" ဟဲ့..တွယ်တာ နင်ဒါကြီးဝတ်မှာလား..”
ရေချိုးခန်းထဲက ထွက်လာတဲ့ တွယ်တာဟာ ဘစ်ဂနီကြီးကို ကောက်ဝတ်ချလာသည်၊ သစ္စာနဲ့ဟန်ဟန်ဟာ ဘာမှမပြောနိုင်အောင်ပင် အံသြသွားရသည်၊ တွယ်တာအရင်က ဒါမျိုး မဝတ်ဘူးလေ..ရူးသွားတာလားတွယ်တာက....မလှလို့တော့မဟုတ် ၊ လှသည် ၊ သွယ်သွယ်လှလှ ခန္တာကိုယ်လေးနဲ့ အပြာရောင်အစင်း ဘစ်ဂနီလေးဟာ လိုက်ဖတ်စွာ....." အေးလေ...ဘာဖြစ်လို့လဲ...”
"ဟင်..ဟင့်အင်း ...ဘာမှတော့မဖြစ်ပေမယ့် နင်ဝတ်နေကြ မဟုတ်တော့ အနေများ ခတ်နေမလားလို့ပါ..”
" ဟန်ဟန်ရယ် .....ဒီလာရင်တော့ ဒါမျိုးဝတ်ကြည့်ရမှာပေါ့ဟ ဝတ်ဖူးတယ်ရှိအောင်...”
" ဟင် အေ့..အေးပါ နင်အဆင်ပြေရင်ပြီးတာပါပဲ...”
" ဒါနဲ့ ငါလှလားဟင် ..…”
လှချင်ပါသည် ၊ အထူးသဖြင့် နေးရှေ့မှာ အလှဆုံးဖြစ်ချင်သည်၊
နေးများ သဝန်တိုမလားဆိုတဲ့ မျှော်လင့်ချက်ခပ်ရေးရေးလေးနဲ့ပေါ့....." အေ့..လှ..လှပါတယ်...သစ္စာလှတယ်မလား...”
ဟန်ဟန် သစ္စာကို တတောင်နဲ့ထိုးကာ မေးရသည်၊ထိုကလေးမက ပါးစပ်ကြီးဟပြီး တွယ်တာ့ကို ပြူးကြည့်နေသည်မှာ သူ့ပါးစပ်ထဲယင်ကောင်ဝင်ဥမတတ်....." ဟင်..အေ..လှ..လှတာပေါ့ ..လှတယ်..”
သစ္စာဟာ လက်မကြီးထောင်ပြီး သွားသုံးဆယ့်နှစ်ပေါ်အောင် ရယ်ပြလေသည်...." ပြီးတာပဲ ငါနေ့လည်စာသွားစားမလို့ နင်တို့ရောလိုက်မှာလား ဒေါ်လေးတို့ကိုဖုန်းဆက်ကြည့်လိုက်ဦးမယ်...”
ပြောချင်ရာပြောပြီး အခန်းထဲက ထွက်သွားတဲ့သူကို..ဟန်ဟန်တို့နှစ်ယောက်အပြေးလိုက်ရသည်.." ဟဲ့ စောင့်ဦး ငါတို့လည်းလိုက်မယ်...”
*****************
နေ့လည်စာထမင်းစားဖို့ အခန်းထဲမှအထွက်.... နေးလဲအခန်းထဲက ထွက်လာပုံရသည်၊နေးဟာ သူ့ကို ပြူးပြီးကြည့်နေသည်...
မျက်လုံးတွေ ဝိုင်း စက်ပြီးကြည့်နေပုံကမသိရင် မတွေ့ဘူးတဲ့လူတစ်ယောက်ကို ကြည့်နေပုံပင်..တော်တော်လည်းအံသြနေပုံရသည်....ပြီးတော့ချက်ချင်းအခန်းထဲပြန်ဝင်သွားပြန်သည်...နေးဘာဖြစ်သွားတာတုန်း....ဟူး..သူ့ကိုလှတယ်လို့တောင်
ပြောဖော်မရ...