" မေမေ...”
" အယ်..ဒီကလေးအလန့်တကြားနဲ့..”
" သားမေးစရာရှိလို့...မေမေ..ဖေဖေနဲ့မတွေ့ခင်က မေမေ့မှာအိမ်ထောင်ရှိခဲ့လားဟင်..”
ဒေါ်သဖီတစ်ယောက် မျက်စိမျက်နှာပျက်သွားရသည်..သူ့ဇာတ်မြှုပ်ခဲ့တဲ့အကြောင်းတွေကို..သူ့သားငယ်က အစဖော်နေသည်...သူယောကျာ်း ဦးသီဟသိရင် မိုးမီးလောင်မည်...
" မရှိ..မရှိပါဘူးသားငယ်ရယ်...ဘာ..ဘာဖြစ်လို့လဲဟင်...”
"မေမေ..မှန်မှန်ပြောပါ..သား..သားဖေဖေကို ပြန်မပြောဘူးလို့ဂတိပေးတယ်...ဖေဖေမသိစေရဘူး...”
" အင်း သား..မေမေ...သားတို့ဖေဖေနဲ့မတွေ့ခင်အိမ်ထောင်ကျခဲ့တယ်သမီးလေးတစ်ယောက်မွေးခဲ့တယ်...မေမေက...ဘဝကိုတိုးတက်ချင်ပေမယ့်..ထိုယာကျာ်းကတော့..အရက်သာစွဲနေခဲ့တယ်..ဒါကြောင့်သူတို့သားအဖကို ထားခဲ့ပြီးမိဘအိမ်ပေါ်ပြန်တက်ခဲ့တယ်လေ.....နောက်တော့သားတို့ဖေဖေနဲ့တွေ့ခဲ့တယ်...”
" အဲ့...မိန်း..ကလေးရဲ့နာ..မည်..က..လွန်း..လွန်းတော်ဝင်ကိုလားဟင်မေမေ...”
" ဟင်..သားက...သူကိုသိလို့လား..လွန်းလေးအဆင်ပြေရဲ့လားကွယ်..မေမေတော့..ဒီကလေးအပေါ်..မိခင်တာဝန်မကျေခဲ့ဘူးကွယ်..အဲ့ဒီအတွက်..မေမေနောင်တသိပ်ရတယ်..ကွယ်...သားကိုချစ်တဲ့မြူမှုန်စာလောက်တောင်...မချစ်မိဘူးသားရယ်...”
"မေမေသား..သား..မှားသွားပြီ...သားလုပ်ခဲ့သမျှ..အရာရာက..မှား..မှားနေခဲ့ပြီ..မေမေ..မမလွန်းက..သေသွားပြီ..သေသွားခဲ့ပြီ..ကလေးမွေးရင်းဆုံးသွားတာ...”
" ဟင်..လွန်းလေးက...ဆုံးသွားပြိဟုတ်လားသားငယ်...မေမေဖြင့်စိတ်မကောင်းလိုက်ကွယ်...”
" ဟုတ်တယ်မေမေ..သားအပြစ်တွေအများကြီးလုပ်ခဲ့မိပြီမေမေရယ်...သားလိုက်ရှာပါသေးတယ်..သူနဲ့တေဇကို..လက်ထက်ပေးဖို့ ဒါပေမဲ့..မမနေးက...သူ့ကို..ခေါ်ပြီးထွက်ပြေးသွားခဲ့တာ..ကလေးရှိမှန်းလည်း မသိခဲ့ဘူးမေမေ...”
အဖြစ်အပျက်တွေအားလုံးကို ပြောပြလိုက်တော့...မေမေဟာ...သူ့ကိုတုန်လှုပ်ခြောက်ခြားစွာကြည့်လာသည်...
![](https://img.wattpad.com/cover/359761188-288-k42769.jpg)