စပါး နဲ့ နွား နဲ့ အညာသား
~~~~~~~~~~~~~
(၁)“ကဲ ငါ့မိန်း ရေ ရိတ်ထား ဟ ၊ ဒီလထဲ ကလေးကလည်း နားတွင်းပါ
ဇာတ်ပွဲကလည်း ရှိသေး စုနိုင်မှ အဆင်ပြေမယ် ဟေ့ ..”အသံပြဲကြီး နှင့် နံနက်စောစော နှင်းတွေဝေတဲ့ လယ်ပြင်ထဲ ကို မောင်တစ်ယောက် လယ်ရိတ်ရင် သူ့မိန်းမကို အော်ပြီ အားပေးနေသည်။
နွားတွေ မွေးထားလို့ ကောက်လိူင်းက မရှိမဖြစ် လိုအပ်သည်။
လိုအပ်သည့် ကောက်လိူင်းရဖို့ အရေး ကို မောင်တို့ လင်မယား နှစ်ယောက်တည်း လယ်ရှင် ဦးကျော် ၏ လေးဧက လယ်ကွင်းပြင် ကျယ်ကြီးမှာ ကြိုးစားပမ်းစား လယ်ရိတ်နေသည်။
အပြတ် ရိတ် တာပေါ့လေ။
အပြတ်ဆိုတာ တစ်ဧကစာ ငါးယောက် သတ်မှတ် ချက်ကို လင်မယား
နှစ်ယောက်တည်း အပြတ်ယူ ရိတ်ခြင်းဖြစ်သည်။
သူ့မယောကျာ်း အားပေးမူ့ကို မတင် တစ်ယောက် ပြုံးလျက်သား လယ် ဆက်ရိတ်နေသည်။
မြန်မြန် ရိတ်ပြီရင် ကောက်လိူင်းတွေ ထုံး ၊ ကောက်လိူင်းတွေ လယ်ပြင်ထဲ တစ်စုစီ လိုက်ပုံ ပေး၊ နွားလှည်း နဲ့ တလင်းပြင်ထိ
သယ်ပေးဖို့အရေး သူမတို့ ဇနီးမောင်နှံ တာ၀န်ယူထားသည်မို့လား။မြန်မြန်ပြီးသွားလို့ စပါးပေါ်ရင် သူမတို့လည်း ဦးကျော်ဆီက လုပ်ခ အနေနဲ့ ရစရာရှိတဲ့ လုပ်ခလည်းရ ၊ အိမ်က နွားတွေ အတွက်လည်း နွားစာရပေါ့။
နွားစာ ဆိုမှ တွေးရင် မတင်က
“ကိုမောင် ရေ .. ကျုပ်တို့နွားမကြီး ဘယ်နေ့ မွေးမလဲ မသိဘူးတော်
နီး တော့ နီးနေပြီတော့ ၊ ကျုပ်ကတော့ လယ်ရိတ်ပြီ မှ မွေးစေချင်တယ်..”“တယ် ခက် သား ကွာ ၊ မင်းကလည်း ကိုယ်ချင်းမစာမနာ နွားမကြီးက ဗိုက်နာ အလိုလို မွေးလိမ့်မယ်ပေါ့ ၊ မင်းလယ်ရိတ်ပြီတာ
စောင့်ပါ့မလားဟ ..”“ဪ ကိုယ်ချင်းမစာတာ မဟုတ်ရပါဘူး ၊ ကျုပ်တို့ လယ်ရိတ်တုန်း ခြံထဲမှာ က အမေ နဲ့ သမီးကြီးပဲ ရှိတယ်မို့လား မလုပ်တတ် မကိုင်တတ်နဲ့ ဒုက္ခတွေ ရောက်နေ မစိုးလို့ပါ ..”

YOU ARE READING
စပါး နဲ့ နွား နဲ့ အညာသား(Completed)
Romance"လမင်း ကြီးကို မြင်တယ်လေ ဟယ်.." "လမင်းကြီးက မလှဘူးလား .." "လမင်းကြီးပါဆို လှတာပေါ့တော် ၊ ၀င်း၀င်းပပကလေးနဲ့ သူ့ကြည့်ရင် မျက်စိကလေးကိုအေးလို့ .." "အေး .. နင် နဲ့တူတယ် .." မြကျော် စကားကြားတော့ ထားထားဦးငြိမ်သက်သွားပြီရင်ထဲ မပြောပြတတ်သော ကြည်နူးမူ့ကလေးတွ...