" ဟန်လေး...မေမေပြောစရာရှိလို့...အခန်းထဲဝင်ခဲ့မယ်နော်...”
"ဟုတ်..ဝင်ခဲ့လေ...မေမေ....”
" ဟန်လေး ဘာလုပ်နေလဲ..သမီးအခုတစ်လောအပြင်လဲမထွက်ဘူးနော်...ဘာလဲ..မုန့်ဖိုးကုန်သွားလို့လား.ဒီရက်ပိုင်း မေမေ့သမီးလေးငြိမ်နေလို့..ဒါနဲ့..ဟန်လေးကို bank account တစ်ခုဖွင့်ပေးရမလား...မေမေ့သမီးလေးလဲ..အရွယ်ရောက်ပြီဆိုတော့..ကိုယ်ပိုင်accountတစ်ခုတော့ရှိသင့်တာပေါ့လေ...ဘယ်ဟာကသုံးသင့်တယ်..ဘယ်ဟာကမသုံးသင့်ဘူးဆိုတာတော့...ကိုယ်ပိုင်ဆုံးဖြတ်ပေါ့...ဟုတ်ပြီလား....”
" ရပါတယ်..မေမေရယ်..ဟန်ဟန်အတွက် မလိုသေးပါဘူး...အပြင်မထွက်ဘူးဆိုတာကလည်း..မုန့်ဖိုးကုန်လို့မဟုတ်ပါဘူးမေမေရဲ့ ...ဟန်ဟန်..အပြင်ထွက်ရမှာပျင်းနေလို့ပါ...အခန်းအောင်းပြီး..ဂိမ်းဆော့ဖြစ်နေတာ..ဟီး..ဟီး..…”
မေမေရေ...မေမေ့သမီးက..အသည်းကွဲနေတာ...လေ....တီချယ်အခုတစ်လော..သူ့ကို..ဖုန်းမဆက်တာကြာပြီ..ချောင်းသာကပြန်ရောက်ခါစတုန်းကတော့..Message ပို့လိုက်..ဖုန်းဆက်လိုက်...အပြင်လိုက်ပို့လိုက်..အဆင်ပြေနေပေမယ့်...အခုရက်ပိုင်းတော့...အကြောင်းပြချက်မရှိ..ဖုန်းဆက်ရင်..ဖုန်းမကိုင်..ပြန်လည်းမဆက်....တီချယ်ဟန်ဟန်ကို..ရှောင်နေတာကြာပြီ..ကျောင်းဖွင့်ဖို့နီးနေလို့..အလုပ်ရှုတ်နေတာပါလို့...ဖြည့်တွေးထားရတယ်..မဟုတ်ရင်.ပြစ်ထားတယ်လို့သာ..စဥ်းစားကြည့်လိုက်...သေလောက်အောင်နာကျင်မှာ...ဟူး...
" ဂိမ်းတွေ အရမ်းမဆော့ပါနဲ့သမီးရယ်..တော်ကြာ မေမေ့သမီးလေးမျက်လုံးမှုန်နေလို့ မျက်မှန်တပ်နေရမယ်နော်..ပြီးတော့လေ..မေမေပြောချင်တာက...တစ်ခုတော့ကြိုပြောပါရစေ..ဟန်လေး မေမေက မေမေသမီးလေးကို အရမ်းချစ်တယ်ဆိုတာပါ...ဘယ်တုန်းကမှလဲ မေမေ့သမီးလေးအပေါ် မေတ္တာပျက်ခဲ့တာမျိုးမရှိခဲ့ဘူး..မေမေ့သမီးလေးက မေမေ့ရဲ့ တန်ဖိုးဖြတ်လို့မရတဲ့ လက်ဆောင်လေးတစ်ခု...မေမေ သမီးကိုသိပ်ချစ်တာ သိတယ်မလား ဟန်လေး...”
" သိပါတယ်မေမေရဲ့..မေမေ ဟန်ဟန့်ကို ဘယ်လောက်ချစ်တယ်
ဆိုတာဟန်ဟန် ကောင်းကောင်းသိပါတယ်...မေမေပြောစရာရှိတာဆက်ပြောပါ...”