ကားကို ဂရုတစိုက်မောင်းနေတဲ့ နေးဟာ အပြစ်ပြောစရာမရှိအောင် ခန့်ညားလွန်းသည်။ စီယာတိုင်ပေါ်တင်ထားတဲ့ လက်သွယ်သွယ်လေးတွေက သေသပ်လှပလွန်းသည်..တွယ်တာနေးကို ခိုးခိုးကြည့်ရလွန်းလို့လည်ပင်းတွေတောင် ညောင်းလာသလိုလိုပင်...
" သမီးငယ်...”
" ရှင်....”
"ဘာစားပြီးပြီလဲ ကလေး.. တီတီက အိမ်ပြန်ရင် ဘာမှမရှိတော့ မြို့ထဲရောက်တုန်း တစ်ခါတည်းစားသွားမလို့..တီတီနဲ့ တစ်ခုခုလိုက်စားပါလား ကလေးရော ဘာစားချင်လဲ....”
" ဟို..ဟို....”
" အင်း ပြောလေ ဘာစားချင်လဲကလေး...”
" တွယ်တာ မာလာရှမ်းကောစားချင်တယ် တီတီ..”
" အင်း.ဒါဆို.. အဲ့ဒီဘဲမောင်းလိုက်မယ်နော် ကလေးလေး..”
" ဟုတ်ကဲ့..တီတီ ”
တွယ်တာပြုံးနေမိတာဒီနေ့ ဘယ်နှခါမှန်းတောင် မသိပေ၊ ပျော်လွန်းလို့ ထခုန်ချင်တာပဲသိတယ်...***********
ဆိုင်ထဲရောက်တော့ တီတီကတွယ်တာ့ကိုပဲ ရွေးခိုင်းတယ်...သူကတော့ပိုက်ဆံရှင်းမဲ့ကောင်တာမှာ စောင့်နေသည်ပင်၊ မသိရင် လိုချင်တာမှန်သမျှကို လိုက်ရှင်းပေးတဲ့ daddy Typeနဲ့ခပ်ဆင်ဆင်ပင် အဟိ၊ ပြီးတော့ တီတီကအကုန်စားတယ်တဲ့လေ... တွယ်တာစားချင်တာမှန်သမျှကိုထည့်နေမိသည်၊ ကြည့်လိုက်တော့ တော်တော်များနေသည်မလား ၊တီတီကိုအားနာစရာ.." တီတီ ရပီ..”
" တော်ပီလား ကလေး..”
" တော်ပါပီ တီတီ ဒီလောက်ဆို ဝပါတယ် ဟီး..”
"အင်း ကလေး...”
ကောင်တာမှ ဝန်ထမ်းကောင်မလေးနှစ်ယောက်က တွယ်တာတို့ကိုပြုံးပြီးကြည့်နေသည်။ ပြီးတော့ ကြားလိုက်တာက နှစ်ယောက်ကလိုက်တယ်တဲ့လေ...တွယ်တာဘယ်လိုတောင်ပျော်ရမှန်းမသိ၊ နေးကိုလဲကြည့်ရသေးသည်။ဘာမှတော့မပြော...၊ပိုက်ဆံရှင်းပြီးတော့ Table နံပတ်ပြားလေးယူပြီး လူရှင်းတဲ့ဝိုင်းလေးကို ရွေးလိုက်မိသည်၊ တွယ်တာတို့ခုံက ထောင့်ဆုံးကျတော့ အပြင်ကလှမ်းကြည့်ရင် တွယ်တာတို့ကိုမမြင်ရပေမယ့် တွယ်တာတို့ကတော့ တစ်ဆိုင်လုံးကိုလှမ်းမြင်ရသည်၊ ခဏနေတော့ စားစရာတွေလာချသည်..နေးက သူကိုယ်တိုင် အချဥ်ထစပ်ပေးသည်...နေးကအရမ်းဂရုစိုက်တာပဲ လို့ထပ်တွေးမိပြန်တော့ ပြုံးရတာအခါခါပင်..တွယ်တာတို့စားလို့ကုန်ခါနီး ဆိုင်အပြင်ကို လှမ်းအကြည့်..အို....တွယ်တာ အံအားသင့်ရသည်မလား ၊ ဦးစည်သူမင်းနဲ့ ကောင်မလေးတစ်ယောက် လက်ချင်းချိတ်ထားပြီး ဆိုင်ထဲဝင်လာတာကိုတွေ့ရသည်၊ ရုတ်တရပ်နေးကိုကြည့်လိုက်တော့ နေးလဲတွေ့လိုက်ပုံရသည်၊ ခုဏကနဲ့မတူစွာ မျက်နှာကြောတွေဟာ ကြောက်ဖို့ကောင်းစွာ တည်တင်းနေသည်။ ဒါပေမဲ့လေ..ဒီလိုမပြုံးဘဲ ခပ်တည်တည်နေပြန်တော့လဲ နေးဟာခန့်ညားလွန်းသည်ပင်..သို့သော်စကားတစ်ခွန်းမှ ထွက်မလာ....နေးများ ခံစားသွားရပြီလားလို့ တွေးမိတော့ စိုးရိမ်ရတာ အခါခါ ၊ကိုယ်ချစ်တဲ့သူတစ်ယောက် တစ်ခြားသူတစ်ယောက်အတွက် ခံစားရတာဟာ ကိုယ့်ကို နှစ်ခါနာကျင်စေသည်ပင်၊ နေးမျက်ရည်မကျလို့ ကျေးဇူးတင်ရမည်၊ နေးသာမျက်ရည်ကျခဲ့လျှင် တွယ်တာတို့ ရူးသွားမလားပင်...