အပိုင်း ( ၆ )

579 28 2
                                    

" ဒေါက် ဒေါက် !!”

" ဟေ့ !! မင်းမေမေနဲ့ မင်းသူငယ်ချင်း ရောက်နေတယ်..အောက်ဆင်းတွေ့လိုက်ဦး...”

"ဟုတ်ကဲ့ တီချယ်...”
ဟန်ဟန်အောက်ဆင်းတော့ မေမေနဲ့ တွယ်တာကို တွေ့ရသည်...
တွယ်တာက ဘယ်လိုပါလာတာလဲ တီချယ် တွယ်တာကို ခေါ်လိုက်တာလား..

"ဟဲ့ !! နေကောင်းပြီလား ဒေါ်လေးဖုန်းဆက်လို့ ..ငါက ရောက်နေတာကြာပြီ တီတီကတော့ ခုဏလေးမှရောက်တာ..”

"အေး ကောင်းနေပါပီ အဲ့တာများ ငါ့အခန်းထဲဝင်လာတာ မဟုတ်ဘူး..”

"ငါက နင်နားလို့ရအောင်လို့ ဒီမှာပဲ စောင့်နေလိုက်တာ...”

"အင်းပါ..မေမေ ဘာပါလဲ.ဟင်...”

"မေမေ ဟန်လေးအတွက် ကြေးအိုးဝယ်လာတယ် ဟန်လေးက
နေမကောင်းရင် ကြေးအိုးတစ်မျိုးပဲစားတာမလား..ဆန်ပြုတ်မကြိုက်ဘူးလေ မေမေက ဟန်လေးအကြိုက်ကိုသိပါ့ရှင်...”

"ဟီး ကျေးဇူးပါမေမေ နေ့လည်က ကြေးအိုးသောက်ပြီးပြီ မေမေရဲ့ တီချယ် ဝယ်တိုက်တာ..”

"ဟုတ်လား အေးပါကွယ် သမီးမျက်နှာလန်းနေတော့ မေမေစိတ်ချမ်းသာပါပြီ..မဟုတ်ရင် မေမေက ပြန်ခေါ်သွားမလားလို့လေ...”

"​နေကောင်းနေပါပြီ မေမေရဲ့..”

"အင်းပါ အဲ့ဒါဆို မေမေ​ပြန်တော့မယ်နော်မေမေ ဆေးခန်းတစ်ချက် ဝင်ရဦးမှာမို့..”

"ဟုတ်ကဲ့ မေမေ အော်..တွယ်တာကို ခေါ်သွားလိုက်ပါလား သူ တစ်ယောက်ထဲ လမ်းလျှောက် ပြန်နေရလိမ့်မယ်..”

"အင်း တွယ်တာလဲ ပြန်မှာဆို တီတီနဲ့လိုက်ခဲ့လေ..”

"ဟုတ် တွယ်တာ လိုက်ခဲ့ပါ့မယ်....”
ဟန်ဟန်ကို စိတ်ထဲမှ ကျေးဇူးတွေတင်နေမိသည်။ စက်ဘီးပါလာတယ် ဆိုတာတော့ မပြောမိတော့... နောက်နေ့ကျူရှင်လာရင် လမ်းလျှောက်ရမှာသိပေမယ့်.နေးမောင်းတဲ့ကားကို လိုက်စီးရမှာဆိုတော့ ဘာပဲဖြစ်ဖြစ် တန်သည်မလား....​နေးအကြောင်းတွေးရင်း ​ ဟိုတစ်နေ့ကအကြောင်းလေးတစ်ချို့ ခေါင်းထဲရောက်လာသည်.....

************
လွန်ခဲ့တဲ့၆ရက်က......

တွယ်တာ ဒီခုံတန်းလေးကို ကျူရှင်လွတ်ချိန်တိုင်း ရောက်လာတက်သည်မှာ ကျောင်းစဖွင့်တည်းကပင်၊ တွယ်တာ စာကြိုးစားရမှာဖြစ်ပေမယ့် တွယ်တာ့ရဲ့အားလပ်ချိန်တိုင်းကို ဒီခုံတန်လေးပေါ်မှာ ကုန်ဆုံးစမြဲပင်....ညနေ ၆နာရီတိုင်း ဟိုဘက်ကားလမ်းကို ခုံလေးမှာထိုင်ပြီး မျှော်ကြည့်ရတက်သည်မှာ တွယ်တာ့အတွက် ပျော်စရာတစ်ခုလိုပင်...ညနေတိုင်း ဆေးခန်းထဲမှ ထွက်လာတဲ့နေးကို တွယ်တာ လာလာကြည့်တက်သည်။လမ်းတစ်ဖက်ခြမ်းမှာပေမဲ့ နေးကတော့ တွယ်တာ့ကို မမြင်လောက်ပေ။ နေးကို ဒီလိုလေးကြည့်နေရသည်မှာ...တွယ်တာ့စာကြိုးစားဖို့ အကောင်းဆုံး moti တစ်ခုဖြစ်လောက်မည်.... တွယ်တာဆေးကျောင်းရောက်အောင်တက်မည်...နေးရဲ့ဆေးခန်းမှာ အလုပ်တစ်ခုခုရအောင်ကြိုးစားမည်၊ နေး နားမှာဘယ်လိုပုံစံမျိုးနဲ့ပဲဖြစ်ဖြစ် နေမည်၊ နေးကို ငေးကြည့်ပြီး တွယ်တာရဲ့အချိန်တော်တော်များများကို ကုန်ဆုံးမည်၊ တွယ့်တာရဲ့အနာဂတ်Plan ကတော့ အဲ့ဒီလောက်ပင်... ဘွားဘွား သဘောကျမလား မပြောတက်ပေမယ့် တွယ်တာကတော့ဆေးကျောင်းရအောင်တက်မည်၊ ဤသည်က နေးကြောင့်ဖြစ်တည်လာတဲ့ တွယ်တာရဲ့ရည်းမှန်းချက်တစ်ခုတည်းပင်...

ချန်ထားရစ်ခဲ့လေသော်...( Completed )Where stories live. Discover now