အပိုင်း ( ၁၉)

637 40 4
                                    

ဒီနှစ်တော့ ဟန်ဟန်နဲ့သစ္စာသာ ရန်ကုန်မှာကျန်ခဲ့သည်...တွယ်တာ​က သူဘွားဘွားရဲ့ဆန္ဒအရ ..မန္တလေးမှာဘော်ဒါသွားတက်ရသည်...ရန်ကုန်မှာကျန်ခဲ့တဲ့သစ္စာကလည်း..ကိုယ်ပိုင်ကျောင်းကိုရောက်သွားသည်...သူတစ်ယောက်သာ..အစိုးရကျောင်း၌ကျန်ခဲ့သည်...သစ္စာရော မေမေကပါ..သစ္စာနဲ့လိုက်တက်ဖို့ပြောပေမယ့်
..အညိုရောင်လေးရဲ့အနားကမခွာချင်တာကြောင့်..ခေါင်းမာမာ
နဲ့ငြင်းဆန်ခဲ့မိသည်..တစ်ခုခုဆိုတိုင်ပင်စရာတွယ်တာမရှိတော့
...ပိုခံစားရသည်...သစ္စာကတော့ သူ့နဲ့အညိုရောင်လေးရဲ့အကြောင်းကိုမသိ...ဒီကျောင်းမှာ ပေါင်းစရာဆိုလို့..ထက်ပဲရှိတော့တာမို့..သူနဲ့ပဲအပေါင်းများလာသည်..အတန်းကလူတစ်ချို့ရဲ့စကားသံတွေကိုတော့..လျစ်လျူရှုရသည်မလား....ဒီနှစ်တော့ အညိုရောင်လေးက..ဘာသာရပ်ပဲသင်သည်...အတန်းပိုင်မဟုတ်.
.အရင်လိုတီချယ်က..ဟန်ဟန်ကို ဂရုမစိုက်တော့ပါ...လမ်းမှာတွေ့ရင်တောင်မသိသလိုနေသည်..ကျောင်းမတက်ခင်..တီချယ်ပန်ဖို့ နှင်းဆီပန်းလေးသွားပေးရင်လည်း..မပန်ပါ..တစ်ရက်ရက်တော့ပန်လိမ့်မယ်မျှော်လင့်ချက်ကလေးနဲ့...နားနေခန်းမှာ..နှင်းဆီပန်းလေးသွားသွားထားရတာအမော....ကျူရှင်လဲမသင်ပေးတော့ပါ..တီချယ်ရက်စက်မှုတွေ..လျစ်လျူရှုမှုတွေကို..ခါးစည်းခံခဲရတာကြာပါပြီ...တီချယ်ပြောသလိုပဲ..စိတ်သာယာဖို့ခဏတာက..ဥပက္ခါတရားတွေကို..ခါးစည်းခံဖို့သက်သက်ပဲလားလို့..တစ်ခါခါတွေးမိလာသည်...ဘယ်လောက်ပဲရက်စက်ပါစေ..တီချယ့်အပေါ်..ချစ်တာလေးကမြူမှုန်တစ်ဆတောင်..မပျောက်သွားပါ

" ဟန်နွေကိုကို..အခုထွက်ခဲ့စမ်း.”

" ရှင်..တီချယ်...”

တီချယ်ဟာ..ဒေါသတစ်ကြီးအခန်းထဲဝင်လာပြီး..အသံအကျယ်ကြီးအော်ခေါ်သည်...သူလည်းအမှားမလုပ်...ကြောက်လွန်းလို့..ဒူးတွေ​တုန်လာသည်တီချယ်..ဒေါသထွက်ရင်..သိပ်ကြောက်ဖို့ကောင်းပါသည်မလား...

" အခု ထမိန်..မထားစမ်း...”

" ရှင်..”
အခန်းထဲမှာလူအပြည့်ရှိတာကို..ဟန်ဟန်ရှက်ပါသည်..အခုထိသူဘာမှားလဲတစ်ခွန်းမမေးသေး...အမှားလဲမလုပ်ထားမိပါ..

ချန်ထားရစ်ခဲ့လေသော်...( Completed )Where stories live. Discover now