၅ခုမြောက်နွေရာသီတစ်ခု...ထပ်ပြီးတော့..ဒီနေရာလေးကိုရောက်လာမိပြန်ပြီ...တီချယ့်ကို ဒီနေရာလေးမှာထပ်ပြီးတော့စောင့်နေမိပြန်ပြီ...နွေအခုဆို..နွေ့ဘဝလေးအေးချမ်းနေပြီထင်ပါတယ်....နွေ့ဖြစ်ချင်တဲ့..နာမည်ကျော်ပန်းချီဆရာမ..မဖြစ်ခဲ့ပေမယ့်.အတန်အသင့်ဆွဲနိုင်တဲ့ပန်းချီဆရာတစ်ယောက်ဖြစ်နေပါပြီ..ပန်းချီပြခန်းမဖွင့်နိုင်ခဲ့ပေမယ်..အခန်းတစ်ခုတည်းမှာ...တီချယ်ပုံတွေကို..ပုံစံမျိုးစုံဆွဲပြီး..သိမ်းထားနိုင်ခဲ့ပါပြီ...နွေ့အကြောင်းကတော့ရိုးရှင်းပါတယ်..တီချယ်ချန်ထားရစ်ခဲ့တဲ့အတိုင်း..ဒီတိုင်းလေးပဲရှိနေခဲ့ပါတယ်..ကော်ဖီဆိုင်လေးဖွင့်..အားတဲ့အချိန်တီချယ့်ပုံလေးတွေဆွဲပြီးဘဝကိုအေးအေးချမ်းချမ်းပဲဖြတ်သန်းမိတယ်...နွေကလွဲပြီး ၅နှစ်အကြာမှာအရာရာပြောင်းလဲသွားပြီတီချယ်..တွယ်တာနဲ့မေမေကတော့..သူတို့အချစ်တွေကို အခုချိန်ထိ သစ်လွင်လက်ဆက်နေတုန်းပေါ့..မေမေရဲ့အပျော်တွေက...တွယ်တာမေမေ့အပေါ်ဘယ်လောက်တောင် တန်ဖိုးထားလဲ..အရမ်းကိုသိသာပါတယ်လေ...တွယ်တာ မေမေကိုချစ်တက်ပုံက..တစ်ခါတစ်လေ..နွေတောင်အားကျမိတယ်တီချယ်..နွေလဲတီချယ့်ကို..ဘယ်လောက်ချစ်ကြောင်း..ဘယ်လောက်တောင်မြတ်နိုးကြောင်း..သက်သေပြချင်တယ်..နွေကတော့..အချစ်ကံခေခဲ့တယ်ထင်ပါရဲ့..တီချယ်ကနွေ့အတွက်...အလွမ်းတွေကို..ချန်ရစ်ထားခဲ့တယ်..တီချယ်ချန်ရစ်ထားခဲ့တဲ့...အလွမ်းတစ်ချို့နဲ့အတူ..ဘဝကို..အနှောင်အဖွဲ့ကင်းကင်း... ရှင်သန်နေတယ်..သစ္စာကတော့..ထက်နဲ့လက်ထက်ပြီး..အမွှာလေးနှစ်ယောက်မွေးထားတယ်တီချယ်...သူတို့မိသားစုလေးကိုလဲ..နွေသိပ်ကိုအားကျတယ်တီချယ်...မိသားစုဆိုတဲ့..အသိုက်အမြုံလေးကို..နွေလဲ..တီချယ်နဲ့အတူလိုချင်မတ်မောခဲ့ဘူးတယ်...ဒါပေမဲ့..ကံတရားက..နွေ့ကို..အနှောင်အဖွဲ့ကင်းစေချင်တယ်ထင်ပါတယ်..တီချယ်ရယ်...အလွမ်းတွေကို...ထွေးပိုက်ပြီး..ဟိုးအဝေးတစ်နေရာကတီချယ့်ကို..မျှော်ကြည့်ခွင့်တစ်ခုပဲ..ပေးခဲ့တယ်.ထင်ပါတယ်...တီချယ့်တို့မဂ်လာဆောင်ကို...နွေမတက်ရဲခဲ့ဘူး...သိမ်ငယ်စိတ်တွေနဲ့မတက်နိုင်ခဲ့လို့..မရောက်ခဲ့ပေမယ့်..မြန်မာဝမ်းဆပ်လေးကို အလှပဆုံးအရိုးရှင်းဆုံး ဝတ်ထားတဲ့ အညိုရောင် သတို့သမီးလေးကို..အဝေးကနေပဲကြည့်ခဲ့ပါတယ်...တီချယ့်အပြုံးတွေဟာ..တောက်ပလွန်းတယ်လေ...ဒါဆိုသေချာပါတယ်..တီချယ်ပျော်နေတယ်ပေါ့.. ..
![](https://img.wattpad.com/cover/359761188-288-k42769.jpg)