" ကြည်သာ...ပြောစရာရှိတယ်ဆို...”
" အင်း..နွယ်တို့လက်ထက်ဖို့က..မစောလွန်းသေးဘူးလား..ကိုထင်လင်နောင်..ပြီးတော့..အခြေတစ်ခုကျမှပဲ လက်ထက်ဖို့စဉ်းစားစေချင်တယ်..နွယ်လည်းရန်ကုန်ပြန်ရောက်တာ..မကြာသေးတော့လေ....”
" ကိုယ်..ကိုယ်စီစဉ်တာမဟုတ်တော့ လေ....”
" နွယ်တောင်းဆိုပါတယ် ကိုထင်လင်းနောင်.. မေမေ့သဘောအတိုင်း ကိုထင်လင်းနောင်ကို လက်ထက်မှာပါ...ဒါမဲ့ အချိန်တစ်ခုတော့.ယူချင်သေးတယ်ကွယ်....”
" ကိုယ့်ကို အရင်လို ကိုထင်လို့ပဲခေါ်ပါ ကြည်သာ..ကိုယ်ကြည်သာကိုအချိန်တွေအများကြီးပေးခဲ့ပြီးပြီလေ ကြည်သာ ကိုယ်တို့က မငယ်တော့ဘူးလေ...ကိုယ်..”
" ဒါမဲ့လဲ..နွယ်မှစိတ်မပါသေးဘဲလေ..နွယ်စိတ်ပါတဲ့အချိန်တစ်ခုထိတော့...စောင့်စေချင်တယ်..”
" ဟင်း.. ကောင်းပါပြီ ကြည်သာ..ကြည်သာစိတ်ပါတဲ့..အချိန်တစ်ခုထိ..စောင့်ကြတာပေါ့...ကိုယ်..ကြည်သာကို..စောင့်ပါနေပါ့မယ်..ကြည်သာ ကသာကိုယ့်ကိုပဲ ရွေးချယ်ပေးပါ..”
" ကျေးဇူးပါ ကိုထင် နွယ်သွားတော့မယ်....”
နွယ်အခုမှ အနည်းငယ်စိတ်အေးရသည်..၊ ချစ်ရသူလေးနားမှာ..နေလို့ရသ၍..နေချင်ပါသည်...ကလေးငယ်ရေ...မင်းလေးကြောင့် နွယ် တောင်းဆိုတတ်နေပြီကွယ်.." ကောင်းပါပြီဗျာ..”
ထွက်သွားတဲ့ကျောပြင်လေးကို ကြည့်ပြီး အတိတ်ကပုံရိပ်တစ်ချို့. အရိပ်ထင်လာသည်.....သူနဲ့ ကြည်သာဟာ ငယ်ငယ်ထဲက ရင်နှီးခဲ့ကြသည်၊ မိသားစုတွေကလည်း ရင်းနှီးတော့..ကြည်သာကလဲ သူ့ကို အကိုတစ်ယောက်လိုအားကိုးပုံရသည်၊ သို့သော် ကြည်သာကတော့ သူ့ကိုချစ်သူအဖြစ်တော့လက်ခံပုံမရပါ..၊ ကြည်သာဟာ သူ့မေမေသဘောဆန္ဒအတိုင်း ငယ်ငယ်လေးထဲ တစ်သွေမသိမ်း လိုက်နာတဲ့ ကလေးမျိုး..၊ သူ ငယ်ငယ်လေးထဲက
သူမလေးကိုပဲ ချစ်ခဲ့သည်၊ သူ့ရဲ့ပန်းလေးတစ်ပွင့်လို့ သတ်မှတ်ထား၍ လည်း ထိုပန်းလေးကို..သူများတွေခိုးယူသွားမှာစိုးရိမ်ခဲ့သည်..၊ ဒါကြောင့် မေမေတို့ကို အတင်းပူစာပြီး စေ့စပ်ချင်ခဲ့သည်၊အဲ့ဒီအချိန်တုန်းက ထိုသူမလေးကလွတ်လွတ်လပ်လပ် နေချင်မှန်းမသိခဲ့ဘူး ၊ ကိုယ်ရဲ့ငယ်ရွယ်တဲ့ အတ္တစိတ်တွေကြောင့်သူမလေးကို အပိုင်ရရင်ပြီးရော စိတ်တစ်ခုသာရှိခဲ့သည်၊ သူမရဲ့စိတ်ထဲ ဝင်မကြည့်ခဲ့မိဘူး. ကိုယ်စမွှေးခဲ့တဲ့မီးတစ်စကြောင့် ထိုကောင်မလေးက..သူ့ကိုနာကျည်းစေခဲ့သည်ပင်...