ကျောင်းဝန်းအတွင်း ကျောင်းသားကျောင်းသူများ၏ဆူညံသံများဖြင့်ပြည့်နှပ်နေလေသည်။ နွယ်ကျောင်းအတွင်းသို့ ခြေလှမ်းသွက်သွက်ကလေးလျှောက်မိသည်။ အတွေးထဲမှာ အတိတ်အချို့ကရစ်ဝဲနေပေသည်။
အတိတ်.. ဟုတ်သည်အတိတ်။ လူတိုင်းမှာအတိတ်ကိုယ်ဆီရှိဖူးကြသည်။နွယ်မှာလဲအတိတ်တွေအများကြီးရှိခဲ့ဖူးသည်။အမှန်တိုင်းဆိုရလျှင် နွယ်ရန်ကုန်ကို မပြန်ချင်ပါ။ နွယ်ချင်းပြည်၌သာပျော်သည်။ နွယ်အဲ့ဒီမြို့လေးမှာပဲ နေသွားဖို့ဆုံးဖြတ်ခဲ့ဖူးသည်။ ရန်ကုန်တွင်နေရတာဟာ နွယ်အတွက်တော့ အပင်ပန်းဆုံးအလုပ်ပင် ။ သို့သော်ဘယ်တက်နိုင်မည်လဲ။ မေမေသည်နွယ့်ကို အနုနည်းကော အကြမ်းနည်းကော မျိုးစုံသုံးကာရန်ကုန်ကို မရမကခေါ်သည်.၊ နွယ်ဘယ်လိုမှ မေမေကိုမလွန်ဆန်ဝံ့ပါ။ ဘယ်သောအခါမှလဲ လွန်ဆန်မည် မဟုတ်ပါ..
"ဘုတ်!"
"အ! ခွက်! "
"အား..... နာလိုက်တာကွာ"
ကိုယ့်ကိုမမြင်ပဲဝင်တိုက်တဲ့သူကို ဟန်ဟန် တစ်ချက်တော့စိတ်တိုသွားသည်။ ဒေါသတကြီးနဲ့ပြောရန်တိုက်မိတဲ့နေရာကိုအကြည့် အားလားလားလှလိုက်တာ မိုးပေါ်ကအညိုရောင်လေး ကြွေဆင်းလာသလိုပင်။ဒီလောက်ကျက်သရေရှိတဲ့အမျိုးသမီးတစ်ယောက်ကိုဟန်ဟန်မမြင်ဘူးပါ၊ ဟန်ဟန်မေမေ့ထက်တောင်လှသေးသည်။ မေမေသာ ဟန်ဟန်စိတ်ထဲ ပြောနေတာတွေကို ကြားရင်တော်တော်နဲ့စိတ်ကောက်ပြေမည်မထင်။လှလွန်းလို့မျက်တောင်မခတ်ချင်ပါ၊ တစ်နေကုန်ထိုင်ကြည့်ရမည်ဆိုလျှင် ဟန်ဟန်တို့ထမင်းမစားရေမသောက်ပဲ ထိုင်ကြည့်နိုင်သည်။ အို...ဟန်ဟန်အကြာကြီးကြည့်နေမိပါရောလား.....
"ဒေါ်လေး! ဟန်ဟန် !"
တွယ်တာအလန့်တကြားထအော်မိသည်။တိုက်ဆိုင်လွန်းသည်မလား၊ ဒေါ်လေးအကြောင်းပြောရင်း လမ်းလျှာက်လာတာကို ဒေါ်လေးနဲ့တိုက်မိရတယ်လို့...
ဟန်ဟန်စိတ်ထဲတွင် "ဒေါ်လေး! ဒါဆိုတွယ်တာဒေါ်လေးပေါ့" မှားမှားမှန်မှန် တောင်းပန်မှဖြစ်တော့မည်....
"နွေတောင်းပန်ပါတယ်တီချယ် နားသွားသေးလားဟင် နွေလဲ ရုတ်တရပ် ထွက်လိုက်တာ တီချယ်ကိုမမြင်လိုက်မိဘူး"