အပိုင်း ( ၁၃ )

640 30 1
                                    

သော့ဖွင့်ပြီဝင်လာတော့ ဒင်းလေးက ပြတင်းပေါက်နားမှာ မတ်တပ်ရပ်နေသည်...အနံတွေ.. ဒီအနံတွေက..ဆေးလိပ်နံတွေမလား ဒီကလေးအတတ်ကောင်းတွေ..တက်နေလိုက်တာ.......တောက်စ် ကြည်ချင်တဲ့စိတ်တို့က တိုလာရပြန်ပါသည်..အခုချိန်ထိ..နွယ်..သူ့နောက်မှာရောက်နေတာ..သူမသိ.... ဆေးလိပ်ကို လက်ကြားထဲညှပ်ပြီး သောက်နေပုံက ဂျစ်ကန်ကန်ဂျလေဘီ..တစ်ယောက်လို...ဒီလိုပုံစံမျိုးတွေကို နွယ်လုံးဝမကြိုက်ပါ...

" ဟေ့ ဒီမယ်...မင်းအတတ်ကောင်းတွေတက်နေပါ့လား ဟေ့ မင်းမှာအသက်မပြည့်သေးတာကော သိရဲ့လား ပြောတော့ နေမကောင်းဘူးဆိုလို့လာကြည့်တာ ဒီပုံအတိုင်းဆို အကောင်းပဲ..ငါပြန်တော့မယ်...”

" ဟို .တီ ...တီချယ်...မပြန်ပါနဲ့ ​ နွေနဲ့နေပေးပါနော်...တီချယ်..”
လက်ကိုအတင်းကိုဆွဲပြီး ပြောနေတဲ့..ထိုဂျစ်တူးလေးက..မျက်ရည်စက်တွေနဲ့...

" ဟေ့ မင်းဘာလို့ငိုနေတာလဲ..နေမကောင်းလို့လား...ငါ..မင်းကို..မဆူရသေးဘူးနော်..မင်းကိုယ့်အပြစ်ကို..သိလား..”.

" မဟုတ်..မဟုတ်ပါဘူး တီချယ်ပြန်မချစ်လို့..အီးဟီး...”
နွယ်မေးမှ အသံဗြဲနဲ့ငိုချတော့သည်...ဒီကလေးနွယ်ဆူမှာကို သိလို့
ရောချတာ...ကလေးတွေများ လည်လွန်းသည်.....ခက်ရဲ့...

" ဟေ့ မင်းရောမချနဲဲ့ နော် မင်းကွကိုယ် ဆေးလိပ်သောက်ချင်တာကို ငါ့ကြောင့်လို့တော့...မရောချနဲ့ကွ..”

" အီးဟီး တီချယ်မှ ပြန်မချစ်တာကိုလို့...နာကျင်နေတဲ့နှလုံးသားတစ်စုံကို တီချယ်မှမမြင်ပဲ..ဟင့်ဟင့်.... ”

" ဟေ့ ဒီမယ်..နေစမ်းပါဦး ငါမေးပါဦးမယ် မင်းငါ့ကို ချစ်တယ်သာတွင်တွင်ပြောနေတာ မင်းအချစ်ကိုရော ခံစားဖူးသလား သိကောသိရဲ့လား မင်းတို့အရွယ်တွေ စိတ်ကစားနေတာပါကွာ...အခုချိန်ငါနဲ့အနေနီးနေလို့ မင်းချစ်တယ်လို့ထင်နေတာ နောင်တစ်ချိန် မင်းတကယ်ချစ်ရမယ့်လူတွေ့လာတဲ့အခါ ဒါကြီးက ဟာသတစ်ခုဖြစ်သွားမှာကွ....နားလည်လား အဒေါ်တစ်ယောက်လို ခင်တွယ်နေတာကို မင်းစိတ်ထဲထင်ယောင်ထင်မှာဖြစ်နေတာ...”

" မဟုတ်ပါဘူးတီချယ် နွေတောင်းပန်ပါတယ် နော် ကျေးဇူးပြုပြီး နွေကိုစိတ်ကစားနေတာလို့ မထင်လိုက်ပါနဲ့ တီချယ်ကို နွေရူးမတက်ချစ်တာ..တီချယ်ကို နွေဘယ်လောက်ချစ်တယ်ဆိုတာ နွေ နှလုံးသားတစ်ခုလုံးနဲ့ရင်းပြီးသက်သေပြရဲပါတယ်...တီချယ်ရယ်..”
ဟန်ဟန် တီချယ်ရှေ့မှောက် ဒူးထောက်ကာ တီချယ်ရဲ့ခြေတော်ရင်းမှာ မျက်နှာအပ်လို့ ခြေဖမိုးဖြူဖြူဥဥလေးကို နူးနူညံညံ အနမ်းတစ်ပွင့်ဆက်သခဲ့သည်၊ အနမ်းနဲ့မျက်ရည်တို့ သက်သေတည်လို့ သစ္စာစကားတစ်ခွန်းဆိုမည်..ဟန်ဟန်ရဲ့ဘဝဆက်တိုင်းဆက်တိုင်း တီချယ်တစ်ယောက်ထဲကိုသာ ထပ်ခါထပ်ခါ ထာဝရချစ်ခွင့်ရပါရစေသား.....

ချန်ထားရစ်ခဲ့လေသော်...( Completed )Where stories live. Discover now