စပါး နဲ့ နွား နဲ့ အညာသား
(၃၃)
နှစ်ကိုယ်တူကြင်စုံလို့
အဖော်ရယ်ဖြစ်တော့
အသိုက်ကလေးအတူဆောက်
ဥကလေးတွေ အမ ၀မ်းထဲရောက်
မိန်းမဖြစ်ရ လူ့ဘ၀ မိခင် ဖြစ်တာ
ပျော်စရာပေါ့..
ကြင်ဖော် ကြင်ဖက် ခင်ပွန်းက
သိတတ် လိမ်မာ ကိုယ်ချင်းစာ
မိဘမေတ္တာ ၊လင့်၀တ်တရား
သူ မမေ့လေတော့
ကောင်းတာပေါ့..
********************
“ဒီနှစ်တော့ ကိုယ်လေး လက်၀န်ကြီးနဲ့မို့ ကျုပ်မှာ တောသွားချင်လည်း မလွယ်။ဈေး၀ယ်ချင်လည်း မလွယ်နဲ့။
ကိုမြကျော် ပင်ပန်းတာပဲ..”
“ဘယ်ကလာဗျာ..ပင်ပန်းရမလဲ ။ အားတွေကို ပြည့်နေတာ။
ကျုပ်မိန်းမ ဗိုက်ထဲမှာ ကျုပ်ကို အဖေ လို့ ခေါ်မယ့် ကလေးလေးရှိနေတာ တွေးကြည့်တိုင်း စိတ်ချမ်းသာလွန်းလို့..”
သူပြောစကားကြားသည်နှင့် ကျုပ် နားထဲ ပျားသကာလို ချိုပင်မယ့် မိန်းမကြမ်းကြီး အသွင်ဖြင့် မူနွဲ့မိသည်။
“ပိုပြန်ပြီတော်..”
“ဘယ်ပိုရမလဲ ကျုပ်က တစ်ကယ် ပြောတတ်တာ မထား သိသားနဲ့..”
“တော်ပဲ စကားတတ်..”
“စကားဆိုတာ ခံစားပြောရတာ မထား ရ။ ခံစားပြီ ပြောလိုက်ရင်စကားတွေက သူ့အလိုလို ထွက်လာတာပဲ..”
“အလိုတော် မင်းသား လုပ်ဖို့ ကောင်းတယ်..”
“မင်းသားတော့ မလုပ်ပါရစေနဲ့ မထားရာ … ဒီဘ၀တော့ကျုပ်က မထား ယောကျာ်း ဖြစ်ရတာနဲ့ ကျေနပ်နိုင်ပါတယ်..”
သူပျော်ရင် ဒီလို စကားသံတွေ လိူင်းနေအောင် ညအိပ်ရာ၀င်တိုင်း
ကြားရပါ့။
အခုတလောဆို သူပိုပျော်နေသည်ထင်ပါ့။
ကျုပ်ဗိုက်ကလေး ပူလာကတည်းက သူကျုပ်ကိုကြည့်ကြည့်ပြီအမြဲပြုံး။
အမြဲစ။
ပန်းတွေလည်း ခူးလာပေး။ ၀ယ်လာပေး နဲ့။
ဒီနေ့ဆို သရဖီပန်းတွေ လက်ဖက်ရည်သောက်ပန်းကန် သုံးလုံးစာသူ၀ယ်လာပေးတော့ ဘုရားလည်းကပ် အိမ်က မိန်းကလေးတွေလည်းမျှပန်လိုက်ကြတာ မွှေးနေတာပဲ။
YOU ARE READING
စပါး နဲ့ နွား နဲ့ အညာသား(Completed)
Любовные романы"လမင်း ကြီးကို မြင်တယ်လေ ဟယ်.." "လမင်းကြီးက မလှဘူးလား .." "လမင်းကြီးပါဆို လှတာပေါ့တော် ၊ ၀င်း၀င်းပပကလေးနဲ့ သူ့ကြည့်ရင် မျက်စိကလေးကိုအေးလို့ .." "အေး .. နင် နဲ့တူတယ် .." မြကျော် စကားကြားတော့ ထားထားဦးငြိမ်သက်သွားပြီရင်ထဲ မပြောပြတတ်သော ကြည်နူးမူ့ကလေးတွ...
