စပါး နဲ့ နွား နဲ့ အညာသား
~~~~~~~~~~~~~
(၁၆)ကိုစံထွန်း သူကြီး အိမ်ရှေ့မှာ သူကြီး အော်ခေါ်တော့ သူကြီးက တော်တော်နှင့်အရေးမလုပ်။
ဘာတွေအလုပ်ရူပ်နေသလဲ မသိ။
အိမ်ထဲကနေ တော်တော်နဲ့ ထွက်မလာ။
ကိုစံထွန်းက စိတ်တိုတို ဖြင့်ဆောင့်အော် ခေါ်သည်။“ဗျို့ ..သူကြီး င သောင်း.. သူကြီး ငတ် သောင်း..”
အော်ခေါ်နေတာ သုံးလေးခွန်းထိ အသံပြန်မပေး။
ဒါမျိုးတော့ စံထွန်း လာမချိုးနဲ့။
စံထွန်းဆိုတာ ရွာထဲမှာ နာမည်ကြီး။ဂျစ်ကန်ကန်နဲ့ တစ်ဇောက်ထိုး လုပ်တဲ့နေရာမှာ တော်တော် နာမည်ကြီးတာကို ပြောပါသည်။
ဒါ့ကြောင့် သူကြီးအိမ် ရှေ့တည့်တည့်မှာ စက်ဘီးနဲ့မက်တပ်ရပ်နေရာကနေ
အားမရ သူ့အိမ်၀န်းထရံကို ပါလာတဲ့ ဝါးရင်းတုတ်ဖြင့် ထုသည်။
ထုရင်
“သူခိုး … သူခိုး… သူခိုး …သူခိုး …”ဇွတ်အော်တော့ သူကြီးက ပျာယီပျာယာ ထွက်လာသည်။
ဘေးအိမ်က လူတွေလည်း ဓာတ်မီး လေးတွေနှင့် ထလာကြသည်။
ဒါ့အပြင်သူကြီးအိမ်က ခွေးကလည်း အခုမှထဟောင်သည်။
ကဲ ကြည့် သူကြီး ဆိုသည်မှာလည်း သူခိုး ဆိုခါမှ ထွက်လာသည်။
ထွက်လာပြီသည်နှင့်
“ဟေ့ … ဘယ်ကောင်လဲ ကွ … သူခိုး လို့လာအော်နေတာ ..”
“ကျုပ် စံမြ သား စံထွန်း ၊ သူခိုး ဖမ်းမိထားတယ်လို့ လာပြောတာ..”
“ဖမ်းမိထားရင် ငါ့အိမ်တစ်ခါတည်း ခေါ်လာခဲ့ပါ့ လားကွ ..”
“ကျုပ်က သူကြီး မှ မဟုတ်တာ ပြီတော့ ခင်များအိမ်ကို မနက်က နွားနို့နဲ့ ဒိန်ခဲ လာပေးထားတဲ့ ထားထားဦးက မှာလိုက်တယ်။
ရွာထိပ်က သူတို့အိမ်မှာ သူခိုးဖမ်းထားတယ်တဲ့…”
ထားထားဦး နာမည်ကြားတော့ သူကြီး မနေသာတော့။
သူ့လူအပေါင်းအပါ သုံးလေးငါးယောက်ခေါ် လိုက်လာသည်။
စိတ်ထဲကနေလည်း
![](https://img.wattpad.com/cover/360990273-288-k808754.jpg)
YOU ARE READING
စပါး နဲ့ နွား နဲ့ အညာသား(Completed)
Romance"လမင်း ကြီးကို မြင်တယ်လေ ဟယ်.." "လမင်းကြီးက မလှဘူးလား .." "လမင်းကြီးပါဆို လှတာပေါ့တော် ၊ ၀င်း၀င်းပပကလေးနဲ့ သူ့ကြည့်ရင် မျက်စိကလေးကိုအေးလို့ .." "အေး .. နင် နဲ့တူတယ် .." မြကျော် စကားကြားတော့ ထားထားဦးငြိမ်သက်သွားပြီရင်ထဲ မပြောပြတတ်သော ကြည်နူးမူ့ကလေးတွ...