ်...ကြိုက်လဲကြိုက်တယ်..ဒါမဲ့တီချယ့်ဆီက လိုချင်တာဒါတွေမဟုတ်ဘူးနော်..မသိတာလား...မသိချင်ယောင်ဆောင်တာလား..ဟက်..”
" တို့မင်းဘဝလေးကို...အလှဆုံးဖန်တီးပေးချင်တယ်နွေ...မင်းလှလှပပလေး..ဖူးပွင့်လာတာကို.အဝေးကနေ..ဂရုတစိုက်ကြည့်နေပါ့မယ်...မင်းဆယ်တန်းပြီးရင် ဘာလုပ်မှာလဲနွေ...ငါကတော့မင်းကို..ဘာဖြစ်ရမယ်ညာဖြစ်ရမယ်ဆိုတာထက်..လူ့လောကမှာ..ဘယ်သူမှမရှိလဲ..မင်းတစ်ယောက်တည်းရပ်တည်နိုင်တဲ့..လူတစ်ယောက်ဖြစ်စေချင်တယ်...မင်းအမေလိုမျိုးပေါ့...အော်..မမလွန်းကို..ပြောချင်တာပါ..အစ်မနေးကိုမဟုတ်ဘူး...”
" နွေ...ကော်ဖီဆိုင်လေးဖွင့်ပြီး..ပန်းချီလေးတွေဆွဲချင်တယ်..ပန်းချီဆရာတစ်ယောက်ဖြစ်ချင်တယ်..”
" အင်း ဒါဆို တို့ မင်းကို..ကော်ဖီဆိုင်ဖွင့်ပေးမယ်...အင်း..တိုက်ခန်းနဲ့နီးတဲ့နေရာမျိုးဆိုပိုကောင်းမယ်....ပန်းချီသင်တန်းတက်ဖို့ကို..တို့အသိပန်းချီဆရာတွေဆီမှာ လိုက်အပ်ပေးမယ်..ကားကတော့..နောက်ကျမှဝယ်ပေါ့..မင်းက
အသက်ပြည့်ပေမယ့်..တို့စိတ်မချဘူး..လောလောဆယ်သင်တန်းအသွားအပြန်ကိုတော့ တို့လိုက်ပို့ပေးပါ့မယ်...မင်းကကော်ဖီဖျော်တဲ့သင်တန်းရယ်..ပန်းချီသင်တန်းရယ်..အဲ့နှစ်ခုကိုအချိန်ခွဲပြီးသင်ပေါ့...မင်းအောင်မြင်လာတဲ့အခါ..ပြခန်းဖွင့်ဖို့အတွက်...တို့စီစဥ်ထားပေးခဲ့မယ်...တစ်ခုတော့.ရှိတာပေါ့..မင်းဘက်ကကြိုးစားမှတော့ရမှာ..ဘယ်အရာမှတော့မလွယ်ကူဘူး...တို့ဘယ်လောက်လုပ်ပေးလုပ်ပေး..မင်းဘက်ကလိုက်မလုပ်ရင်...တို့လုပ်ပေးသမျှတွေက..အရာထင်မှာမဟုတ်ဘူး...ပြီးတော့ဒါ..တို့ဘဏ်ကဒ်.
.ဒါက..တို့ပိုင်ဆိုင်မှုစာရွက်စာတမ်းတွေ...ဗိုလ်ချုပ်လမ်းက..အိမ်နဲ့ခြံရယ်..တို့စီးနေတဲ့ကားရယ်..အကုန်..မင်းကိုလွဲပေးခဲ့တယ်....ဒါတွေက..မေမေတို့နဲ့မဆိုင်ဘူးနော်...ဖေဖေ.မသေခင်တည်းက...တို့အတွက် ရသင့်တဲ့အမွေတစ်ချို့...မင်းကို..ပြန်လွဲခဲ့ပေးတာ..အဲ့ဒီအတွက်..ဘယ်သူကမှ..မင်းကို...ကန့်ကွက်မှာမဟုတ်ဘူး...”