အပိုင်း ( ၈ )

540 27 0
                                    

နေး မမရဲ့အုတ်ဂူလေးကို သန့်ရှင်းရေး လုပ်ပေးနေမိသည်။ နှစ်တွေကြာလို့ ဆေးသားရေးရေးလေး ပေါ်နေပေမယ့် မမလွန်းဆိုတာ နေးမှတ်မိပါသည်...မမဆီ တစ်နှစ်တစ်ခေါက်တော့ ရောက်အောင်လာဖြစ်သည်..ဒီနေ့လိုရက်မျိုးတွေဆို မမကိုသိပ်သတိရသည်၊

နေးလေ..မမကိုသိပ်လွမ်းတာပဲ..မမရဲ့ကလေးလေးကို..မမရဲ့အကြောင်းတွေကို ပြောပြချင်လှပါပီ...နေးသိပ်ချစ်ခဲ့တဲ့ မမရဲ့အကြောင်း၊ မမကဘယ်လိုလှပကြောင်း၊အများကြိး အများကြီးကို ပြောပြချင်တယ်.. .တစ်နေ့နေ့ အကုန်လုံးကိုရဲရဲဝံဝံပြောဖို့ သတ္တိရှိတဲ့တစ်နေ့ နေးရဲ့မမအကြောင်းကို တစ်နေကုန်ထိုင်​ပြောပြချင်ပါရဲ့...အဲ့နေ့မတိုင်ခင်တော့ သူလေးကို ဘာမှမသိစေချင်သေးဘူးကွယ်..ပြီးတော့လေ မမကိုချစ်စရာကောင်းတဲ့ ကောင်မလေးတစ်ယောက်အကြောင်းပြောပြရဦးမယ်သိလား...အဲ့ကလေးမလေးကလေ...အရမ်းကြီးမဟုတ်ပေမယ့် မမနဲ့သိပ်တူတယ်.နေးစိတ်ရှုပ်ရင် နေးစိတ်ပြေတဲ့နည်းကို သူသိတယ် မမလိုပဲ ချောကလတ်ကိတ်ကလေးနဲ့ နွားနို့ပူပူလေး ကိုယူလာပေးတယ် ..နေးဆို အရမ်းအံသြသွားတာပဲ..ဉာဏ်သေးသေးလေးနဲ့ ကလေးမလေးကလဲ မမလို နေးကိုပျော်ရွှင်မှုတွေပေးတယ်..တစ်ချိန်ချိန်မှာ တစ်စုံတစ်ယောက်ကို နေးထပ်ချစ်မိခဲ့ရင်... မမ နေးကို အပြစ်မဖို့ဘူးမလားဟင်.နေးလဲ စက်ရုပ်တစ်ရုပ်လို ရှင်သန်ခဲ့ရတာ ကြာခဲ့ပြီ၊ နေးလေ ..အရမ်းမွန်းကျပ်နေပါပြီ မမရယ်....နေးတစ်နေ့ကျရင်တော့ မမရှေ့ကိုမမရဲ့သမီးလေးကိုခေါ်လာခဲ့မယ်နော် နေးသွားတော့မယ်နော်..မမ....

*************************
နေးအိမ်ပြန်ရောက်တော့...ခြံထဲမှာအားလုံး အဆင်သင့်ဖြစ်နေပေသည်...လူတွေအများကြီးမို့ နေးကိုအနေကျပ်စေသည်ပင်...၊နေးအခုချိန်လူတွေအများကြီးနဲ့ မတွေ့ချင်...

" မေမေ...”
ဘယ်သွားနေတာလဲဆိုတဲ့ မျက်ဝန်းတွေ....သို့သော် ဘာမှမ​မေးလာခဲ့ မြိုသိပ်ထားတာလား ကလေးလေး

" အင်းကလေး.. ဒီမှာဟန်လေးအတွက်မွေးနေ့လက်ဆောင်...”

" မေမေ ...ဖေဖေနဲ့မေမေရဲ့Anniပါ တစ်ခါတည်းလုပ်တာကိုဘာလို့မပြောတာလဲ မဟုတ်ရင် လက်ဆောင်တစ်ခုခု ရှာထားမှာပေါ့...ဖေဖေကဟန်ဟန်ကို လပ်တော့တစ်လုံးဝယ်ပေးတယ်သိလား မေမေက မရိုးတဲ့ရင်ထိုးမလား ဟန်ဟန်စဉ်းစားမိတယိ မေမေနှစ်တိုင်း ဘာလို့ဒါပဲပေးတာလဲလို့လေ...”

ချန်ထားရစ်ခဲ့လေသော်...( Completed )Where stories live. Discover now