Rick-23

2.1K 129 2
                                    

စပါး နဲ့ နွား နဲ့ အညာသား
~~~~~~~~~~~~~
         (၂၃)

“နင့် လွမ်းလို့ ငိုတာနေမှာပေါ့တော် .. သွား ချော့ ချည်း ..”

ပြောပြီ လယ်စပ်နားထသွားသည့် ထားထားဦးနောက် မြကျော် ကောက်ခါငင်ခါ လိုက်သွားသည်။

မြကျော် သူမအနား ရောက်တော့ ထားထားဦးက လယ်စပ်နား မြောင်းကလေးထဲကနေ လက်ခုပ်ကလေးဖြင့် ခပ် မျက်နှာသစ်
နေသည်။

ပြီးလျှင် ဘယ်အချိန်ကတည်းက ကောက်ထည့်လာမှန်းမသိတဲ့ သူမလက်ဖဝါးထဲက ပြာမူန့်နဲ့  ဆားခဲဖြင့် သွားပွတ်နေသည်။

မြကျော်လည်း သူမဘေးနားထိုင် ရေမြောင်းထဲကနေ လက်ခုပ်ဖြင့်ရေခပ် သူမလက်ဖဝါးထဲက ပြာမူန့် နဲ့ ဆားခဲယူ သွားပွတ်လိုက်သည်။

နှစ်ယောက်သား စကားမပြောသေးဘဲ သွားပွတ်ရင် မျက်နှာသစ်နေစဉ် ရေမြောင်းကလေးထဲ ငါးပွက်သံကြားလိုက်ရ၏။

ငါးပွက်သံကြား၍ နှစ်ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်
လယ်စပ်နားက မြောင်းထဲ ပြိုင်တူ ငုံ့ကြည့်ကြသည်။

ငုံ့ကြည့်ရင် ပြိုင်တူ အော်မိသည်က

“ဟာ ငါးရံ့ တွေ “ ဟဲ့ ..ငါးရံ့ တွေ ..”

မကြာခင် လယ်ရိတ် တော့မည့်မို့ ဆည်ရေဖြတ်ထား၍ မြောင်းထဲရှိ လက်ကျန် ရေကြည်ကလေးထဲ ငါးရံ့၊ ငါးခူ၊ ငါးမွှေနီ တို့ ကူးခတ်နေကြသည်။

နှစ်ယောက်သား ငါးတွေ မြင်သည်နှင့် ပုဆိုး ၊လုံချည် ခပ်တိုတို ပြင်၀တ်
ရေမြောင်းထဲဆင်း ငါးနိူက်ဖို့ ပြင်ကြသည်။

ငယ်ငယ်ကတည်းက ဒီလိုချိန် အလုပ်မရှိရင် လယ်တောလာရင်းငါးဖမ်းနေကျ။

ပြီလျှင် လု ဖမ်းနေကျ။

အခုလည်း ငါးမြင်သည်နှင့် ငါးနိူက်ဖို့ နှစ်ယောက်သား ပုဆိုး လုံချည် အသစ် ၀တ်ထားသည်ကိုပင် မေ့ နေသည်။

အားရပါးရ ဖမ်းဖို့ ပြင် နေ၏။
အစပထမ ခပ်လှမ်းလှမ်းကနေ လှမ်းကြည့်နေသည့် ကိုစံထွန်းက

“တယ် ခက်တဲ့ နှစ်ယောက် ၊မမယ်တာကလေးနဲ့ ရန်ဖြစ်တော့
မယ်ထင်တယ် ..”

စပါး နဲ့ နွား နဲ့ အညာသား(Completed)Where stories live. Discover now