" မမလွန်း...”
" အယ်..လာလေ..ကလေး..ဝင်ခဲ့...မတွေ့တာတောင်ကြာပြီ....နေ
မကောင်းဖြစ်သေးလား..ကလေး..”" မဖြစ်ပါဘူးမမလွန်း...နေးဒီရက်ပိုင်းစာမေးပွဲရှိလို့..အိမ်အပြင်မထွက်ဖြစ်တာ...စိတ်ကတော့ မမလွန်းဆီအမြဲရောက်နေတာ.ဟီး”
" ဟားဟား..ကဲကလေးဘာစားမလဲပြော...မမဘာလုပ်ကျွေးရမလဲ..”
" ဘာလို့လဲ မမလွန်း...ဒီနေ့မမမွေးနေလား..ကြိုသိရင်..လက်
ဆောင် တစ်ခုခုရှာခဲ့ပါတယ်...”" အယ်..မဟုတ်ပါဘူးကလေးရဲ့..ကလေးကပြောတယ်..စိတ်ကမမလွန်းဆီအမြဲရောက်နေတာဆိုလို့မုန့်ကျွေးမယ်ပြောတာ...”
" အော်..ဒါကြောင့်ဆိုတော့မကျွေးပါနဲ့နော်..နောက်ကျမှအိမ်ကိုအချိန်တိုင်းလာနေလို့ရိုက်ထုပ်ရင်ဘယ်လိုလုပ်မလဲပြော....”
" အာ..ရိုက်မထုပ်ပါဘူးနော်...ကလေးသာလာမယ်ဆို..မမလွန်းအိမ်ကအမြဲတမ်းတံခါးဖွင့်ထားတယ်..အိမ်မှာလာနေချင်တောင်ရတယ်..အိမ်မှာက မမလွန်းတစ်ယောက်တည်း..”
" မမအိမ်က လူကြီးတွေက ဘယ်သွားလဲဟင်....ဟို..နေးစပ်စုတာမဟုတ်ဘူးနော်...ဒီတိုင်းသိချင်တာ...”
" အမယ်..သိချင်တာနဲ့..စပ်စုတာမတူဘူးလားပြော..”
" ဟီး..တူတူပါပဲ..ဒါမဲ့မမအကြောင်းလေးတွေကို..နေးကသိချင်ရုံပါ...”
" ကဲပါ..ပြောပြမယ်...မမဖေဖေက ဆုံးသွားတာကြာပြီ..မေမေကတော့..မမငယ်ငယ်လေးထဲက ထွက်သွားတာ..အခုချိန်ထိပြန်မလာဘူး..မမကဂေဟာမှာကြီးပြင်းခဲ့ရတာလေ...ဒီအိမ်လေးက..ဖေဖေရဲ့အမွေလေးပေါ့..ဒါလေးကြောင့်သာ..မမ..လမ်းဘေးမရောက်တာပေါ့ကလေးရယ်...”
" အို..နေးမေးမိတာမှားပြီထင်တယ်...စိတ်မကောင်းမဖြစ်ပါနဲ့နော်...မမနားမှာ ခုကစပြီးနေးရှိနေမှာ...မမကနေးကို..ညီမလေးတစ်ယောက်လိုသဘောထားပေါ့..ပြီးတော့လေ..မမ မေမေကို နေးပြန်ရှာပေးရမလားဟင်..”
" မရှာတော့ဘူးကလေး...မမကိုမချစ်လို့ ထားခဲ့တဲ့မေမေ့ကို မမစိတ်မနာပေမယ့်..မရှာချင်တော့ဘူး..သူလည်းသူဘဝနဲ့သူဖြစ်နေလောက်ပါပြီ..မွေးပေးခဲ့တာကို..ကျေးဇူးတင်ရုံပေါ့ကလေးရယ်...”